လှိုင်တက္ကသိုလ်ဝင်းထဲရှိ Advanced ICT Engineering သင်တန်းများ စတင်လျှောက်ထားနိုင်

 

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ သုတေသနဌာနရှိIndia-Myanmar Centre for Enhancement of IT Skills (IMCEITS) သင်တန်းဌာန၏ သင်တန်းအမှတ်စဥ် - ၂၅ နှင့် Information & Communication Technology Training Institute (ICTTI) သင်တန်းဌာနတို့မှ Advanced ICT Engineering သင်တန်းများကို ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းလျှောက်လွှာများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်ပြီး သင်တန်းရေးရာဌာန၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ပါရမီလမ်းမကြီး၊ လှိုင်တက္ကသိုလ်ဝင်း၊ ရန်ကုန်မြို့သို့ ဆက်သွယ်ဝယ်ယူနိုင်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမည်ဖြစ်သည်။

 

ဖွင့်လှစ်ပို့ချမည့် သင်တန်းများမှာ အောက်ပါအတိုင်းဖြစ်ကြသည်_


 

စဥ်

သင်တန်း

သင်တန်းကာလ 

သင်တန်းသားဦးရေ 

သင်တန်းကြေး

၁။

Professional Certificate Course in Web Development (HTML,CSS,Java Script)

၂၀၂၃မတ်လ၉ရက်နေ့မှဧပြီလ၆ရက်နေ့အထိ (၄ ပတ်)

၁၀ ဦး

(ပြင်ပ)

၂၀ဦး (ဝန်ထမ်း)

၁၀၀,၀၀၀ကျပ်

၂။ 

Professional Certificate Course in Web Development 

(HTML,CSS,Java Script)

၂၀၂၃မေလ ၃ရက်နေ့မှ 

မေလ ၃၁ရက်နေ့အထိ

(၄)ပတ်

၁၀ ဦး

(ပြင်ပ)

၂၀ဦး (ဝန်ထမ်း)

၁၀၀,၀၀၀ကျပ်

၃။ 

Professional Diploma in Java Programming Course (DJP)

၂၀၂၃ဧပြီလ၂၄ရက်နေ့

မှအောက်တိုဘာလ၆ရက်နေ့အထိ (၂၄)ပတ်

၁၀ ဦး

(ပြင်ပ)

၂၀ဦး (ဝန်ထမ်း)

၃၀၀,၀၀၀ကျပ်

၄။ 

Oracle Database 11g Course

(SQL,PL/SQL & DBA)

၂၀၂၃ မတ်လ၉ရက်နေ့

မှ မတ်လ၃၀ရက်နေ့

အထိ (၃) ပတ်

၈ ဦး (ပြင်ပ)

၁၂ဦး (ဝန်ထမ်း)

၁၀၀,၀၀၀ကျပ်

၅။ 

Oracle Database 11g Course

(SQL,PL/SQL & DBA)

၂၀၂၃ ဇွန်လ ၁၂ရက်နေ့

မှ ဇွန်လ၃၀ရက်နေ့

အထိ (၃) ပတ်

၈ ဦး (ပြင်ပ)

၁၂ဦး (ဝန်ထမ်း)

၁၀၀,၀၀၀ကျပ်

၆။ 

Professional Certificate in

Network Development Course

၂၀၂၃ ဇူလိုင်လ ၁၀

ရက်နေ့မှ စက်တင်ဘာ

၁၅ရက်နေ့အထိ (၁၀)ပတ်

၈ ဦး (ပြင်ပ)

၁၂ဦး (ဝန်ထမ်း)

၁၃၀,၀၀၀ကျပ်

၇။ 

Cisco Networking Academy

(CCNA)

၂၀၂၃ အောက်တိုဘာ

၁၆ရက်နေ့မှဒီဇင်ဘာ

၁၄ရက်နေ့အထိ 

(၈) ပတ်

၅ ဦး (ပြင်ပ)

၇ဦး (ဝန်ထမ်း)

၂၀၀,၀၀၀ကျပ်


 

                                                              Advertisements

                                                              Click Here > SB Plastics

  • သင်တန်းများအားလုံးအနက်အမှတ်စဥ်(၁/၂)သင်တန်းများအတွက် သင်တန်းသားအရည်အချင်း သတ်မှတ်ချက်မှာ အနိမ့်ဆုံးတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

  • အမှတ်စဥ်(၃)သင်တန်းအတွက် ပြင်ပသင်တန်းသားများ အရည်အချင်းသတ်မှတ်ချက်မှာ IT နှင့်ဆက်စပ်သည့် ဘွဲ့တစ်ခုခုရရှိပြီး Java Programming အခြေခံရှိပြီးသူများဖြစ်ရမည်။

  • အမှတ်စဥ် (၄/၅) သင်တန်းများအတွက် ပြည်တွင်း/ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီး Database အခြေခံရှိသူများဖြစ်ရမည်။

  • အမှတ်စဥ် (၆)အတွက် ပြည်တွင်း/ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီး Networking စိတ်ပါဝင်စားသူများဖြစ်ရမည်။

  • အမှတ်စဥ် (၇)အတွက် ပြည်တွင်း/ပြည်ပ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီး Networking အခြေခံရှိသူများဖြစ်ရမည်။ 

 

ဖော်ပြပါသင်တန်းများအားလုံးမှာ အစိုးရရုံးပိတ်ရက်များမှအပ နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀နာရီအထိ အချိန်ပြည့်သင်တန်းများဖြစ်ကြသည်။

 

သင်တန်းတက်ရောက်လိုသူများအနေဖြင့် အောက်ပါသတ်မှတ်ချက်များနှင့်ပြည့်စုံရမည်_

 

  • မိမိနှင့်တစ်ကွ မိဘနှစ်ပါးသည် နိုင်ငံသားများဖြစ်ရမည်။

  • သတ်မှတ်ထားသောဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲများကိုအောင်မြင်စွာဖြေဆိုနိုင်သူဖြစ်ရမည်။ 

  • အခြားဝန်ကြီးဌာနများမှဝန်ထမ်းဖြစ်ပါကမိမိတို့သက်ဆိုင်ရာဌာနအကြီးအကဲ၏ခွင့်ပြုစာပါရှိရမည်။

  • သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှသုံးလထက်မကျော်လွန်သည့်အကျင့်စာရိတ္တကောင်းမွန်ကြောင်း နှင့် ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာများကို သင်တန်းလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်။


 

သင်တန်းလျှောက်ထားသူများ အနေဖြင့် အောက်ဖော်ပြပါ နေ့ရက်တွင် ဝင်ခွင့်စာမေးပွဲများဖြေဆိုကြရမည်_

 

နေ့ရက် - ၂၀၂၃ ဖေဖော်ဝါရီလ ၂၄ ရက် (သောကြာနေ့)

 

အချိန် - နံနက် ၁၀း၀၀ နာရီ

 

နေရာ - သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသုတေသနဌာန၊ ပါရမီလမ်းမကြီး၊ လှိုင်တက္ကသိုလ်ဝင်း၊ ရန်ကုန်မြို့။


အသေးစိတ်အချက်အလက်များကိုဆက်သွယ်စုံစမ်းမေးမြန်းလိုပါက [email protected] , [email protected]သို့အီးမေးလ်ပေးပို့၍သော်လည်းကောင်းဖုန်းနံပါတ်၀၉-၂၅၉၇၉၉၅၆၅၊ ၀၉-၉၇၁၃၄၈၇၈၅ သို့လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

 

Source: 

 

Latest Post Local News Read 719 times