မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာသင်ကြားပေးမည်

မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းနည်းပညာသင်ကြားပေးမည်

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် () မြို့နယ်ရှိ မသန်စွမ်းသူဦးရေ (၁၀၀) အတွက် ၀င်ငွေရရှိမည့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်နိုင်ရန် နည်းပညာများကိုအခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း မသန်စွမ်းအရင်းအမြစ်ဌာန (မန္တလေး)မှ တာဝန်ခံဦးကျော်လင်းသန့်၏ ပြောပြချက်အရသိရပါသည်။

 

မသန်စွမ်းသူတွေအတွက် ၀င်ငွေရရှိပြီး အလုပ်လုပ်နိုင်မယ့် နည်းတွေစဉ်းစားပေးတဲ့အခါမှာ ခုပြုလုပ်ပေးမဲ့လုပ်ငန်းဟာ ပိုလွယ်ပြီး ၀င်ငွေရလွယ်ကူပါတယ်။ အဲ့ဒါကြောင့် မသန်စွမ်းသူတွေအတွက် ဒီနည်းလမ်းတွေကိုရွေးချယ်ပေးပြီး နည်းပညာတွေကိုအခမဲ့ ပေးသွားမှာပါ။

 

ပေးတဲ့အခါမှာလည်း မသန်စွမ်းသူတွေရှိတဲ့နေရာကို သွားရောက်ပေးပါတယ်။ ကုန်ကြမ်းကိုတော့ မန္တလေးဈေးချိုမှာ ၀ယ်ယူပြီးတော့ ပြုလုပ်ပါတယ်။ ခုလိုလုပ်ဆောင်တာဟာလည်း မသန်စွမ်းသူတွေ ၀င်ငွေရဖို့ဖြစ်ပါတယ်။

 

မသန်စွမ်းသူတွေဟာ လခစားလုပ်ငန်းလုပ်မယ်ဆိုရင် ပညာအရည်အချင်းတွေလိုပါတယ်။ အဲ့ဒါကြောင့်အိမ်မှာနေရင်း လုပ်လို့ရမယ့် ဒီလုပ်ငန်းတွေကို ရွေးချယ်ပြုလုပ်တယ်။ ၀င်ငွေရလည်းမြန်ပါတယ်။ ဈေးကွက်ဆိုရင်လည်း ရပ်ကွက်ထဲမှာပဲ ရှာလို့ရပါတယ်။ လက်ရှိဦးရေ (၃၀) ကတော့ ပြန်လည်အသုံးချပြုလုပ်နေပါပြီ။ ခုပြုလုပ်ပေးတာကလည်း အလုပ်လုပ်နိုင်တဲ့ မသန်စွမ်းတွေကို သက်ဆိုင်တဲ့ပညာရပ်အလိုက် နည်းပညာတွေပေးသွားမှာပါ “ ဟု မသန်စွမ်းအရင်းမြစ်ဌာန (မန္တလေး) မှတာဝန်ခံ ဦးကျော်လင်းသန့်ကပြောသည်။

 

ဆပ်ပြာဆီ၊ ဆပ်ပြာခဲ၊ ဖိနပ်ချုပ်လုပ်ငန်း၊ ကြိမ်လုပ်ငန်းနှင့် ဖန်စီလုပ်ငန်းပြုလုပ်သည့် လုပ်ငန်းများကို လာမည့်သြဂုတ်လတွင် အခမဲ့သင်ပေးမည်ဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းမြေ့သာစည်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် စသည့်မြို့နယ်ရှိ မသန်စွမ်းသူများကို ပေးသွားမည်ဖြစ်ကြောင်းကိုလည်း လာမည့်သြဂုတ်လတွင် အခမဲ့သင်ပေးမည်ဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်၊ ချမ်းမြေ့သာစည်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ် စသည့်မြို့နယ်ရှိ မသန်စွမ်းသူများကို ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ၄င်းကဆက်လက်ပြောသည်။

 

Read More>>>> သက်ကြီးရွယ်အိုကျန်းမာရေး စောင့်ရှောက်သူ သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

 

ယခုလက်ရှိအချိန်တွင်လည်း မသန်စွမ်းသူများအတွက် ၀င်ငွေရမြန်သည့် ဆပ်ပြာဆီဖျော်စပ်နည်းပညာများကို ချမ်းမြေ့သာစည်မြို့နယ်နှင့် အမရပူရမြို့နယ်တို့ရှိ မသန်စွမ်းသူများကို အခမဲ့နည်းပညာများသွားရောက်ပေးနေကြောင်း၊ ယင်းတို့အနက် တချို့သူများသည် ဆပ်ပြာဆီလုပ်ငန်းကိုပြန်လည်အသုံးချပြီး ၀င်ငွေများရရှိနေပြီဖြစ်ကြောင်း၊ အဆိုပါ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို ပြုလုပ်နိုင်မည့်မသန်စွမ်းသူများအနေဖြင့် မသန်စွမ်းအရင်းမြစ်ဌာနသို့ ဆက်သွယ်နိုင်ကြောင်းလည်းသိရသည်။

 

အဆိုပါ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် သန်စွမ်းသူများနည်းတူ အခွင့်အလမ်းများရရှိစေရန်အတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်အဖွဲ့များနှင့် ပူးပေါင်း၍ဆောင်ရွက်ပေးနေကြောင်း သိရပါသည်။

 

Source: မြဝတီ

 

News Read 1415 times