သူတို့ရဲ့စာသင်ပုံကကျောင်းသားတွေကို ဘာကိုမှအလွတ်မကျက်ခိုင်းဘူး။
အဓိက မြန်မာပြည်နဲ့ကွာတာကတော့ formula တွေသင်တဲ့အခါပဲ။
အမေရိကန်နိုင်ငံရဲ့အယူအဆကတော့ formula တွေက ကျောင်းပီးရင် ခေါင်းထဲမှာ မကျန်ဘူးဆိုတာကို သိကြပါတယ်။ ဒီတော့ သူတို့ကကျ စာသင်ပုံက concept ကိုပဲ အဓိကထား
သင်ကြားခြင်းဖြစ်ပါတယ်။
စာမေးပွဲခန်းတွေမှာဆိုရင် calculator အပြင် formula စာရွက်တွေပါ တစ်ယောက်တစ်ရွက်စီ လိုက်ပေးထားပါတယ်။
ဒီတော့ ကျောင်းသားတွေက formuala တွေကို မှတ်ဖို့မလိုဘူး။ တွက်ရမယ့် ပုစ္ဆာဆိုရင် ပေးထားတဲ့ formula များမှ ကိုယ်ထင်တဲ့ formula ထဲကို ထည့်ပီးတွက်တော့ အချိန်မြန်စေပါတယ်။
တကယ်သိရမှာက ဘယ်မေးခွန်းကို ဘယ် formula သုံးပြီး တွက်ရမယ်ဆိုတာပဲ ဖြစ်တယ်။
နောက်တစ်ချက်က အဟောင်းတွေကို မှတ်ရတာများရင် အသစ်တီထွင်ရာမှာ အားနည်းသွားတယ်။
ဥပမာတစ်ခုပေးရရင် ကွန်ပျူတာရဲ့ CUP ကို လုပ်တာ လက်ရှိ အမြန်ဆုံး ကွန်ပျူတာ CPU ပါ။
ဒါပေမယ့် ဒီထက်မြန်တဲ့ CPU ကို ထွင်ဖို့ဆိုရင် အသစ်ထုတ်လိုက်တဲ့ ပိုမြန်တဲ့ CPU ကို
သုံးရမှာပါ။
အဟောင်း CPU ကို သုံးလို့မရပါဘူး။ ဒီတော့ အမေရိကန်ကျောင်းသားတွေကို သင်ကြားတာက လက်ရှိ လက်ခံပြီးသား သီအိုရီတွေသုံးပြီး ဒီထက်ကောင်းတဲ့ သီအိုရီကို
တီထွင်ခိုင်းတာ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ အဟောင်းကို သုံးရင်းနဲ့ အဟောင်းရဲ့အားနည်းချက်တွေ မှားယွင်းမှုတွေကို ပိုပီး သိမြင်လာတော့ အဟောင်းကိုပယ်ဖျက်ပီးအသစ်တီထွင်လေ့ရှိတယ်။
အများအားဖြင့် Finance (ငွေရေးကြေးရေး) ဘာသာရပ်တွေမှာဆိုရင် သီအိုရီတွေက ထပ်တလဲလဲပြောင်းနေတာ ဖြစ်ပါတယ်။
မြန်မာပြည်ပညာရေးရဲ့အားနည်းချက်က အဟောင်းကိုပဲအသေမှတ်ခိုင်းထားတော့ အသစ်တီထွင်ဖို့ အချိန်မရတော့တဲ့အပြင် မှားယွင်းနေတဲ့အဟောင်းအပေါ်မှာ
အရိုးစွဲသွားတက်ခြင်း ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ပညာရေးကိုလည်း နောက်မျိုးဆက်ကို အသိဉာဏ်တွေ ပိုပီးဖွင့်ပေးနိုင်အောင် သူတို့ကို လွတ်လပ်စွာတွေးခွင့်၊ လုပ်ခွင့် ပေးပြီး လေ့လာရမယ့် စာတွေကို
ပိုပီးကျယ်ပြန့်အောင်လုပ်ပေးသင့် ပါတယ်။
အရေးအကြီးဆုံးအချက်က ဆရာတွေပါ။ မြန်မာပြည်ကဆရာ၊ ဆရာမတော်တော်များများဟာ တစ်ချို့ ကျောင်းသားတွေရဲ့ ကပ်သီးကပ်သက် မေးခွန်းတွေကို အချိန်ပေးပြီး မဖြေချင်ကြဘူး။
ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ (၁) ဆရာကိုယ်တိုင် အဖြေမသိလို့၊ (၂) သိသော်လည်း ဖြေရမှာ စိတ်မရှည်လို့ ဖြစ်ပါတယ်။
အမေရိကန်မှာဆိုရင်တော့ ဖြေလွန်းလို့ စာသင်ချိန်တစ်ဝက်လောက်ကုန်သွားတယ်။ သူတို့လိုချင်တာ ဆန်းသစ်တဲ့ တွေးခေါ်မှုပါ။ သမားရိုးကျ အတွေးအခေါ်ကို စိတ်မ၀င်စားဘူး။ ထို့ကြောင့်
တီထွင်မှုတော်တော်များများကို နေ့စဉ်နဲ့အမျှ လုပ်နေကြတာဖြစ်ပါတယ်။
မြန်မာပြည်ပညာရေးမှာ ဆရာ၊ ဆရာမတွေကိုယ်တိုင် ခေတ်မှီအောင် စဉ်ဆက်မပြတ် လေ့လာနေရမယ်။
ကျောင်းသားတွေကို မေးခွင့်များစွာပေးရမယ်။ သင်ခန်းစာတွေကို အာဂုံဆောင်ဖို့ထက် သိနားလည်အောင် ပိုကြိုးစားပီး လေ့လာရမယ့်ဧရိယာကို အကျယ်ကြီးဖွင့်ပေးရမည် ဖြစ်ပါတယ်။
ဥပမာ ကျောင်းသားတွေအတွက် ဒီစာအုပ်ထဲကပဲ မေးခွန်းမေးမယ်ဆိုရင် တစ်ခြားကောင်းနိုးရာရာတွေကို ရှာဖတ်ဖို့ စိတ်မ၀င်စားတော့ဘူး ဖြစ်သွားတတ်ပါတယ်။
စာမေးပွဲမှာ မေးသင့်တဲ့ ပုံစံက သတ်မှတ်ထားတဲ့ စာအုပ်ထဲမှာ မပါတဲ့ မေးခွန်းတွေကို ၁၀-၂၀ % လောက် အမှတ်ပိုအဖြစ်မေးရင် ကျောင်းသားတွေ စာကြည့်တိုက်ကို အချိန်မှန်
သွားကြမှာ ဖြစ်ပါတယ်။
Source: kanaung