အောက်တိုဘာ (၂၇) တွင် ကျင်းပမည့် ဂျပန်ကျွမ်းကျင်လုပ်သားအရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့်

အောက်တိုဘာ (၂၇) တွင် ကျင်းပမည့် ဂျပန်ကျွမ်းကျင်လုပ်သားအရည်အချင်းစစ်စာမေးပွဲဖြေဆိုခွင့်


 


 


 

ဖြေဆိုသူများသည် ဂျပန်နိုင်ငံရှိ လုပ်ငန်း (၁၄) မျိုးအနက်ဟိုတယ်လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများကို စနစ်သစ်ဖြင့် ခေါ်ယူခြင်းဖြစ်ရာ ဖြေဆိုသူ (၂၅၀) သည် ကျွမ်းကျင်မှုစာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို အောက်တိုဘာ () ရက်မှ () ရက်အထိ ဟိုတယ်လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးရေးစင်တာ၏ အင်တာနက်စာမျက်နှာ https://caipt.or.jp/ မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပါတယ်။

 


 


 

Source: မြဝတီ

 

**Unicode**

 

ဂျပန်နိုင်ငံအနေဖြင့် ကျွမ်းကျင်လုပ်သားခေါ်ယူရန် အရည်အချင်းစစ်စာမေးပွဲ စစ်ဆေးမည်ဖြစ်ရာ ဖြေဆိုခွင့်တွင် အစောဆုံးလျှောက်ထားသူ (၂၅၀) သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ဥက္ကဌ ဦးပီတာညွန့်မောင်က ပြောကြားပါတယ်။


၎င်းစာမေးပွဲကို အောက်တိုဘာ (၂၇) ရက်တွင်ကျင်းပမည်ဖြစ်ပြီး ဂျပန်နိုင်ငံနေရာထိုင်းခင်း (ဟိုတယ်လုပ်ငန်း) လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးသည့်အဖွဲ့မှ စစ်ဆေးကာ အောင်မြင်သူများကို အီးမေးလ်မှတစ်ဆင့်ပြန်လည်အကြောင်းကြားပေးမည် ဖြစ်ပါတယ်။


Astrologer (15) နက္ခ ဗေဒင်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။


ဖြေဆိုသူများသည် ဂျပန်နိုင်ငံရှိ လုပ်ငန်း (၁၄) မျိုးအနက်ဟိုတယ်လုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများကို စနစ်သစ်ဖြင့် ခေါ်ယူခြင်းဖြစ်ရာ ဖြေဆိုသူ (၂၅၀) သည် ကျွမ်းကျင်မှုစာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာများကို အောက်တိုဘာ (၇) ရက်မှ (၉) ရက်အထိ ဟိုတယ်လုပ်ငန်းကျွမ်းကျင်မှုစစ်ဆေးရေးစင်တာ၏ အင်တာနက်စာမျက်နှာ https://caipt.or.jp/ မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပါတယ်။


Read More:>>> မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် Logistics ဘွဲ့လွန်ဒီပလိုမာသင်တန်းသားများခေါ်ယူခြင်း


စာမေးပွဲအောင်မြင်ရန် နေရာထိုင်ခင်း အဆောက်အအုံတွင် လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံနှင့် အထူးပြုကျောင်းများတွင် သတ်မှတ်ထားသည့် သင်ခန်းစာများကို တတ်မြောက်ထားရမည်ဖြစ်ပြီး ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N3 နှင့်အထက် တတ်မြောက်ထားရမည်ဖြစ်ကြောင်းသိရပါတယ်။


Source: မြဝတီ

 

News Read 2701 times