Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများရှိ လစ်လပ်ရှိသော အစောင့်ရာထူးများ

ပုတ်ပြတ်စနစ်ဖြင့် အစောင့်ရာထူးများခေါ်ယူခြင်းကိစ္စ ထက်လယ်မူကျောင်းအုပ်ကြီးများအားလုံးသည် မိမိတာဝန်ကျသည့်ရပ်ကွက်/ကျေးရွာများမှ အစောင့်ဝန်ထမ်းရာထူးနေရာအား လျှောက်ထားရန် စိတ်ဝင်စားကြသည့် ဘွဲ့ရပုဂ္ဂိုလ်များ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ အနည်းဆုံးရှိရမည့်ပညာအရည်အချင်းအနေဖြင့် အဋ္ဌမတန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း ကျေးရွာမှ တာဝန်ရှိသူများနှင့် ဆက်သွယ် အကြောင်းကြားပေးကြပါရန်။ (အမျိုးသမီးများနှင့်မသင့်လျော်သည့် အတွက် အမျိုးသမီးများလျှောက်ထားခွင့်ရှိမည်မဟုတ်ပါ) 

ဝန်ထမ်း(၁)ဦးအား (၁)လလျှင် ပုတ်ပြတ်လစားနှုန်း(၁၅၀၀၀၀)ကျပ်ဖြင့် ကတိစာချုပ်တွင် ချုပ်ဆိုကာ (၃)လတစ်ကြိမ် စာချုပ်သက်တမ်းတိုးစနစ်ဖြင့် ခန့်အပ်သွားမည်ဖြစ်ပါသည်။

ခန့်အပ်ခံရသူများသည် ပူးတွဲပါ ကျောင်း/ရုံးစောင့်များ၏ တာဝန်ဝတ္တရားများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။

လျှောက်ထားလိုသူများသည် ပူးတွဲပါ လျှောက်လွှာပုံစံအတိုင်းဖြည့်စွက်၍

  • ဘွဲ့ရဖြစ်ပါက (ဘွဲ့လက်မှတ်မိတ္တူ၊ ဆယ်တန်းအောင်လက်မှတ်မိတ္တူ)၊
  • တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ဖြစ်ပါက (တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (သို့)သက်ဆိုင်ရာကျောင်း/ရုံး၏ အောင်မြင်ကြောင်း ထောက်ခံစာ)၊
  • အဋ္ဌမတန်းအောင်မြင်ထားသူဖြစ်ပါက (အဋ္ဌမတန်းအောင်မြင်ကြောင်း အောင်မြင်ခဲ့သည့် ကျောင်းအုပ်ကြီး၏ထောက်ခံစာ) တို့နှင့်အတူ အိမ်ထောင်စုဇယားမိတ္တူ၊ ကာယကံရှင်၏နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပူးတွဲလျက် (၄)စုံစီအား (၁၂-၁-၂၀၂၁)ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထားတင်နိုင်ရန်အတွက် အကြောင်းကြားပေးကြပါရန် 
  •  ရုံးသို့လာရောက်လျှောက်ထားရာတွင် Mask များတပ်ဆင်ပြီးမှသာ လာရောက်ကြရန်
  • လျှောက်လွှာများဖြည့်စွတ်ရာတွင် ဆက်သွယ်ရန်လိပ်စာတွင် ဆက်သွယ်ရန်ဖုန်းနံပါတ်အား မဖြစ်မနေထည့်ပေးရန်
  • လျှောက်လွှာ(၄)စုံပါ ဓာတ်ပုံများသည် တူညီမှုရှိရမည်။ 
  • လျှောက်လွှာပုံစံအား ရုံးမှရောင်းချမည်မဟုတ်ပါ။

By Myanmar Education Guide (EDGE) 

News Read 3639 times