Sales Hotline : 09448001653       Download App



ပညာသင်ဆု ၁၀၀ ရာခိုင်နှုန်းဖြင့် တက်ရောက်နိုင်မည့် ထိုင်ဝမ်မှ ASUS Scholarship

 

ASUS နှင့် National Taiwan University of Science and Technology (Taiwan Tech) တို့မှ နိုင်ငံတကာမှကျောင်းသားများအတွက် ထိုင်ဝမ်မှ ပညာရေးကို လေ့လာလိုက်စားရန်နှင့် အနာဂတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများအတွက် ပညာတော်သင် ထောက်ပံ့ကြး အပြည့်အဝပေးအပ်တဲ့  အစီအစဥ်သစ် တစ်ခုကို စတင်ကြေညာလိုက်ပါတယ်။ 

အဲဒီပညာသင်ဆုကတော့တစ်ကမ္ဘာလုံးက ကျောင်းသားတွေကို ပေးအပ်တာဖြစ်ပြီး အီလက်ထရောနစ်၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ စီမံခန့်ခွဲမှုပညာရပ်နှင့် ဒီဇိုင်းပညာရပ်များမှာ ဘွဲ့ရပြီးသားသူတွေအတွက် ဘွဲ့လွန်တက်ရောက်ဖို့ရာ  ရည်ရွယ်ပါတယ်။ 

ASUS ပညာသင်ဆုရရှိသူများအနေဖြင့် ကျောင်းတက်ရောက်နေစဥ်  ၂  နှစ်ကာလအတွင်း  ငွေကြေးအထောက်အပံ့၊ အလုပ်သင်ပရိုဂရမ်များ ဝင်ရောက်နိုင်ရန် အခွင့်အရေးများနဲ့အတူ ASUS မှပေးအပ်တဲ့ အလုပ်အကိုင်နှင့် ပတ်သက်တဲ့ ဆက်စပ် သင်တန်းများကို တက်ရောက်ခွင့်ရရှိမှာပါ။

 

အရည်အချင်းသတ်မှတ်ချက်များ

 

  • ဘွဲ့ရရှိပြီး ပြည်ပမှာကျောင်းတက်ရောက်ခဲ့တဲ့ တရုတ်ကျောင်းသားများ၊ ဟောင်ကောင် နဲ့ မကာအိုမှ ကျောင်းသားများ အပါအဝင် နိုင်ငံတကာမှ ကျောင်းသားများ အနေဖြင့် ထိုင်ဝမ်နည်းပညာဘွဲ့လွန်ပရိုဂရမ်ကို အချိန်ပြည့်ကျောင်းသားအဖြစ် လျှောက်ထားနိုင်ပါတယ်။

  • လျှောက်ထားနိုင်တဲ့ ဘွဲ့တွေကတော့ လျှပ်စစ်အင်ဂျင်နီယာဘွဲ့၊ ကွန်ပြူတာသိပ္ပံဘွဲ့၊ စီမံခန့်ခွဲမှုဘွဲ့၊ ဒီဇိုင်း သို့မဟုတ် အနီးကပ်ဆက်စပ် နယ်ပယ်များတွင် ရရှိထားသော ဘွဲ့များပဲဖြစ်ပါတယ်။

  • လျှောက်ထားလိုတဲ့ ကျောင်းသားများအနေဖြင့် Application Form ဖြည့်ရာတွင်တွင် မိမိကိုယ်ရေးရာဇဝင်/CV ၊ နိုတြီပြန်ထားတဲ့ ဘွဲ့လတ်မှတ်၊ ပညာရေးမှတ်တမ်း၊ recommendation Letter တစ်စောင်၊ အင်္ဂလိပ်စာအရည်အချင်းစစ်မှတ်တမ်း (IELTS,TOEFL,...) စသည်တို့ကိုပါ တစ်ပါတည်း ပူးတွဲတင်ပြရမှာပါ။

 

ကန့်သတ်ချက်များ

 

  • ထိုင်ဝမ်နည်းပညာတက္ကသိုလ် (သို့မဟုတ်) ထိုင်ဝမ်အစိုးရဆီမှ ငွေကြေးထောက်ပံ့မှုဆိုင်ရာ အကူအညီရရှိပြီးသူများ အနေနဲ့ကတော့ ဒီဘွဲ့လွန်ပညာသင်ဆုကို လျှောက်ထားလို့မရပါဘူး

  • ထိုင်ဝမ်နည်းပညာတက္ကသိုလ် (သို့မဟုတ်) အခြားတစ်ခုခုမှာ လောလောဆယ် ကျောင်းတက်ရောက်နေသူများနဲ့ ထိုင်ဝမ်မှာ အချိန်ပြည့်လခစား အလုပ်လုပ်ကိုင်နေသူများ လျှောက်ထားလို့မရပါဘူး


‌ရွေးချယ်ပေးအပ်မည့်ဦးရေ ပမာဏ

   

  • လျှပ်စစ်အင်ဂျင်နီယာဘွဲ့၊ ကွန်ပြူတာသိပ္ပံဘွဲ့၊ စီမံခန့်ခွဲမှုဘွဲ့၊ ဒီဇိုင်း သို့မဟုတ် အနီးကပ်ဆက်စပ် နယ်ပယ်များတွင် ဘွဲ့ရရှိထားသူများ အားလုံးအတွက် ပညာတော်သင်ဆုကို စုစုပေါင်း (၂၆) ယောက်အားပေးအပ်သွားမှာပါ။



ရရှိနိုင်မည့် အကျိုးကျေးဇူး နှင့် အခွင့်အရေးများ

 

  • ဘွဲ့လွန်တက်ရောက်မယ့် ၂ နှစ်လုံးအတွက် ကျူရှင်လခ ၁၀၀ ရာခိုင်နှုန်း ပေးအပ်ခြင်း

  • Taiwan ကိုလာဖို့အတွက် လေယာဉ်လက်မှတ်ဖိုး Taiwan Dollar NTD 60,000

  • ပညာသင်ဆု တက်ရောက်စဥ် ၂ နှစ်အတွင်း နေထိုင်စားသောက်စရိတ် တစ်လကို Taiwan Dollar NTD 12,000

  • တရုတ်ဘာသာစကားသင်ယူဖို့ သင်တန်းတက်ရောက်ရန် ကျောင်းသားတစ်ယောက်ချင်းစီအတွက် Taiwan Dollar NTD 20,000

  • အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်လို့ရမယ့် အခွင့်အလမ်း

  • ဘွဲ့လွန်တက်ရောက်အောင်မြင်ပြီးပါကလည်း ASUS မှာ၂ နှစ်တာ အလုပ်ဝင်ရောက်လို့ရမည့် အခွင့်အလမ်းများ 

          စသည်တို့ကို ရရှိမှာပါ။

ကျောင်းသားများအနေဖြင့် လျှောက်လွှာ နှင့်အတူ ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများကို အပြည့်အစုံ တင်ပြရန် လိုအပ်ပြီး ကျောင်းတက်ရောက်ထားတဲ့ ကျောင်းခေါ်ချိန် ၈၀ ရာခိုင်နှုန်းပြည့်မှီသော အထောက်အထားများ တင်ပြရန်တော့ လိုအပ်ပါတယ်။

 

လျှောက်လွှာကာလ နှင့် လျှောက်ထားပုံအဆင့်ဆင့်

 

  • ကျောင်းသားများအနေဖြင့် Taiwan tech ရဲ့ Application Portal မှတစ်ဆင့် လျှောက်ထားရပါမယ် ။

  • အောက်ဖော်ပြပါ Link မှတစ်ဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

           

           >>> https://forms.gle/pVGygfemHLm8jLJw6

 

  • လျှောက်လွှာဖောင်ဖြည့်ရပါမယ်။ လျှောက်လွှာဖောင် နှင့်အတူ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ပူးတွဲတင်ပြရမယ့် အထောက်အထားတွေဖြစ်တဲ့ ကိုယ်ရေးရာဇဝင်/CV ၊ နိုတြီပြန်ထားသော ဘွဲ့လတ်မှတ်၊ ပညာရေးမှတ်တမ်း၊ recommendation Letter တစ်စောင်၊ အင်္ဂလိပ်စာအရည်အချင်းစစ်မှတ်တမ်း (IELTS,TOEFL,...) စသည်တို့ကိုပါ တစ်ပါတည်း ပူးတွဲတင်ပြရပါမယ်။

  • Application Deadline ကတော့ ဩဂုတ်လ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၁၆ ရက်နေ့ထိုင်ဝမ်စံတော်ချိန် ညနေ ၅ နာရီအထိပဲဖြစ်ပါတယ်။ 

  • လျှောက်လွှာပိတ်ရက် ကုန်ဆုံးပြီး နောက်ပိုင်းတွင်  ထိုင်ဝမ်နည်းပညာတက္ကသိုလ်မှ ပေးပို့လျှောက်ထားလာသောလျှောက်လွှာများကိုအချက်အလက်နှင့်အထောက်အထားများ ပြီးပြည့်စုံမှုအားစစ်ဆေးပြီး အရည်အချင်းပြည့်မှီသော လျှောက်ထားသူများ၏ လျှောက်လွှာများကို ASUS နှင့် သက်ဆိုင်ရာ Taiwan နည်းပညာတက္ကသိုလ်၏ ဌာနများသို့ ပေးပို့မှာဖြစ်ပြီး ပညာသင်ဆုပေးအပ်ခြင်းနှင့် ဝင်ခွင့်လက်ခံခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်မှာပါ။

  • ထို့နောက်တွင်မူ ပညာသင်ဆု ရွေးချယ်ခြင်းခံရတဲ့ ၂၆ ဦးကို ASUS မှ အောက်တိုဘာလ၊ ၂၀၂၂ ခုနှစ်တွင် ပြန်လည် အကြောင်းကြားမှာဖြစ်ပါတယ်။

  • ရွေးချယ်ခံရပြီးရင်တော့ ထိုင်ဝမ်နည်းပညာတက္ကသိုလ်ရဲ့ Spring Semester 2023 ခုနှစ်အတွက် ဆက်ပြီး လျှောက်ထားရပါမယ်။

 

          လျှောက်ထားပုံနှင့် ရွေးချယ်ပုံအဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။



ASUS ဆိုတာဘာလဲ

ASUS ဆိုတာကတော့ ဆန်းသစ်တီထွင်မှု အကောင်းဆုံး နဲ့ အလိုအလျောက်သိမြင်နိုင်တဲ့စက်ပစ္စည်း နည်းပညာများ၊ အစိတ်အပိုင်းများ နှင့် ဖြေရှင်းချက်များကို တီထွင်ဖော်ဆောင်ပံ့ပိုးပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ၄င်းရဲ့ ကျွမ်းကျင်ပညာရှင်များ ၅၀၀၀ ကျော်ပါဝင်တဲ့ အဖွဲ့မှာ မနက်ဖြန်အတွက် ယနေ့ခေတ်နည်းပညာများကို စဥ်ဆက်မပြတ် ဖန်တီးနိုင်ခြင်းအတွက် ကမ္ဘာမှာလူသိများပြီး အရည်အသွေး ၊ ဆန်းသစ်တီထွင်မှု နှင့် ဒီဇိုင်းပညာများအတွက် ဆုပေါင်း ၁၁ ဆုထက်မနည်းရယူနိုင်ခဲ့သည့်အပြင် “Fortune’s World’s Most Admired Companies” များထဲတွင်လည်း တန်းဝင်သတ်မှတ်ခြင်းခံထားရပါတယ်။

ASUS အကြောင်းကို ထပ်မံသိရှိလိုရင်တော့  >>> asus.com/about-asus/   တွင်ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

ယခု Scholarship အကြောင်းကို အပြည့်အစုံသိရှိလိုရင်တော့ https://bit.ly/3ApUFJy မှာ ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါတယ်။

ယခု Scholarship ကိုပေးအပ်မယ့် National Taiwan University ရဲ့official website , Emailလိပ်စာ နှင့် ဖုန်းနံပါတ်များကတော့အောက်ပါအတိုင်းဖြစ်ပါတယ် >>>

Website : https://bit.ly/3RbLjrE

Email : [email protected]

Tel : 886-2-2730-3638

Fax : 886-2-2730-1283

လျှောက်ထားရမယ့် သတ်မှတ်ရက် Deadline လည်း နီးနေပြီမို့ သတ်မှတ်အရည်အချင်းပြည့်မှီတဲ့ ကျောင်းသား/ကျောင်းသူများတွေအနေနဲ့ အခွင့်အရေးကို လက်လွှတ်မခံရအောင် အမြန်ဆုံးလေး လျှောက်ထားလိုက်တော့နော်……

International Read 1016 times