** သက်မွေးပညာရေးအတွက် ဒေါ်လာသန်း(၂၀) ကျော်ထောက်ပံမည့် ADB နှင့် EU

**Unicode**


အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးပြောင်းလဲရေးနှင့် သက်မွေးပညာရေးအတွက် အာရှဖွံဖြိုးရေးဘဏ် (ADB) နှင့် ဥရောသမဂ္ဂ (EU)တို့မှ ကန်ဒေါ်လာ (၂၆) သန်းခန့်ထောက်ပံ့မည်ဖြစ်ပါတယ်။

၎င်းပညာရေးလုပ်ငန်းစဉ်များ အရည်အသွေးမြှင့်တင်၍ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်သည်ဟုသိရပါတယ်။

အသက်မွေးဝမ်းကျောင်း ပညာရေး (TVET) ကဏ္ဍတွင် လူငယ်များ အလုပ်အကိုင်ရရှိရေးမြှင့်တင်ပေးသည့် EYE စီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ပါတယ်။

၎င်းအပြင်အလယ်တန်းအဆင့် ပြီးဆုံးသည့် ကျောင်းသားလူငယ်များအတွက် မျက်မှောက်ခေတ်အလုပ်အကိုင်ဈေးကွက်တွင် မရှိမဖြစ်လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများ ထောက်ပံ့ရန်ကာလတို သက်မွေးပညာသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း တည်ငြိမ်စွာ တိုးတက်ခဲ့သော်လည်း အစိုးရအနေဖြင့် ပညာရေးအရည်အသွေးနှင့် တိုင်းပြည်ရှိ လုပ်သားအင်အားစု၏ အတတ်ပညာ၊ ကျွမ်းကျင်မှုများကို မြှင့်တင်ရန်လိုအပ်သည်ဟု ADB ကိုသုံးသပ်ကြောင်းသိရပါတယ်။

EYE စီမံကိန်းကကာလတို သက်မွေးနည်းပညာသင်တန်းများ ဖွင့်လှစ်ခြင်းအပြင် ဥရောသမဂ္ဂ ထောက်ပံ့ပေးသည့် ငွေကြေးဖြင့် ဆရာ/ဆရာမများ၏ ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးရေး၊ သင်ကြားမှု၊ သင်ယူမှု၊ ပညာရပ်နယ်ပယ်ဆိုင်ရာ ဖွံ့ဖြိုးရေးတို့ကိုပါ လုပ်ဆောင်မည်ဟု ဆိုပါတယ်။

ဥရောပသမဂ္ဂသည်မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ယူရို (၂၁၂) သန်းထောက်ပံ့မည်ဟု ၂၀၁၉ နှစ်လယ်က ပညာရေးဝန်ကြီးဌာနနှင့် သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

ထိုထောက်ပံ့ငွေ ယူရို (၂၁၂) သန်းအနက် သုံးပုံနှစ်ပုံခန့်ကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် သုံးစွဲမည်ဟု ပညာရေးဝန်ကြီးထာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားထားပါတယ်။

နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သက်မွေးပညာရေးသည် အလွန်အရေးပါပြီး ပထမတန်းစားပညာရေး First Class Education ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူငယ်များနှင့် တွေ့ဆုံတိုင်းပြောကြားလေ့ရှိပါတယ်။

ပညာရေးဝန်ကြီးဌာန အချက်အလက်များအရအစိုးရနည်းပညာကောလိပ်နှင့် စက်မှုလက်မှု သိပ္ပံကျောင်းများတွင် ကျောင်းသား/သူ (၁၄၀၀၀) ကျော်တက်ရောက်နေပြီး အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် (၇၀၀၀) ကျော်တက်ရောက်နေပါတယ်။

Read More:>>> ကျိုင်းတုံတက္ကသိုလ်အဝေးသင်သင်တန်း မေဂျာအလိုက်ဝင်ခွင့်ရရှိသူများစာရင်း

၂၀၁၈ အတွင်း ဖွင့်လှစ်သည့် သက်မွေးကာလတို သင်တန်းများသို့ သင်တန်းသား (၁၂၀၀၀) ကျော်တက်ရောက်ခဲ့ကြေ ာင်းသိရပါတယ်။

Credit: 7Day News

**Zawgyi**













Credit: 7Day News

Latest Post News Read 604 times