မြန်မာနိုင်ငံသားတိုင်း စရိတ်ငြိမ်း လျှောက်ထားနိုင်တဲ့ ရုပ်ရှင်ရိုက်ကူးရေးသင်တန်း

ရုပ်ရှင်ရိုက်ကူးရေးကို စိတ်ဝင်စားပြီး နိုင်ငံတကာအတွေ့အကြုံကို ရယူလိုသူတွေအတွက် Busan Film Commission နဲ့ Asian Film Commissions Network (AFCNet) တို့ ပူးပေါင်းစီစဉ်ပြီး ASEAN-ROK Cooperation က ထောက်ပံ့ပေးတဲ့ Short-term filmmaking workshop အကြောင်းကို မျှဝေပေးသွားပါမယ်။

အာဆီယံနိုင်ငံတွေနဲ့ ကိုရီးယားနိုင်ငံမှ ရုပ်ရှင်မျိုးဆက်သစ်လူငယ်တွေအတွက် ဇာတ်လမ်းတို၊ မှတ်တမ်းရုပ်ရှင်ရိုက်ကူးရေးသင်တန်းနဲ့ အလုပ်ရုံဆွေးနွေးပွဲ (ASEAN-ROK Film Leaders Incubator: FLY2025) ကို ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ကျင်းပသွားမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတိုင်း ပါဝင်လျှောက်ထားနိုင်ပါတယ်။

သင်ကြားရမယ့် အစီအစဉ်များ  

  • 9 Week Online Pre-production
  • Intensive Filmmaking Workshop and Exercise
  • Screenings with Instructors, followed by Q&A Session
  • Small-Group Mentoring Session
  • Production of Short Films

သင်တန်းကာလ

  • Online Pre-production: June 30 – August 31, 2025
  • FLY2025 Project Period: September 4 - 19, 2025

သတ်မှတ်အရည်အချင်းများ

  • မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
  • ၂၀၀၁ ကနေ ၂၀၀၆ ခုနှစ်အတွင်း မွေးဖွားသူဖြစ်ရပါမယ်။
  • ဇာတ်လမ်းတို (သို့) မှတ်တမ်းရုပ်ရှင် (သို့) ဗီဒီယို အနည်းဆုံး (၂) ပုဒ် ရိုက်ထားဖူးတဲ့ အတွေ့အကြုံ ရှိရပါမယ်။
  • အင်္ဂလိပ်စကားပြောကျွမ်းကျင်ရပါမယ်။
  • ပြည်ပထွက်နိုင်သူဖြစ်ရပါမယ်။
  • Busan International Film Festival-Asian Film Academy (BAFA) က အစီအစဉ်တစ်ခုခုမှာ ပါဝင်ဖူးသူ မဖြစ်ရ။

ထောက်ပံ့ကြေးများ

  • Airfare
  • Accommodation
  • Meals
  • Education courses

လိုအပ်တဲ့ စာရွက်စာတမ်းများ

  • Application Form
  • Cover Letter
  • Recommendation Letter
  • Self-introduction Video (၁ မိနစ်)

Cover Letter နဲ့ မိတ်ဆက် Video မှာ လျှောက်ထားသူရဲ့ စိတ်အားထက်သန်မှု၊ ရုပ်ရှင်နယ်ပယ်အတွက် အနာဂတ်အစီအစဉ်တွေကို ဖော်ပြပေးရပါမယ်။

လျှောက်ထားရမယ့်ပုံစံ

လျှောက်လွှာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲ၊ အမှတ် (၂၈)၊ ကုက္ကိုင်းရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရယူလျှောက်ထားနိုင်သည်။

လျှောက်လွှာများကို ပြည့်စုံစွာ ဖြည့်စွက်ပြီး လိုအပ်သည့် အချက်အလက် (၆) စုံနှင့်အတူ ရိုက်ကူးထားသည့် ပရောဂျက်ဗီဒီယိုဖိုင် (၂) ခုကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲကို ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့ နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပြီး အရည်အချင်းပြည့်မီသူများကို လူတွေ့စစ်ဆေးမည်ဖြစ်သည်။

အသေးစိတ်သိလိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြင့်တင်ရေးဌာနခွဲ (ရန်ကုန်)၊ ဖုန်းအမှတ် ၀၁-၇၅၃၇၉၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ASEAN-ROK Film Leaders Incubator: FLY2025 >> http://www.filmleadersincubator.asia/

===========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Latest Post Local Read 21764 times