Sales Hotline : 09448001653       Download App



နိုင်ငံတကာဆက်ဆံရေးပညာရပ် - IR (International Relations) မှာ ဘာတွေသင်ရမလဲ

နိုင်ငံတကာဆက်ဆံရေး ဆိုသည်မှာ နိုင်ငံများ၊ အစိုးရအဖွဲ့အစည်းများ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) နှင့် နိုင်ငံစုံအဖွဲ့အစည်းများ (MNCs)ဖြင့် ဖွဲ့စည်းထားသော နိုင်ငံတကာစနစ်ပုံစံအတွင်းရှိ နိုင်ငံများ၏ နိုင်ငံခြားရေးရာကိစ္စများနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စများကို ဆိုလိုသည်။ နိုင်ငံတကာဆက်ဆံရေးသည် ပညာရပ်တခုဖြစ်သလို လူအများနှင့်သက်ဆိုင်သော မူဝါဒတစ်ရပ်လည်း ဖြစ်သည်။ 

နိုင်ငံတကာဆက်ဆံရေးပညာရပ်သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒကို လေ့လာရုံသာမက ၎င်းမူဝါဒရေးဆွဲရန် ကြိုးပမ်းခြင်းလည်းရှိသည်။ နိုင်ငံတကာ ဆက်ဆံရေးသည် နိုင်ငံရေးသိပ္ပံဘာသာရပ်၏ ဘာသာခွဲတခုလည်းဖြစ်သည်။

နိုင်ငံတကာဆက်ဆံရေးကို နားလည်ရန်အတွက် နိုင်ငံရေးသိပ္ပံအပြင် စီးပွားရေးပညာ၊ သမိုင်း၊ ဥပဒေ၊ ဒသနိက၊ ပထဝီ၊ လူမှုဗေဒ၊ ရှေးဟောင်းသုတေသန ပညာ၊ စိတ်ပညာနှင့် ယဉ်ကျေးမှုလေ့လာရေးဆိုင်ရာ ဘာသာရပ်များကိုလညိး နားလည်ထားရန် လိုအပ်သည်။ 

နိုင်ငံတကာဆက်ဆံရေးသည် တနေ့တခြား ကမ္ဘာဆန်လာမှု၊ နိုင်ငံတို့၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နျူကလီးယား လက်နက်မပြန့်ပွားရေး၊ အမျိုးသားရေးဝါဒ၊ စီးပွားရေးဖွံဖြိုးတိုးတက်မှု၊ အကြမ်းဖက်ဝါဒ၊ အုပ်စုဖွဲ့ရာဇဝတ်မှု၊

လူသားဘဝလုံခြုံရေး၊ ပြည်ပကျူးကျော်တိက်ခိုက်မှု၊ လူ့အခွင့်အရေးစသည်ဖြင့် အလွန်တရာမှ ကျယ်ပြန့်သောအကြောင်းအရာများကို လေ့လာသင့်ပေသည်။

IR မှာဘာတွေ သင်ရမှာလဲ 

DU IR ပထမနှစ်ကနေ စတုတ္ထနှစ်အထိ သင်ရတဲ့ ဘာသာတွေပါ။

(ဂုဏ်ထူးတန်းအတွက်ကနောက်မှ တင်ပေးပါမယ်ခင်ဗျ)

>>> ပထမနှစ် 

ပထမနှစ်ဝက်

  • မြန်မာစာ
  • English
  • IR-1101 
  • IR-1102
  • History or Geography 
  • Aspects of Myanmar 

ဒုတိယနှစ်ဝက်

  • မြန်မာစာ
  • English
  • IR-1104
  • IR-1103
  • History or Geography
  • မြန်မာ့ရေးရာ

>>> ဒုတိယနှစ်

ပထမနှစ်ဝက်

  • English
  • IR-2101
  • IR-2102
  • IR-2103
  • Law
  • Eco

ဒုတိယနှစ်ဝက်

  • English
  • IR-2104
  • IR-2105
  • IR-2106
  • Law
  • Eco

>>> တတိယနှစ်

ပထမနှစ်ဝက်

  • Eco
  • IR-3101
  • IR-3102
  • IR-3103
  • IR-3104
  • Law

ဒုတိယနှစ်ဝက်

  • Eco
  • IR-3206
  • IR-3207
  • IR-3208
  • IR-3209
  • Law

>>> စတုတ္ထနှစ်

ပထမနှစ်ဝက်

  • Eco
  • IR-4201
  • IR-4202
  • IR-4203
  • IR-4204
  • Law

ဒုတိယနှစ်ဝက်

  • Eco
  • IR-4206
  • IR-4207
  • IR-4208
  • IR-4209
  • Law 

>>>  ဒုတိယနှစ်မှာ ဂုဏ်ထူးတန်းအတွက် ရွေးပါတယ်။ 

အကယ်၍ ဒုတိယနှစ်အောင်လို့ ဂုဏ်ထူးတန်း ဝင်ခွင့်ရရင် တတိယနှစ်မှာ မတက်ရပဲ။ ဂုဏ်ထူးတန်း ပထမနှစ်ဆိုပြီး ပြောင်းတက်ရမှာပါ။ 

>>> ဂုဏ်ထူးတန်း ပထမနှစ်၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ ဂုဏ်ထူးတန်း တတိယနှစ်ဆိုပြီး သုံးနှစ် ထပ်တက်ရမှာပါ။ ရရှိမည့် ဘွဲ့ကတော့ B.A (Honours) ဝိဇ္ဇာ(ဂုဏ်ထူး) ဘွဲ့ပါ။ ဂုဏ်ထူးတန်းဘွဲ့ B.A (Honours) ရပြီးတာနဲ့ မဟာဝိဇ္ဇာတန်းသို့ တိုက်ရိုက် ဆက်လက် တက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ 

>>> စတုတ္ထနှစ်မှာ မဟာအရည်အချင်းစစ်သင်တန်း (M.A Qualifying) အတွက် ရွေးပါတယ်။ အကယ်၍ မဟာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ရရှိပါက (၁) နှစ် ဆက်လက်တက်ရောက်ရမှာပါ။ မဟာအရည်အချင်းစစ်သင်တန်း အောင်မြင်ပါက မဟာဝိဇ္ဇာတန်း (Master) သို့ ဆက်လက် တက်ရောက်လို့ ရပါတယ်။ 

>>> မဟာဝိဇ္ဇာတန်းကတော့ ၂ နှစ် တက်ရမှာဖြစ်ပါတယ်။ 

M1 က ကျောင်းတက်ရမှာပါ။ M2 က မဟာဝိဇ္ဇာတန်းအတွက် လိုအပ်တဲ့ ကျမ်းပြုရမှာပါဖြစ်ပါတယ်။ ကျမ်းတင်သွင်းပြီးပါက မဟာဝိဇ္ဇာဘွဲ့ (M.A) ရရှိမှာဖြစ်ပါတယ်ခင်ဗျ။

မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ် သမိုင်းအကျဉ်း

  • ၁၉၅၅-၅၆ ပညာသင်နှစ်တွင် IR ဌာနကို   ရန်ကုန်တက္ကသိုလ်၌    ဆရာကြီးဒေါက်တာခင်မောင်ညွန့်မှ  စတင်တည်ထောင်ခဲ့။
  • လူမှုရေးသိပ္ပံမဟာဌာန(Faulty of social science)တွင် ရုံးစိုက်ပြီး  Geoography, Geology, Law, ,Eco, Oriental Studies, Modern History, Political Science တို့မှ Professor များအပြင်  Foreign University များမှ Professor များဖြင့်  သင်ကြားရေးအဖွဲ့ ဖွဲ့စည်းခဲ့။
  • ၂နှစ် Diploma သင်တန်းစတင်ဖွင့်ပြီးနောက်  မဟာဘွဲ့သင်တန်းထိ  ဖွင့်လှစ်လာခဲ့။

ထိုစဉ်က IR တွင်သင်ရသော မေဂျာများမှာ 

  1. ခေတ်သစ်နိုင်ငံတကာသမိုင်း
  2. နိုင်ငံတကာဆက်ဆံရေး
  3. နိုင်ငံရေးသိပ္ပံ
  4. နိုင်ငံတကာ အဖွဲ့အစည်းများ
  5. နိုင်ငံတကာဘောဂဗေဒ
  6. အပြည်ပြည်ဆိုင်ရာ ဥပဒေ
  7. နိုင်ငံဖွဲ့စည်းပုံများ
  8. နိုင်ငံရေးပထဝီဝင်နှင့်  ဘူမိနိုင်ငံရေး
  9. သံတမန်ဆက်သွယ်ရေး နည်းပညာ
  10. စစ်မဟာ ဗျူ ဟာနည်းပညာများ စသည်တို့ဖြစ်ပါတယ်။

No.10တို့ကတော့  ယခုသင်ကြားခြင်းမရှိတော့ပါဘူး။

ဒါပေမဲ့ နိုင်ငံတကာ နိုင်ငံရေး အခင်းအကျင်းများ၊ ပြည်တွင်းနိုင်ငံရေးဆိုင်ရာ ပြဿနာများ၊ လုံခြုံရေးဆိုင်ရာ ပြဿနာများ  အစရှိတဲ့  ဘာသာရပ်တွေ  ထပ်တိုးသင်ကြားခဲ့ပါတယ်။  

1964 တွင် အင်္ဂလိပ်စာမှအပ  ကျန်ဘာသာရပ်အားလုံးကို မြန်မာစာဖြင့် သင်ကြားရမယ်ဟူသော  မူဝါဒကြောင့် အင်္ဂလိပ်လိုသာသင်ကြားရသော မိမိတို့ ဘာသာသည်လည်း  ရပ်ဆိုင်းသွားရပါတယ်။ 

1984 မှာတော့ IRဘာသာရပ်ကို ပြန်စတင်ခဲ့ပါတယ်။ ၈၂-၈၃ လောက်တွင် မြန်မာစာမှ တပါး ဘာသာအားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားရေးမူဝါဒပေါ်ထွက်လာခြင်းကြောင့်  ဖြစ်ပါသည်။

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ဝါရင့်ကထိကများကို Germany, England, Australia, USAနှင့် Japan နိုင်ငံများကို စေလွှတ်ကာ IR ဘာသာသင်ကြားမှု  နည်းစနစ်များကို  လေ့လာစေခဲ့ပါသည်။

၁၉၈၃-၈၄ ပညာသင်နှစ်တွင် ရန်ကုန် တက္ကသိုလ်၊ မန ္တလေးတက္ကသိုလ်များတွင် IR ဌာနများကို  ဖွင့်လှစ်ကာ ၁၀၀ ထက်မပိုသော ကျောင်းသားဦးရေကိုသာ  လက်ခံသင်ကြားစေခဲ့ပါသည်။

IR နဲ့ ဘွဲ့ရပြီးရင် ဘယ်လို အလုပ်အကိုင်တွေ ရရှိနိုင်သလဲ။

လက်ရှိအချိန်တွင် IR ဖြင့် ဘွဲ့ရသူများကို အသက်မွေးဝမ်းကျောင်းပညာတတ် မြောက်သူများအဖြစ် သတ်မှတ်ထားပါသည်။ 

IR နဲ့ ဘွဲ့ရရှိပြီးသူများသည် ပုံတွင် ဖော်ပြထားသည့် နယ်ပယ်ရပ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ ထို့ကြောင့် IR ဖြင့် ဘွဲ့ရသူများကို  နိုင်ငံခြားရေး၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ပြန်ကြာရေး အစရှိသော ဝန်ကြီးဌာနများ၊အကောက်ခွန်ဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကဲ့သို့သော နေရာများ၌ ဒုတိယ ဦးစီးအရာရှိ၊ ဦးစီးအရာရှိ၊ ဒုရဲအုပ်၊ ဒုဗိုလ်၊ ဒုတိယ စုံစမ်းစစ်ဆေးရေးမှူး အလုပ်များ ခန့်ထားလျက်ရှိပါသည်။

2002-2003 နောက်ပိုင်းတွင် ကျောင်းသားဦးရေ နည်းလာခြင်း၊ အင်္ဂလိပ်ဘာသာဖြင့် သင်ယူရန်  ခက်ခဲလာခြင်း၊ အထက်တန်း၌ သမိုင်းဘာသာရပ်ယူခဲ့သူများ သာ လျှောက်ထားနိုင်ခြင်းတို့ကြောင့်   ကျောင်းသားတို့၏  စိတ်ပါဝင်စားမှုကို  ကန့်သတ်ထားခြင်းဖြစ်နေပါသည်။

၂၄.၅.၂၀၁၁တွင်  ဒုတိယသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်းက နိုင်ငံတော်အဆင့် အမျိုးသားအလုပ်ရုံ ဆွေးနွေးပွဲ၌  IR ဘာသာရပ်ကို အလေးပေးရန်  ပြောကြားခဲ့ပါသည်။

၂၀၁၃မှ စတင်ကာ မည်သူမဆို လျှောက်ထားနိုင်ပြီ  ဖြစ်ပါသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် အတွက် ဝင်ခွင့်ရမှတ်များမှာ -

  • ရန်ကုန်တက္ကသိုလ် - ၄၇၀ (Eng - 70) 
  • မန္တလေးတက္ကသိုလ် - ၄၅၀ (Eng - 70) 
  • ဒဂုံတက္ကသိုလ် - ၃၆၀
  • ရတနာပုံတက္ကသိုလ် - ၃၆၀
  • ရန်ကုန် အ‌ရှေ့ပိုင်း တက္ကသိုလ် -၃၅၀ 
  • မုံရွာတက္ကသိုလ် - ၃၂၀

***မူရင်းစာအုပ်အတိုင်း မဟုတ်ဘဲ    ပုံစံပြောင်းကာ  အချက်အလက်ဆန်ဆန်  ပြင်ဆင်ရေးသားထားပါသည်။

***မူရင်းစာအုပ်ကို   ဖတ်ကြည့်ဖို့  တိုက်တွန်းပါသည်။

References

နိုင်ငံရေး၊ နိုင်ငံရေး သိပ္ပံနှင့် နိုင်ငံတကာ ဆက်ဆံရေး - မိမိကြီး IR

နိုင်ငံတကာဆက်ဆံရေးပညာနိဒါန်း - ဒေါက်တာစိုင်းခိုင်မျိုးထွန်း IR

Source : Future_Image_Youth_Association

By Myanmmar Education Guide (EDGE) 

Tips Read 8603 times