စဉ် |
သင်တန်းကျောင်း |
သင်တန်းအမည် |
လက်ခံမည့် သင်တန်းသားဦးရေ |
၁။ |
ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ |
(က) ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင် (၁) နှစ် သင်တန်း
(ခ) ရိုးရာလွန်းရာကျအချိတ် (၆) လ သင်တန်း
(ဂ) လက်ရက်ကန်း (၆) လ သင်တန်း |
၂၀ ဦး
၅ ဦး
၁၀ ဦး |
၂။ |
ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (စစ်တွေ၊ မုဒုံ၊ တောင်ကြီး၊ မိတ္ထီလာ၊ မုံရွာ၊ ပခုက္ကူ၊ ရွှေတောင်၊ ဖလမ်း၊ မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ ကျောက်မဲ) |
(က) ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ်သင်တန်း |
တစ်ကျောင်းလျှင် (၂၀) ဦးဖြင့် (၂၆၀) ဦး |
၃။ |
|
(ခ) လက်ရက်ကန်း (၆) လ သင်တန်း |
တစ်ကျောင်းလျှင် (၁၀) ဦးဖြင့် (၁၃၀) ဦး |
၂။ လျှောက်ထားသူသည် -
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
အမှတ်စဉ် (၁) (က) နှင့် (၂) (က) သင်တန်းများအတွက် အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူ ဖြစ်ရမည်။
အမှတ်စဉ် (၁) (ခ၊ ဂ) နှင့် (၂) (ခ) သင်တန်းများအတွက် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူများ ဖြစ်ရမည်။
(ခ) ၁-၇-၂၀၁၈ ရက်တွင် အသက် (၁၆) နှစ်ပြည့်ပြီး (၂၅) နှစ်ထက် မကျော်ရ။
(ဂ) အိမ်ထောင်မရှိသူ အပျို၊ လူပျို ဖြစ်ရမည်။
(ဃ) ရိုးရာလွန်းရာကျအချိတ် (၆) လသင်တန်းကို အမျိုးသမီးများသာ လျှောက်ထားနိုင်သည်။
(င) ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ (၁)နှစ်သင်တန်းနှင့် လက်ရက်ကန်း (၆) လသင်တန်းအတွက် အရပ်အမြင့် (ကျား) ၅ ပေ၁ လက်မ၊ (မ) ၄ ပေ ၁၁ လက်မရှိရမည်။
၃။ သင်တန်းတိုင်းအတွက် အဆောင်အခမဲ့နေထိုင်ခွင့်ပြုမည့်အပြင် ပညာသင်ထောက်ပံ့ကြေးတစ်ဦးလျှင် (၁)လ ကျပ် ၃၀၀၀၀/- ချီးမြှင့်မည်ဖြစ်ပြီး ရက်ကန်းပညာရပ်ကို အမှန်တကယ်စိတ်ပါဝင်စားသည့် သတ်မှတ်
အရပ်အမြင့်ရှိသူများအား အသက်ကန့်သတ်ချက် လျှော့ပေါ့၍ လက်ခံသွားမည်ဖြစ်သည်။
၎။ လျှောက်ထားလိုသူများသည် အထက်ပါကျောင်းများနှင့် အောက်ဖော်ပြပါ ရုံးများတွင် စုံစမ်းလျှောက်ထားနိုင်ပါသည် -
(က) အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ရုံးချုပ်)၊ အဆောက်အဦးအမှတ် (၁၆)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၁၀၂၇၃ ၊ ၀၆၇-၄၁၀၂၄၀ ၊ ၀၆၇-၄၁၀၃၇၀
(ခ) အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများ (မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဟားခါး၊ ထားဝယ်၊ မုံရွာ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မော်လမြိုင်၊
ရန်ကုန်၊ စစ်တွေ၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ ကျောင်းများ)
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။