သင်ဆယ်တန်းဖြေဆိုဖူးရုံဖြင့် လျှပ်စစ်သက်မွေးသင်တန်းကျောင်းတက်နိုင်

သင်ဆယ်တန်းဖြေဆိုဖူးရုံဖြင့် လျှပ်စစ်သက်မွေးသင်တန်းကျောင်းတက်နိုင်

တက္ကသိုလ်ဝင်တန်းစာပေးပွဲတစ်ကြိမ်ဖြေဖူးသည့် ကျောင်းသားများ သက်မွေးပညာရပ်အတွက် အခက်အခဲမရှိစေရန် ဂျပန်အထောက်အပံ့ဖြင့် AGTI ကျောင်းသားဟောင်းများအသင်းက ဖွင့်ထားသည့် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းသို့ တက်ရောက်နိုင်ကြောင်း ဆာကူရာ အသက်မွေးမှု သင်တန်းကျောင်းထံမှ သိရပါတယ်။

 

ပညာရေးဝန်ကြီးဌာန (နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန) နှင့် ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းတို့ ပူးပေါင်းပြီး () လတစ်ကြိမ် (သင်တန်းကာလ () ) ဖွင့်သည် Sakura-Insein Technical Course ကိုတက္ကသိုလ်ဝင်တန်းဖြေဆိုဖူးသည့် ကျောင်းသားများမှစ၍ B.E ဘွဲ့ရကျောင်းသားအထိ တက်ရောက်နိုင်မည်ဖြစ်ပါတယ်။

 

ယင်းသင်တန်းကျောင်းအုပ်ချုပ်ရေးမှူး ဦးသန်းဇော်မြင့်က "ပထမတုန်းက GTI ကျောင်းဆင်းတွေကို ပေါလစ်တင်တယ်ပေါ့။ လက်တွေ့လုပ်ဆောင်နိုင်အောင် ရည်ရွယ်ဖွင့်ပေးလိုက်တာ ဖြစ်တယ်။ ဒါပေမဲ့ နောက်ကျတော့ နိုင်ငံတော်လိုအပ်ချက်အရ ဆယ်တန်းမအောင်တဲ့ကလေးတွေကို အနာဂတ်ပျောက်သွားတယ်။

 

အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးသွားလို့ အဲ့ဒါကို အဓိကထားပြီး သူတို့ဘဝတွေရပ်တည်နိုင်အောင် ဒီကနေ သက်မွေးသင်တန်းကျောင်း လုပ်ပေးတာဖြစ်တယ်" ဟုပြောကြားပါတယ်။

 

Music (84) ဂီတ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (84) ခု ရှာရန်နှိပ်ပါ။

 

သင်တန်းတွေမှာ မီတာဘောက်မှ အိမ်တွင်း၊ စက်ရုံတွင် လျှပ်စစ်မီးသွယ်တန်းခြင်း၊ PLC ပိုင်း၊ မော်တာထိန်းချုပ်မှုသင်ပေးမည့် Commercial Electrical Wiring Course နှင့် မီတာဘောက်အပြင်ဘက် ဓာတ်တိုင်ထူခြင်း၊ ထရန်စဖော်မာထိုင်ခြင်းကို သင်ပေးမည့် Electrical Power Distribution Line Course ဟူ၍ အတန်းနှစ်ခုကို သင်ကြားနိုင်မည်ဖြစ်ပါတယ်။

 

Photography (15) ဓာတ်ပုံပညာ သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

 

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဝင်ခွင့်ဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်အောင်မြင်ပါက သင်တန်းကြေး ပထမအရစ်ကျပ် ()သိန်းပေးသွင်းကာ သင်တန်းကာလ () လအကြာတွင် ကျန်ရှိသည့် သင်တန်းကြေး ဒုတိယအရစ်အနေဖြင့် သင်တန်းကြေးစုစုပေါင်းကျပ် (၁၄) သိန်း ပေးသွင်းရမည်ဖြစ်ပါတယ်။

 

သင်တန်းတွင် သင်ကြားရေးသင်ရိုးကို လက်တွေ့ပိုင်း (၇၀) ရာခိုင်နှုန်း၊ (၃၀) ရာခိုင်နှုန်း သီအိုရီပိုင်းနှင့် On Job Training ပါပေးသွားမည်ဖြစ်ပြီး သင်တန်းကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)၏ လျှပ်စစ်ပိုင်းကျွမ်းကျင်မှုအဆင့် () ကို ဝင်ရောက်ဖြေဆိုနိုင်ရေး ချိတ်ဆက်ထားကြောင်း အဆိုပါသင်တန်းအဖွဲ့ထံမှ သိရပါတယ်။

 

Read More:>>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

“ NSSA နဲ့ချိတ်တယ်ဆိုတာက လျှပ်စစ်နဲ့ပတ်သက်တဲ့ အဆင့် () ပေါ့နော်။ ဖြေနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒီကနေအသိအမှတ်ပြုလက်မှတ်ရမယ်။ NSSA ကနေလက်မှတ်ရမယ်။ နောက် NSSA ကနေ ကျောင်းကိုလက်ခံမယ်။ နောက် Assessment Center ဖွင့်ဖို့ ကြိုးပမ်းနေတယ်။ Transmission and Distribution ကိုစစ်ဆေးနိုင်ဖို့ လုပ်နေတာရှိတယ်"ဟု ဦးသန်းဇော်မြင့်က ပြောကြားပါတယ်။

 

သင်တန်းအတန်းတစ်တန်းလျှင် ကျောင်းသား (၄၀) ဦး လေ့ကျင့်သင်ကြားသဖြင့် လက်ရှိအချိန်အထိ သင်တန်းအောင် မြင်ပြီးသူသင်တန်းသား (၂၅၀) ဦးထိရှိခဲ့ပြီး ၄င်းတို့အထဲမှ (၈၀) ရာခိုင်နှုန်းခန့်မှာ ပြည်တွင်းပြည်ပရှိ လျှပ်စစ်ပိုင်းဆိုင်ရာ ကုမ္ပဏီများတွင် သင်ကြားနေကြပြီး ကျန် (၂၀) ရာခိုင်နှုန်းခန့်မှာ အတန်းပညာ ဆက်လက်သင်ယူနေကြကြောင်းဆိုပါတယ်။

 

Source: The Voice

 

News Read 2521 times