ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ လျှောက်ထားနိုင်

ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ လျှောက်ထားနိုင်

၂၀၁၈-၂၀၁၉ ခုနှစ်၏ ဒုတိယအပတ်စဉ်အဖြစ် သုံးလသင်တန်းများဖြစ်သည့်

1.စက်ချုပ်သင်တန်း၊

2.တံဆိပ်ရိုက်သင်တန်း၊

3.ဓာတ်ပုံသင်တန်း၊

4.ဆံသသင်တန်းနှင့်

5.ကွန်ပျူတာသင်တန်းများကို စက်တင်ဘာ ၁၀ ရက်၌ စတင်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းများသို့ တက်ရောက်လိုသူများသည် အမှတ် (၆၅) ကျိုက်ဝိုင်းဘုရားလမ်း လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းဝင်း အတွင်း မသန်စွမ်းသက်ကြီးသင်တန်းကျောင်း မရမ်းကုန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ဖုန်း-၀၁-၉၆၆၁၇၁၂၊ ၀၉-၂၅၀၇၉၇၀၂၁၊ ၀၉-၄၂၁၀၀၃၅၆၀ နှင့် ၀၉-၂၅၀၁၃၀၃၄၂ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရသူများသည် သင်တန်း တက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး၊ စားသောက်ရေးများ စီစဉ်ပေးပြီး သင်ထောက်ကူပစ္စည်း၊ လစဉ်ထောက်ပံ့ကြေးနှင့် နယ်မှ လာရောက်သော သင်တန်းသားများအတွက် အိမ်ပြန်ခရီးစရိတ် ပံ့ပိုးပေး မည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source- ကြေးမှုံ

News Read 1516 times