ဘွဲ့ရအများဆုံးထွက်ရှိသော နိုင်ငံများ

ဘွဲ့ရအများဆုံးထွက်ရှိသော နိုင်ငံများ

STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီးယားရင်း၊ သင်္ချာ) အလုပ်အကိုင်တွေက ကမ္ဘာပေါ်မှာတော့ ၀င်ငွေအကောင်းဆုံး အလုပ်အကိုင်တွေထဲမှာ ပါဝင်ပါတဲ့အတွက် ကျောင်းသားတော်တော် များများက ဒီနယ်ပယ်တွေနဲ့ပတ်သက်တဲ့ဘွဲ့တွေ ရယူကြတယ်ဆိုတာ မဆန်းပါဘူး။

အောက်မှာဖော်ပြထားတာကတော့ STEM ဘွဲ့ရ အရေအတွက် အများဆုံးထွက်ရှိတဲ့ ထိပ်တန်း ၇ နိုင်ငံဖြစ်ပြီး တရုတ်က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

၁။ တရုတ်

တရုတ်သမ္မတရှီကျင်းဖင်အနေနဲ့ နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီးယားရင်း နဲ့ မျိုးဗီဇသိပ္ပံနယ်ပယ်ကို အထူးပြုဦးစားပေးသော (၅) နှစ်တာ စီမံကိန်းကြီးကို စတင် အကောင်အထည်ဖော်တဲ့ အချိန်ကစပြီး နိုင်ငံခြားရောက်နေတဲ့ တရုတ်သိပ္ပံပညာရှင်တွေတော်တော်များများကို မိခင်မြေကိုပြန်လည် ဆွဲခေါ်နိုင်ခဲ့ပါတယ်။

အဲ့ဒါကို အသာထားရင်တောင် STEM ဘွဲ့ရတွေက တစ်နှစ်ထက်တစ်နှစ် များသထက်များလာနေပါတယ်။ World Economic Forum ကပြောကြားချက်အရ အခုဆိုရင် တရုတ်မှာ သိပ္ပံ၊ နည်းပညာ၊ သင်္ချာနဲ့ အင်ဂျင်နီယာနယ်ပယ်က ဘွဲ့ရရှိသူသန်းပေါင်း ၄.၇ ခန့် ရှိနေပြီဖြစ်ပါတယ်။ ဒီ့အပြင် နှစ်စဉ်နှစ်တိုင်း PhD ရရှိသူပေါင်း ၃၀၀၀၀ ထွက်ရှိပါတယ်။

၂။ အိန္ဒိယ

အိန္ဒိယအနေနဲ့ ၂၀၁၆ ခုနှစ်အတွင်း STEM ဘွဲ့ရခဲ့သူပေါင်း ၂.၆ သန်းဖြင့် တရုတ်ပြီးရင် ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒီကျောင်းသားတွေက အိန္ဒိယ ဒါမှမဟုတ် အင်တာနေရှင်နယ် တက္ကသိုလ်တွေကနေ ဘွဲ့ရကြတာဖြစ်ပါတယ်။

ပြောရရင် အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံပြီးရင် နိုင်ငံခြားကို ကျောင်းသားစေလွှတ်မှုမှာလည်း ဒုတိယနေရာကနေ ရပ်တည်နေတာဖြစ်ပါတယ်။ အရင် PEW Research အရ US မှာပညာသင်ကြားနေတဲ့ ၃၈% သော အိန္ဒိယကျောင်းသားတွေထဲက ၂၆% က ကွန်ပျူတာသိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေကို သင်ယူနေတာပဲ ဖြစ်ပါတယ်။

၃။ United States

World Economic Forum အရ STEM ဘွဲ့ရအများဆုံးနိုင်ငံတွေထဲမှာ US က နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။ ဒါမေယ့် သူ့ရဲ့ STEM ဘွဲ့ရကျောင်းသားပေါင်း ၅၆၈၀၀၀ က ဒုတိယဖြစ်တဲ့ အိန္ဒိယနဲ့ယှဉ်ရင် အများကြီး ကွာဟနေပါတယ်။

၎။ ရုရှား

စတုတ္ထနေရာမှာရောက်နေတဲ့ရုရှားက US နဲ့ထပ်ကြပ်မကွာလိုက်နေပြီး STEM ဘွဲ့ရပေါင်း ၅၆၁၀၀၀ ထွက်ရှိထားပါတယ်။ Smithsonian မှာ ၂၀၁၃ တုန်းကရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်အရ STEM နယ်ပယ်မှာ US ထက်ကို ရုရှားအမျိုးသမီးတွေက အများကြီး Train ထားတယ်လို့ ဆိုပါတယ်။

၅။ အီရန်

အံ့သြစရာတော့ကောင်းနေပါလိမ့်မယ်၊ ဒါပေမယ့် World Economic Forum အရ STEM ဘွဲ့ရထွက်ရှိမှုမှာ အီရန်က တစ်ကမ္ဘာလုံးရဲ့ (၅) နေရာမြောက်မှာ ရှိနေပါတယ်။ ၂၀၁၆ မှာ STEM ဘွဲ့ရပေါင်း ၃၃၅၀၀၀ ရှိခဲ့ပြီး အီရန်က သိပ္ပံ၊ နည်းပညာနှင့် သုတေသန နဲ့ ပတ်သက်လာရင် ရှေ့ကဦးဆောင်နေတဲ့ နိုင်ငံတွေထဲကတစ်ခုအဖြစ် တူရကီနဲ့အတူတူ သတ်မှတ်ခံထားရပါတယ်။

တကယ်တော့ အီရန်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Ayatollah Ali Khamenei က Fatwa  သို့မဟုတ် ဘာသာရေးနဲ့ဆိုင်တဲ့ စည်းမျဉ်းတစ်ခုကို ၂၀၀၂ မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါက အစ္စလမ်ဥပဒေအောက်မှာ Stem Cell နဲ့ပတ်သက်တဲ့ သုတေသနတွေကို ခွင့်ပြုထားပါတယ်။

၆။ အင်ဒိုနီးရှား

STEM ဘွဲ့ရအများဆုံးထွက်ရှိတဲ့ (၆) ခုမြောက်နိုင်ငံက အင်ဒိုနီးရှားပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံးကျွန်းစုနိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး အင်ဒိုနီးရှားမှာ ၂၀၁၆ ခုနှစ်အတွက် STEM နဲ့ဆက်နွှယ်တဲ့ ဘွဲ့ရပေါင်း ၂၀၆၀၀၀ ရှိခဲ့ပါတယ်။

၇။ ဂျပန်

ဂျပန်နိုင်ငံကတော့ STEM ဘွဲ့ရအများဆုံး ထိပ်တန်း ၇ နိုင်ငံကို ၂၀၁၆ ခုနှစ်ရဲ့ ဘွဲ့ရကျောင်းသားပေါင်း ၁၉၅၀၀၀ ဦးဖြင့် အဆုံးသတ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: University Herald

Tips Read 3656 times