TTI ၏ ကုန်သွယ်မှုဆိုင်ရာ သင်တန်းများ

TTI ၏ ကုန်သွယ်မှုဆိုင်ရာ သင်တန်းများ

 Trade Traing Institute (TTI) သည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းဖြစ်သည်။

ဘယ်နေရာမှာလဲ
၂၀၁၂ ခုနှစ်၊ ဧပြီလ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကျောင်းတည်နေရာမှာ ယခင် ကုန်သွယ်ရေးရုံးဟု လူသိများသော အဆောက်အဦ ဖြစ်သည့် အမှတ် ၂၂၈/၂၄၀ ၊ စတုတ္ထထပ်၊ ကမ်းနားလမ်း ၊ ရန်ကုန်မြို့ တွင် တည်ရှိသည်။

ရည်ရွယ်ချက်များ
ပုဂ္ဂလိကဏ္ဍရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ နှင့် အစိုးရဝန်ထမ်းများအား နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် ကုန်သွယ်မှုဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် အတွက် လည်းကောင်း၊ ပို့ကုန်လုပ်ငန်းရှင်သစ်များနှင့် ကုန်သည်စီးပွားရေးလုပ်ငန်းရှင်သစ်များ မွေးထုတ်ပေးနိုင်ရန်အတွက်လည်းကောင်း၊ ကုန်သွယ်မှုနှင့်ဆိုင်သော လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း သင်တန်းများ ပို့ချပေးနေခြင်း ဖြစ်သည်။ ကုန်သွယ်မှုနှင့်စီးပွားရေးဆိုင်ရာ ဘာသာရပ်များ သင်ကြားပို့ချပေးသည့် နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းကျောင်းဖြစ်ပေါ်လာစေရန် မျှော်မှန်းချက် ထားရှိသည်။

ပို့ချသည့် အကြောင်းအရာများ
Importance of Trade & International Trade Theory
International Trade & Economic Policies
IETPS(1) Introduction to Trade. Mechanism of L/C, Major points in Sales Contracts to be fully aware by Exporters
IETPS(2) Importers/Exporters Registration Procedure
IETPS(3) Exporters License/ Permit application (Procedure + Practical Filling- Documentation)
IETPS(3) Importer License/ Permit application (Procedure + Practical Filling- Documentation)
IETPS(4) IT Application in International Trade
IETPS(5) Rules of Origin
IETPS(6) FDA Certificate (System of Food and Drug Importation and Exportation)
IETPS(7) Payment L/C
IETP (8)Pre Shipment Inspection
IETPS (9) Shipping Documents
INCOTERMS
The main point in Sales Contracts (Importers/Exporters)
Company Establishment, Regulation and Extension
Foreign Investment Law & Myanmar Citizens Investment Law, MIC Permit
Current Economic Issue
SME Development through Trade
Stock Exchange
Insurance
Classification Rate of Duty, Valuation, Assessing, Duty Collection & Myanmar Custom Law
Customs and Trade Procedures in Trade Fairs, Exhibitions
Competitive Strategy
Custom Services, Export/ Import Operation
Transport Documents
The Basic points of Business Law
Export/ Import Procedure of China and India
Economics Development Concept and Measure
Standardization Policy & Technical Regulation
WTO World Trade Organization
International Business Management
Trade Aspects of Consumer Protection Law
SME Development and Industry Policy of Myanmar
Field Trip
Practical sessions: Doing exercise on Transport Documents
Market Research
International Marketing
Global Supply Chain and Value Chain
Business Ethics
Taxation
MARTRADE
Export-Import Procedure of ASEAN


သင်တန်း အချိန်နှင့် ကာလ
၁။ သင်တန်းကာလ ၃လခွဲ
အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နံနက်ပိုင်း ၉ နာရီခွဲမှ ၁၂ နာရီခွဲအထိ
၂။ သင်တန်းကာလ ၄ လ (weekend program)
စနေ၊ တနင်္ဂနွေ နံနက်ပိုင်း ၉ နာရီမှ ၁၂ နာရီအထိ

လိုအပ်သည့် ပညာအရည်အချင်းမှာ အခြေခံပညာအထက်တန်း အောင်မြင်ထားသူ ဖြစ်ရမည်။

သင်တန်းစည်းကမ်းများ
သင်တန်းအချိန် ပုံမှန် တက်ရမည်။
ရမှတ် ၅၀ မပြည့်ပါက ကျရှုံးဟု သတ်မှတ်သည်။
သင်တန်းတက်ရက် ၇၅% မပြည့်ပါက သင်တန်းဆင်း အောင်လက်မှတ် မပေးပါ။
ကျရှုံးသည့်အတွက် ဖြေဆိုရသေ နောက်ဆက်တွဲ စာမေးပွဲကို ၁ ပတ်အတွင်း ဖြေဆိုရမည်။

ဆက်သွယ်ရန် ဖုန်းနံပါတ်များ
ညွှန်ကြားရေးမှူး ၀၁ ၃၇၁၂၀၇
ဒုညွှန်ကြားရေးမှူး ၀၁ ၃၇၁၂၁၇
လက်ထောက်ညျွန်မှူး ၀၁ ၃၇၈၇၉၈
ရုံးခန်း ၀၁ ၂၅၀၈၇၁
email : [email protected]

ဖွင့်လှစ်သောသင်တန်းအမျိုးအစားများ
- အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း
- အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအဆင့်မြင့်သင်တန်း

အခြေခံသင်တန်းဝင်ကြေး - ၁၀၀,၀၀၀ ကျပ်
အဆင့်မြင့်သင်တန်းကြေး - ၁၀၀,၀၀၀ ကျပ်
အခြေခံသင်တန်းပြီးဆုံးပါက အဆင့်မြင့်သင်တန်းသို့ ဆက်လက်တက်ရောက် နိုင်ပါသည်။
သင်တန်း နှစ်ခုအား တစ်ပြိုင်တည်း တက်ရောက်ခွင့် မရှိပါ။
သင်တန်းဝင်ခွင့် လျှောက်ထားရာတွင် မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၃) ပုံနှင့် လုပ်ငန်းရှင် ထောက်ခံချက်တို့ကို တင်ပြရပါမည်။

Government School Read 1232 times