၁။ ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် တိုတယ်မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ရတနာစီမံကိန်း) တို့ပူးပေါင်း၍
ပိုက်ဂဟေဆက်သင်တန်း (Pipe Welding Training Course(SMAW,GTAW))
အမှတ်စဉ်(၁)အားအောက်ဖော်ပြပါအစီအစဉ်အတိုင်းဖွင့်လှစ်ပါမည်။
သင်တန်းဖွင့်လှစ်မည့်ရက် -၂၀၁၉ ခုနှစ်၊ မေလ ၂၀
သင်တန်းဖွင့်လှစ်မည့်နေရာ -ရတနာဂဟေဆက်နည်းပညာသင်တန်းကျောင်း
(ယခင်စက်ပစ္စည်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ပညာသင်တန်းကျောင်း(အောင်ဆန်း)၊
ကျောင်းဂိတ်မှတ်တိုင်အနီ၊ အောက်မင်္ဂဒုံလမ်းမကြီး၊ စဥ့်ငူရပ်ကွက်၊အင်းစိန်မြို့နယ်။
ဖုန်း-၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉။
သင်တန်းကာလ -ရက်သတ္တပတ်(၁၂) ပတ်။
၂။ သင်တန်းအမှတ်စဉ်(၁) တွင်သင်တန်းသား(၁၀)တွင် ဦးလက်ခံသင်ကြားပေးပါမည်။
၃။ လျှောက်ထားသူသည်..
(က) သင်တန်းကျောင်းတွင် ယခင်ဖွင့်လှစ်ခဲ့ပြီးသော သင်တန်းမှ အသိအမှတ်ပြု လက်မှတ်(Certificate) ရရှိပြီးသူ ဖြစ်ရပါမည်။
(ခ) အကျင့်စာရိတ္တကောင်းမွန်ပြီး လုပ်ငန်းခွင်နှင့်ပတ်သက်သော ကျန်းမာရေးရှိရပါမည်။
(ဂ) သင်တန်းတက်ခွင့်ရသောနေ့တွင် အသက်(၃၅) နှစ်ထက်မကြီးသူ ဖြစ်ရပါမည်။
၎။ လုပ်ငန်းခွင် ကျွမ်းကျင်သောသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။သတ်မှတ်ကျောင်းခေါ်ချိန်ပြည့်မီ၍
သင်တန်းစာမေးပွဲ အောင်မြင်သူများမှာ သင်တန်းပြီးဆုံးကြောင်း အသိအမှတ်ပြု အောင်လက်မှတ်ရရှိမည်ဖြစ်ပါသည်။
၅။ ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်းသို့ တက်ရောက်ခွင့် ရသူများသည် သင်တန်းကြေးအခမဲ့ဖြစ်ပြီး သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း
လစဉ်ငွေကျပ် (၃၀၀၀၀) ကိုရတနာစီမံကိန်းမှ ထောက်ပံ့ပေးမည်ဖြစ်ပါသည်။
၆။ သင်တန်းသားအတွက် လိုအပ်သော လုပ်ငန်းခွင်ဘေးအန္တရာယ် ကာကွယ်ရေးဝတ်စုံ (personal Protective Equipment)အတွက်
ကုန်ကျစရိတ်ကို သင်တန်းသားမှကိုယ်တိုင်ကျခံရပါမည်။
၇။ သင်တန်းလျှောက်လွှာများကို ရတနာဂဟေဆက် နည်းပညာသင်တန်းကျောင်း(အောင်ဆန်း) တွင် ၂၉-၄-၂၀၁၉ ရက်မှ စတင်၍ နံနက် ၉း၀၀ နာရီမှ
ညနေ ၄း၀၀ နာရီအတွင်းထုတ်ယူနိုင်ပြီး လျှောက်လွှာများအား ပတ်စ်ပို့ဆိုဒ် ရောင်စုံဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ပြစ်မှုကင်းရှင်းကြောင်း
ထောက်ခံချက်မူရင်း၊ ယခုသင်တန်းကျောင်းမှ ရရှိခဲ့သော အသိမှတ်ပြုလက်မှတ်မိတ္တူတို့နှင့်အတူ အဆိုပါသင်တန်းကျောင်းတွင် ၁၀-၅-၂၀၁၉ရက် နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားနိုင်ပါသည်။
၈။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရတနာဂဟေဆက်နည်းပညာ သင်တန်းကျောင်း(အောင်ဆန်း)
ဖုန်း ၀၉-၇၇၇၃၈၇၃၆၉၊ ၀၉-၄၂၆၁၄၉၆၁၉ သို့ရုံးချိန်အတွင်းနံနက် (၉း၀၀) မှညနေ (၄း၀၀) နာရီအတွင်းစုံစမ်းနိုင်ပါသည်။
နည်းပညာ၊သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးဌာန
Source: ကြေးမုံသတင်း