Sales Hotline : 09448001653       Download App



Online Professional English Network (OPEN) အွန်လိုင်းသင်တန်း ကို အမေရိကန်သံရုံးမှ လျှောက်နိုင်

အင်္ဂလိပ်စာသင်ကြားကြတဲ့ ဆရာ၊ ဆရာတွေ ဗဟုသုတနဲ့ သင်ကြားရေးစွမ်းရည်တွေ တိုးချဲ့နိုင်ဖို့အတွက်ပါ။ အမေရိကန်တက္ကသိုလ်တစ်ခုကရေးဆွဲတဲ့ Online Professional English Network (OPEN) အွန်လိုင်းသင်တန်း အစီအစဉ်ကို တက်ရောက်နိုင်ဖို့အတွက် အမေရိကန်သံရုံးကတစ်ဆင့် စာရင်းပေးသွင်းလိုက်ပါ။

၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်မယ့် သီတင်းပတ် (၈) ပတ်ကြာ ဒီသင်တန်းအတွက် လျှောက်လွှာတွေကို ဇန်နဝါရီ (၁၁)ရက်နဲ့ (၁၅) ရက်အကြားမှာ လျှောက်ထားနိုင်ပါပြီ။

သင်တန်းမှာရွေးချယ်တက်ရောက်နိုင်ဖို့အတွက်

  • Medium of Instruction (EMI) သင်ခန်းစာ၊
  • Fostering Student Motivation and Engagement (FSME) သင်ခန်းစာ၊
  • TESOL Methodology သင်ခန်းစာ၊
  • Professional Development for Teacher Trainers သင်ခန်းစာနဲ့
  • Integrating Critical Thinking into the Classroom သင်ခန်းစာတွေပါဝင်ပါတယ်။

သင်တန်းပြီးမြောက်အောင်မြင်သူအားလုံးကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး Certificates နဲ့ digital badge တွေပေးအပ်သွားမှာဖြစ်ပါတယ်။ သိလိုတာတွေမေးမြန်းစုံစမ်းနိုင်ဖို့နဲ့ လျှောက်လွှာတွေရယူဖို့အတွက် [email protected] ဆီကိုအီးမေးပို့ပေးနိုင်ပါတယ်။

English Language Educators - expand your knowledge and enhance your teaching skills.  Apply to take an online course developed by a U.S. university, the Online Professional English Network (OPEN) program, through the U.S. Embassy.  Submit an application between January 11-15 to participate in 8-week-long courses beginning in April 2021. Options for course topics include English as a Medium of Instruction (EMI), Fostering Student Motivation and Engagement (FSME), TESOL Methodology, Professional Development for Teacher Trainers, and Integrating Critical Thinking into the Classroom. Certificates and digital badges are issued by the U.S. Department of State for all those who pass the course. Email [email protected] for more information and to request an application form.

Source : U.S. Embassy Rangoon 

By Myanmar Education Guide (EDGE) 

News Read 1271 times