၁။ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ပူးပေါင်း၍ ဂဟေဆက်သင်တန်းအမှတ်စဉ် (၁၁) အားအောက်ဖော်ပြပါ အစီအစဉ်အတိုင်းဖွင့်လှစ်မည်ဖြစ်ပါသည်။
**သင်တန်းဖွင့်မည့်ရက်**
(၁၉-၈-၂၀၁၉)
**သင်တန်းဖွင့်မည့်နေရာ**
ရတနာဂေဟာဆက်နည်းပညာသင်တန်းကျောင်း။ ယခင်စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းပညာသင်ကျောင်း၊ (အောင်ဆန်း) ၊ ကျောင်းဂိတ်မှတ်တိုင်အနီး၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ဖုန်းနံပါတ် ၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉
**သင်တန်းကာလ**
၂။ သင်တန်းအမှတ်စဉ် (၁၁)တွင် သင်တန်းသား (၁၅)ဦးလက်ခံင်ကြားပေးပါမည်။
၃။ လျှောက်ထားသူသည်
(က) အခြေခံပညာအလယ်တန်းအောင်မြင်ပြီး အခြေခံအင်္ဂလိပ်စာ နားလည်သူဖြစ်ရပါမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့် သင့်လျော်သော ကျန်းမာရေးရှိရပါမည်။
(ဂ) သင်တန်းတက်ခွင့်ရသောနေ့တွင် အသက် (၁၈) နှစ်ပြည့်ပြီး အသက် (၃၅) နှစ်ထက်မကြီးသူ ဖြစ်ရပါမည်။
၎။ လုပ်ငန်းခွင့် ကျွမ်းကျင်သောသူမျာ မွေးထုတ်ပေးနိုင်ရေးအတွက် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍ သင်တန်းစာမေးပွဲ အောင်မြင်သူများမှာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြုအောင်လက်မှတ်ရရှိမည်ဖြစ်ပါသည်။
၅။ ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရသူများသည် သင်တန်းကြေး အခမဲ့ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း လစဉ် ငွေကျပ် (၃၀၀၀၀) ကို ရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။ အသိအမှတ်ပြုလက်မှတ်ရ ထူးချွန်သော သင်တန်းသားများကို လက်တွေ့လုပ်ငန်းခွင်သင်တန်း (၄) လမှ (၆)လ အထိ တက်နိုင်ရန် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။ လက်တွေ့သင်တန်း (OJT)တက်ရောက်ခွင့်ရပါက ရတနာစီမံကိန်းမှ ၄င်းသင်တန်းကာလ တစ်လျှောက်သင့်လျော်သော ထောက်ပံ့ကြေး ပေးမည်ဖြစ်ပါသည်။
၆။ သင်တန်းသားအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ်ကာကွယ်ရေးဝတ်စုံ (Personal Protective Equipment) အတွက် ကုန်ကျစရိတ်ကို သင်တန်းသားမှ ကိုယ်ပိုင်ကျခံရပါမည်။
၇။ သင်တန်းလျှောက်လွှာများကို ရတနာဂဟေနည်းပညာသင်တန်းကျောင်း (အောင်ဆန်း) တွင် (၂၂-၇-၂၀၁၉) ရက်မှ စတင်၍ နံနက် (၉း၃၀) နာရီမှ ညနေ (၄) နာရီအတွင်း ထုတ်ယူနိုင်ပြီး လျှောက်လွှာများအား ပတ်စ်ပို့စ်ဆိုဒ် ရောင်စုံဓာတ်ပုံ (၂) ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ မွေးသက္ကရာဇ်နှင့် ပညာအရည်အချင်းအတွက် ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်တို့နှင့်အတူ အဆိုပါသင်တန်းကျောင်းတွင် (၉-၈-၂၀၁၉) ရက်နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။
Read More>>>> "တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ထုတ်ယူသူ (၉)သောင်းကျော်ရှိ”
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရတနာဂေဟေဆက်နည်းပညာသင်တန်းကျောင်း (အောင်ဆန်း) ဖုန်း ၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉ သို့ ရုံးချိန်အတွင်း နံနက် (၉း၃၀) နာရီမှ ညနေ (၄) နာရီအတွင်းစုံစမ်းနိုင်ပါသည်။
(နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန)
Source; ကြေးမုံ