Sales Hotline : 09448001653       Download App



“မန္တလေးနည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ရန် လိုအပ်သည့်အချက်များ”

“မန္တလေးနည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ရန် လိုအပ်သည့်အချက်များ”

၂၀၂၀ပြည့်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ညီငယ်၊ညီမငယ်များအနေဖြင့်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရေး ကြိုတင်ပြင်ဆင်ရာတွင် လွယ်ကူ ချောမွေ့စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ် (ယခင်နှစ်) တွင်ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ အချက်အလက်များကို အောက်ပါအတိုင်း မျှဝေ အပ်ပါသည်။

(က) ၂၀၁၉ ပြည့်နှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်ရမည်။

(ခ) မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားလိုသူများသည် မန္တလေးနည်းပညာ တက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။

(ဂ) မန္တလေးနည်းပညာတက္ကသိုလ်သို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါအရည်အချင်းများ နှင့် ပြည့်စုံရပါမည်။

  1. အင်ဂျင်နီယာနှင့်ဗိသုကာ သင်တန်းများအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်စာ (၄) ဘာသာပေါင်းရမှတ် (၃၂၀) နှင့်အထက် ရရှိသူဖြစ်ရမည်။
  2. ဇီဝနည်းပညာ (Biotechnology) သင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ အင်္ဂလိပ်စာ (၄) ဘာသာပေါင်းရမှတ် (၂၈၀) နှင့်အထက် ရရှိသူဖြစ်ရမည်။
  3. နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ ဝင်ခွင့်လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (နိုင်)/(ပြု)/(ဧည့်) ကိုင်ဆောင်ထားသူ ဖြစ်ရမည်။
  4. အင်ဂျင်နီယာနှင့် ဗိသုကာ သင်တန်းများအတွက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များ ပါဝင်သောမည်သည့် ဘာသာရပ်တွဲများဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက်ကိုက်ညီပါက လျှောက်ထား နိုင်ပါသည်။
  5. ဇီဝနည်းပညာ (Biotechnology) သင်တန်းအတွက် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်များ ပါဝင်သောဘာသာရပ်တွဲများဖြင့် အောင်မြင်သူများသာသတ်မှတ်ချက်ကိုက်ညီပါကလျှောက်ထား နိုင်ပါသည်။ 
  6. လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။

(ဃ) အမျိုးသား (၂၀၀) ဦးနှင့် အမျိုးသမီး (၁၆၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ (၃၆၅) ဦးအထိသာ လက်ခံမည်။

(င)အင်ဂျင်နီယာနှင့် ဗိသုကာ သင်တန်းများအတွက် သင်တန်းကာလမှာ (၆) နှစ် ဖြစ်ပြီး သင်တန်းကာလ(၆) နှစ်လုံးပြီးစီး အောင်မြင်သည့်အခါ B.E. ဘွဲ့၊ B.Arch. ဘွဲ့ကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည်ဖြစ်သည်။ 

(စ) ဇီဝနည်းပညာ (Biotechnology) သင်တန်းအတွက် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး သင်တန်းကာလ (၄) နှစ်လုံးပြီးစီး အောင်မြင်သည့်အခါ B.S.(Biotechnology) ဘွဲ့ကိုတိုက်ရိုက် အပ်နှင်းချီးမြှင့်မည်ဖြစ်သည်။ 

(ဆ)မန္တလေးနည်းပညာတက္ကသိုလ်တွင် အောက်ဖော်ပြပါ ဘွဲ့သင်တန်းများ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

(ဇ) သင်ကြားခွင့်ပြုမည့်ဦးစားပေး၊ အဓိကပညာရပ်ကို B.E.ဘွဲ့ / B.Arch. ဘွဲ့အတွက် ကျောင်းသား/သူ၏ တက္ကသိုလ်စာမေးပွဲတွင် (အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ရူပဗေဒ) (၄) ဘာသာပေါင်း ရမှတ်နှင့် B.S.(Biotechnology)ဘွဲ့အတွက် ကျောင်းသား/သူ၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် (သင်္ချာ၊ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ) (၄)ဘာသာပေါင်းရမှတ် (လိုအပ်ပါက တက္ကသိုလ်ဝင်စာမေးပွဲစုစုပေါင်းရမှတ်) နှင့် ကျောင်းသား/သူ၏ ဦးစားပေး လျှောက်ထားမှုနှင့် သက်ဆိုင်ရာပညာရပ်အတွက် ကျောင်းသား၊ ကျောင်းသူ လက်ခံနိုင်မှု ဦးရေကန့်သတ်ချက်အပေါ်တွင် မူတည်၍ ခွဲဝေသတ်မှတ်ပေးမည်။

Source: Mandalay Technological University Students' Union-MTUSU

By Myanmar Education Guide (EDGE)

 

Tips Read 10033 times