Sales Hotline : 09448001653       Download App



NLD ပညာရေးကွန်ရက်က လှိုင်သာယာတွင် “စု” အသက်မွေးဝမ်းကျောင်းသိပ္ပံကျောင်းတစ်ခု ဖွင့်လှစ်မည်

NLD ပညာရေးကွန်ရက်က လှိုင်သာယာတွင် “စု” အသက်မွေးဝမ်းကျောင်းသိပ္ပံကျောင်းတစ်ခု ဖွင့်လှစ်မည်

၂၀၁၈ ခုနှစ် ဇန်န၀ါရီလဆန်းတွင် လှိုင်သာယာမြို့နယ်တွင် NLD ပညာရေးကွန်ရက်မှ ဦးစီးဦးဆောင် ဖွင့်လှစ်မည့် “စု” အသက်မွေးဝမ်းကျောင်း သိပ္ပံသင်တန်းကျောင်းတစ်ခုကို ဖွင့်လှစ်သွားမည် ဖြစ်သည်။

လက်ရှိတွင် အဆောက်အအုံပိုင်းတည်ဆောက်မှုမှာ ပြီးစီးနေပြီး အသုံးပြုမည့် ပရိဘောဂများနှင့် သင်ထောက်ကူပစ္စည်းများကို ဖြည့်တင်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထိုသင်တန်းကျောင်းတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း တက်ရောက်နိုင်မည်ဖြစ်ပြီး သက်မွေး သင်တန်းငါးမျိုးကို ဖွင့်လှစ်မည်ဖြစ်သည်။

READ - စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့အတွက် လျှောက်ထားနိုင်

“ဇန်န၀ါရီလဆန်းလောက်မှာ စတင်ဖွင့်လှစ်နိုင်ဖို့ လျာထားပါတယ်။ လက်ရှိ အဆောက်အအုံပိုင်းက ပြီးသွားပြီး အထဲက ပရိဘောကတွေနဲ့ သင်ထောက်ကူပစ္စည်းတွေ ဖြည့်တင်းနိုင်ဖို့ အလှူရှင် ရှာနေပါတယ်။ သင်တန်းကြေးဆိုပြီးတော့ သတ်မှတ်မထားပါဘူး။ အသက် (၁၈) နှစ် ပြည့်ပြီး သူတိုင်း တက်ရောက်နိုင်ပါတယ်” ဟုပြောသည်။

“စု” အသက်မွေးဝမ်းကျောင်း သိပ္ပံသင်တန်းကျောင်းတွင် ကွန်ပျူတာဘာသာရပ်၊ လျှပ်စစ်ဝိုင်ယာရိန်းသင်တန်း၊ အပ်ချုပ်သင်တန်း၊ ဘာသာစကားသင်တန်း၊ စက်ပြင်သင်တန်းတို့ကို အခမဲ့အဖြစ် ဖွင့်လှစ်မည်ဖြစ်သည်။

“အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကရှိပြီး ကျွမ်းကျင်မှုရှိတဲ့ လူငယ်တွေကနည်းတယ်။ အဲဒီအတွက် သူတို့က အလုပ်အကိုင်အခွင့်အလမ်းရဖို့ ခက်ခဲတယ်။ ရပြန်တော့လည်း လုပ်ခလစာနည်းတယ်။ သူတို့တွေရဲ့ ဘ၀ရပ်တည်မှုကောင်းမွန်စွာ တည်ဆောက်နိုင်စေရေးအတွက် ရည်ရွယ်ပါတယ်။ ဘွဲ့မရတဲလူငယ်တွေပေါ့” ဟုပြောသည်။

သင်တန်းအတွက် အဆောက်အအုံမြေနေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးက လှူဒါန်းခဲ့ပြီး အဆောက်အအုံကို ဂျပန်နိုင်ငံမှ အင်န်ဂျီအို အဖွဲ့တစ်ခုက ဆောက်လုပ်လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

International/Private Read 2311 times