ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် နှစ်နိုင်ငံသဘောတူညီမှု စာချွန်လွှာအရ နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသော မြန်မာလုပ်သားများအတွက် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယခုအခါ ကိုရီးယားသမ္မတနိုင်ငံတွင် အနိမ့်ဆုံး (၃) နှစ်ထက်ပို၍ တရားဝင်ကောင်းမွန်စွာနေထိုင် အလုပ်လုပ်ကိုင်ခဲ့ပြီး မြန်မာနိုင်ငံသို့ (၂၀၁၀) ပြည့်နှစ်ဇန်နဝါရီလ နောက်ပိုင်းပြန်လည်ရောက်ရှိခဲ့သော မြန်မာအလုပ်သမားများအတွက် ထပ်မံသွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးရည်ရွယ်ပြီး Computer Based Test (CBT) စနစ်ဖြင့် သီးသန့်ပြုလုပ်ပေးသော ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးစာမေးပွဲ ဖြစ်ပါသည်။
ထိုစာမေးပွဲ အောင်မြင်သူများသာလျှင် နိုင်ငံခြားသားလုပ်သားခေါ်ယူစနစ်အရ အလုပ်လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်၊ အချိန်
(က) စာမေးပွဲကို (၁၉-၈-၂၀၁၉) ရက်မှ (၃၀-၈-၂၀၁၉) ရက်အထိ ကျင်းပပါမည်။
(ခ) စာမေးပွဲစစ်ဆေးမည့်အချိန်
(ဂ) ဖြေဆိုသူများသတိပြုရန်
- (၁၀)နာရီမှ (၁၀း၅၀) နာရီထိ (ပထမပိုင်း)၊ (၁၁း၃၀) နာရီမှ (၁၂း၂၀) နာရီထိ(ဒုတိယပိုင်း) နှင့် (၁၄)နာရီမှ (၁၄း၅၀) နာရီထိ (တတိယပိုင်း)နှင့် (၁၅း၃၀) နာရီမှ (၁၆း၂၀) နာရီထိ (စတုတ္ထပိုင်း) လေးကြိမ်ခွဲ၍ တစ်ကြိမ်လျှင် လုပ်သား (၆၀) စစ်ဆေးပါမည်။
- စာမေးပွဲဖြေဆိုထားသူများအား အသိပညာပေးခြင်းရှိပါသဖြင့် ပထမပိုင်းဖြေဆိုမည့်သူများသည် (၉) နာရီတွင် လည်းကောင်း၊ ဒုတိယပိုင်းဖြေဆိုမည့်သူများသည် (၁၀း၃၀) နာရီတွင် လည်းကောင်း၊ တတိယပိုင်းဖြေဆိုမည့်သူများသည် (၁၃) နာရီတွင်လည်းကောင်း၊ စတုတ္ထပိုင်းဖြေဆိုသူများသည် (၁၄း၃၀) နာရီတွင်လည်းကောင်း သက်ဆိုင်ရာစာမေးပွဲခန်းတွင် နေရာယူပြီးဖြစ်ရပါမည်။
https://www.edge.com.mm/education/pre-school/item/2304-yangon-university-art-show.html
၂။ စာမေးပွဲကျင်းပမည့်နေရာ
- CBT Center အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အမှတ် ၈/၁၊ နဂါးရုံဘုရားလမ်း ၊ (၅) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။
၃။ ခေါ်ယူမည့်လုပ်ငန်းအမျိုးအစား
၎။ သတ်မှတ်ချက်များ
(က) အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း
(၁၉၇၉ ခုနှစ်၊ ဇူလှိုင် (၂၃) ရက်မှ ၂၀၀၁ ခုနှစ်၊ ဇူလှိုင် (၂၂) ရက်အတွင်းမွေးဖွားသူ)
(ခ) ထောင်ဒဏ်အပြစ်ကျခံဖူးခြင်းမရှိသူ/မိခင်နိုင်ငံမှ ပြည်ပသို့ထွက်ခွာရန် တားမြစ်ခြင်းခံရသူ)
(ဂ) ကိုရီးယားသမ္မတနိုင်ငံမှ နှင်ထုတ်ခြင်း/ပြန်ပို့ခြင်းမခံရသူ(တရားမဝင်နေထိုင်ခဲ့ဖူးခြင်းမရှိသူဖြစ်ရမည်)
(ဃ) ကျန်းမာရေးကောင်းမွန်သူ (ကျန်းမာရေး အတွက် ဆေးစစ်ခြင်းပြုလုပ်ပါမည်)
(င) E-9,E-10 ဗီဇာဖြင့် ကိုရီးယားသမ္မတနိုင်ငံတွင် (၅) နှစ်နှင့်အထက် နေထိုင်ခဲ့သူများ စာမေးပွဲဖြေဆိုခွင့်မရှိပါ။
၅။ စာမေးပွဲလျှောက်လွှာတင်သွင်းခြင်း
(က) လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် (၂၂-၇-၂၀၁၉ ရက်မှ ၂၅-၇-၂၀၁၉ ရက်)အတွင်း နေ့စဉ် (၉း၃၀) နာရီမှ (၄း၃၀) အထိ
(ခ) လျှောက်လွှာထုတ်ပေး/လက်ခံဌာန (အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ အမှတ် (၈/၁)၊ နဂါးရုံဘုရားလမ်း၊ (၅) ရပ်ကွက်၊ မရမ်းကုန်မြို့နယ်။
(ဂ) လျှောက်လွှာတင်ရမည့်နည်းလမ်း (လျှောက်ထားသူကိုယ်တိုင်လာရောက်တင်ရမည်။)
(ဃ) လိုအပ်သည့် စာရွက်စာတမ်းများ
(၁) စာမေးပွဲလျှောက်လွှာ (စာမေးပွဲခုံနံပါတ်ပါရှိပြီး ဖြစ်ပါ၍ (၁)ဦးလျှင် (၁) စောင်သာထုတ်ပေးမည်။)
(၂) နိုင်ငံကူးလက်မှတ် မူရင်းနှင့် မိတ္တူ (၁) စောင်(မှတ်ချက်။ ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့စဉ်က ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ်/မိတ္တူ) စာမေးပွဲ လျှောက်လွှာတွင် သက်တမ်း (၆) လရှိသော နိုင်ငံကူးလက်မှတ်မိတ္တူအား ကပ်ပေးရပါမည်။
(၃) (၃.၅စမx ၄.၅စမ) ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံ (ခြောက်လအတွင်းရိုက်ကူးထားသော ဓာတ်ပုံ) (နောက်ခံဆေးသား အဖြူရောင်)
(၄) စာမေးပွဲဖြေဆိုခ ပေးသွင်းထားသည့် ငွေရပြေစာ
(င) စာမေးပွဲဖြေဆိုခ
- (အမေရိကန်ဒေါ်လာ (၂၄) (သို့) ညီမျှသောမြန်မာကျပ်ငွေ
- လျှောက်ထားသူများသည် အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာပယ်ဖျက်လိုလျှင် လျှောက်လွှာလက်ခံသည့် ကာလအတွင်း လျှောက်ထားလာပါက ပယ်ဖျက်ပေးမည့်အပြင် စာမေးပွဲကြေးအား ပြန်လည်ထုတ်ပေးပါမည်။
၆။စာမေးပွဲဖြေဆိုမည့်သူများအတွက် အထူးအခွင့်အရေးနှင့် အကျိုးခံစားခွင့်များ
၇။ စာမေးပွဲမေးခွန်းပုံစံနှင့်အမှတ်ပေးစည်းမျဉ်း
မှတ်ချက်။ စာမေးပွဲ မေးခွန်းများသည် " The Standard Textbook for EPS-TOPIK “ စာအုပ်ကို အခြေခံ၍ မေးမြန်းရန်ရှိပါသဖြင့်အောက်တွင် Webpage များတွင် ဝင်ရောက်ကြည့်ရှု့နိုင်ပါသည်။
၈။ စာမေးပွဲဖြေဆိုရန် နေ့ရက်၊ အချိန်ဇယားထုတ်ပြန်ကြေညာခြင်း
(က) (၁၂-၈-၂၀၁၉) ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
၉။ စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာမည့်ရက်
(က) ကြေညာမည့်ရက် (၆-၉-၂၀၁၉) ရက်သောကြာနေ့
(ခ) ကြေညာမည့်နည်းလမ်း
(၁) အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံး၊ ကြော်ငြာသင်ပုန်းနှင့် POEA-EPS Facebook
(၂) ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံခြားသားလုပ်သားခေါ်ယူမှုစနစ်/ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPSTOPIK) နှင့် ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးမှု အဖွဲ့အစည်းတို့၏ Homepage,(http://eps.hrdkorea.or.kr) , (http://www.hrd korea.or.kr/3/3/3/1/2)
(၃) စာမေးပွဲသက်တမ်း (၆-၉-၂၀၁၉) မှ (၆-၉-၂၀၂၁) (အောင်စာရင်းထုတ်ပြန်ကြေညာသည့်ရက်မှ (၂) နှစ်တာ)
၁၀။ စာမေးပွဲဖြေဆိုသည့်ရက်တွင် ဖြေဆိုသူယူဆောင်လာရမည့်စာရွက်စာတမ်းများ
(က) ဖြေဆိုခွင့်ကတ်ပြား
(ခ) နိုင်ငံကူးလက်မှတ် (စာမေးပွဲလျှောက်လွှာတွင် ကပ်ထားခဲ့သော နိုင်ငံကူးလက်မှတ်)မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား
(အထက်အပိုဒ် (က)၊(ခ)၊(ဂ) ပါအထောက်အထားများ ယူဆောင်လာခြင်းမရှိပါက စာမေးပွဲအား ဝင်ရောက်ဖြေဆိုခွင့်မရှိပါ။
Read More: ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁၁။ သတိပြုရန်အချက်များ
(က) စာမေးပွဲအောင်ချက်များ၏ အောင်စာရင်းကို (၆-၉-၂၀၁၉) ရက်တွင် အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ကြေညာပေးပါမည်။
(ခ) စာမေးပွဲဖြေဆိုရန် အတွက်စာမေးပွဲလျှောက်လွှာထုတ်ယူရာတွင် ကာယကံရှင်၏ ဆန္ဒအရသာ လျှောက်လွှာထုတ်ယူရမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
(ဂ) စာမေးပွဲဖြေဆိုချိန်တွင် မမှန်ကန်သည့်နည်းလမ်းဖြင့် ပြုလုပ်နိုင်သည့် စက်ပစ္စည်းများ (လက်ကိုင်တယ်လီဖုန်း၊ ကက်ဆက်၊ MP3၊ လျှပ်စစ်လက်ကိုင်အဘိဓာန်စသည်များ) အားယူဆောင်လာခွင့်မရှိပါ။
(ဃ) စာမေးပွဲအတွင်းမမှန်ကန်သည့် အပြုအမှုများ လုပ်ဆောင်ခဲ့လျှင် ဖြေဆိုခွင့်အား (၃) နှစ်ကြာပိတ်ပင်ခြင်းခံရမည်ဖြစ်ပါသည်။
(င) ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းလေဆိပ်ရောက်ရှိပြီးမှ တရားမဝင်ထွက်ပြေးခြင်း၊ သက်ဆိုင်ရာ လုပ်ငန်းခွင်ရောက်ရှိပြီးနောက်တွင်လည်း တရားဝင်ခွင့်ပြုချက်ဖြင့် အလုပ်ပြောင်းခြင်းမဟုတ်ဘဲ လုပ်ငန်းခွင်မှ ထွက်ပြေးခြင်း၊ အလုပ်အကိုင်စာချုပ်ပါ အချိန်ကာလပြည့်ဝပြီးနောက် ကိုရီးယားသမ္မတနိုင်ငံတွင် တရားမဝင် ဆက်လက်နေထိုင်လုပ်ကိုင်ခြင်းများ တစ်စတစ်စ တိုးပွားလာရာ နှစ်နိုင်ငံ အလုပ်သမားပေးပို့ခြင်းဆိုင်ရာ သဘောတူညီချက် (MoU) ကိုထိခိုက်လာနိုင်ပြီး၊ ယင်း (MoU) အားရပ်ဆိုင်းခံရသည့် အခြေအနေမျိုးထိ ဖြစ်ပေါ်လာနိုင်ပါသည်။ ယင်းအခြေအနေမျိုးမှ ကာကွယ်တားဆီးနိုင်ရန် ကြိုတင်အာမခံကြေးငွေအဖြစ် (ကျပ်တစ်ဆယ့်ငါးသိန်းတိတိ) ကို မြန်မာနိုင်ငံမှ မထွက်ခွာမီမြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ သတ်မှတ်စာရင်းအမှတ်သို့ ပေးသွင်း၍ ကျပ်သိန်း (၃၀) တန်စာချုပ်ချုပ်ဆို ဆောင်ရွက်ရပါမည်။ အလုပ်အကိုင်စာချုပ်ကို သဘောတူလက်ခံပြီးနောက် အထက်ဖော်ပြပါအချက်များကို ဖောက်ဖျက်ခဲ့လျှင် ကြိုတင်အာမခံကြေး ငွေဆုံးရှုံးရမည်ဖြစ်ပြီး ခံဝန်စာချုပ်အရကျန်ကျပ် (၁၅) သိန်းကို အာမခံထားသူ (၂) ဦးမှ ပေးလျော်ရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
အမှတ်(၈/၁)၊ နဂါးရုံဘုရားလမ်း၊ (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
ဖုန်း (၀၁-၆၆၇၇၅၄၊ ၀၁-၆၅၆၈၄၃)
Source; မြန်မာ့အလင်း