တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရန်ကုန်/စစ်ကိုင်း) မှ ပထနှစ်သင်တန်းများ

 

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးထားသူများအနေဖြင့် ပြည်ထောင်စုတိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တွင် ဖွင့်လှစ်မည့် ပညာရေးဘွဲ့ (၅) နှစ် သင်တန်းကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရပါသည်။ 

 

ထို့အပြင် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်နှင့် စစ်ကိုင်း) တို့၏ ပထမနှစ်သင်တန်းများကိုလည်း စတင်လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ လျှောက်ထားနိုင်သည့် ဘွဲ့သင်တန်းများမှာ စစ်ကိုင်းတွင် - 

  • ဝိဇ္ဇာဘာသာတွဲ

        မြန်မာစာ
        ပထဝီဝင်
        သမိုင်း

  •     သိပ္ပံဘာသာတွဲ

        ဓာတုဗေဒ
        ရူပဗေဒ
        သင်္ချာ

  •     အင်ဂျင်နီယာဘာသာတွဲ

        မြို့ပြ အင်ဂျင်နီယာ
        အီလက်ထရောနစ်အင်/ယာ
        လျှပ်စစ်စွမ်းအားအင်/ယာ
        စက်မှုအင်ဂျင်နီယာတို့ဖြစ်ပြီး

 

ရန်ကုန်တွင် -

  •  ဝိဇ္ဇာဘာသာတွဲ

        မြန်မာစာ
        အင်္ဂလိပ်စာ
        ပထဝီဝင်
        သမိုင်း
        စီးပွားရေးပညာ
        မနုဿဗေဒ
        စိတ်ပညာ
   

  • သိပ္ပံဘာသာတွဲ

        မြန်မာစာ
        အင်္ဂလိပ်စာ
        သင်္ချာ
        ဓာတုဗေဒ
        ရူပဗေဒ
   

  • အင်ဂျင်နီယာဘာသာတွဲ

        မြို့ပြအင်ဂျင်နီယာ
        အီလက်ထရောနစ်အင်/ယာ
        လျှပ်စစ်စွမ်းအားအင်/ယာ
        စက်မှုစွမ်းအားအင်/ယာ

 

သင်တန်းအားလုံးတွင် ပြည်ထောင်စုစိတ်ဓာတ်ဘာသာရပ်၊ ခေါင်းဆောင်မှု ဘာသာရပ်၊ အဆင့်မြင့်ယဉ်ကျေးမှုဘာသာရပ်၊ ယဉ်ကျေးမှုဘာသာရပ်နှင့် ကွန်ပျူတာသိပ္ပံဘာသာရပ်တို့ကို ပူးတွဲသင်ကြားသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် လျှောက်ထားလိုသူများသည် -

- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ

- အမှတ်စာရင်းမိတ္တူ

- မှတ်ပုံတင်

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်ထောက်ခံစာ

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံစာ 

- ကျန်းမာကြောင်းဆေးထောက်ခံချက်

- covid (19) ၂ ကြိမ် ထိုးပြီးကြောင်းထောက်ခံချက်နှင့်

- မိဘမှတ်ပုံတင်မိတ္တူတို့ကို ယူပြီး (၂၄.၇.၂၀၂၄) မှ (၁၅.၈.၂၀၂၄) ရက်နေ့အထိ၊ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးတွင် သွားရောက်လျှောက်ထားနိုင်ပါသည်။ 

 

ကျောင်းလိပ်စာ 

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စစ်ကိုင်းမြို့မှ (၂၂) မိုင် ကွာဝေးသည့် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းပေါ်ရှိ နတ်ခရိုင်ကျေးရွာ၏ တောင်ဘက် (၄) မိုင်ခန့် ကွာဝေးသော ရွာသစ်ကြီးတွင် တည်ရှိပြီး ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်(စစ်ကိုင်း)သည်လည်း ထိုကျောင်းဝင်းအတွင်းတွင်သာ တည်ရှိသည်။   


ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)သည် ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၁)ရပ်ကွက်၊ မြေကွက်အမှတ်(၃၃၈၃)၊ စစ်တောင်းလမ်း၌ တည်ရှိသည်။

----------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Read 718 times