ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Digital Marketing ပိုင်းဆိုင်ရာသင်တန်းကို စက်တင်ဘာ (၁၄) ရက်မှာ ဖွင့်လှစ်သွားမည်ဟု သိရပါသည်။
သင်တန်းမှာ Digital Marketing အကြောင်းသိလိုသူများ၊ ဈေးကွက်မဟာဗျူဟာအကြောင်းသိလိုသူများ၊ Japanese style management ပုံစံဖြင့် ဈေးကွက်ချိတ်ဆက်ပုံနည်းလမ်းတွေကို သင်ကြားပေးမှာဖြစ်ပါသည်။
သင်တန်းမှာ workshop တွေ၊ case study တွေပါဝင်လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာပါဝင်မယ့်အကြောင်းအရာတွေက What is Digital Marketing, Market Research, Branding, Persona Marketing, Customer Journey Map, Triple Media Strategy, Earned Media (incl. Influencer Marketing), Owned Media, Paid Media, New 4Cs, Inbound Marketing, Content Marketing, O2O Marketing, KGI/KPI Setting စတာတွေဖြစ်ပါသည်။
သင်တန်းကာလက စက်တင်ဘာ (၁၄) ရက်မှ (၁၅) ရက်အထိ (စနေ၊ တနင်္ဂနွေ) ဖြစ်ပါသည်။
သင်ကြားပေးမယ့်ဆရာက ဦးအောင်ကျော်လင်းဖြစ်ပြီး စုစုပေါင်းနာရီ (၁၂) နာရီသင်ကြားပေးမှာဖြစ်ပါသည်။
သင်တန်းချိန်က နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိဖြစ်ပြီး သင်တန်းကြေးမှာ (၃၅၀၀၀) ကျပ်ဖြစ်ပါသည်။
MCPA အသင်းဝင်ထားသူတွေအနေနဲ့ အသင်းဝင်ထားတဲ့သက်တမ်းအပေါ် မူတည်ပြီးလည်းသင်တန်းကြေး သက်သာခွင့်ရရှိမှာဖြစ်ပါသည်။
သင်တန်းသားဦးရေ (၃၀) လက်ခံပေးမှာဖြစ်ပြီး သင်တန်းနေရာက အဆောင် (၁၄)၊ ဒုတိယထပ်၊ MCPA-YGN Lab၊ MICT Park ဖြစ်ပါသည်။
Read More:>>>>ကျောင်းသားလူငယ်များအတွက် လွယ်ကူရိုးရှင်းသော စာစီစာကုံးရေးသားနည်း
သင်တန်းတက်ရောက်လိုသူတွေအနေနဲ့ စက်တင်ဘာလ (၁၃) ရက်၊ နေ့လည် (၁၂) နာရီနောက်ဆုံးထားပြီး MCPA ရုံးခန်းသို့သွားရောက် စာရင်းပေးသွင်းရမှာဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်းရုံးခန်း၊ ဖုန်း (၀၁-၆၅၂၂၇၆) နဲ့ (၀၉-၅၀၆၇၁၆၈) ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Source: Internet