ဗြိတိသျှကောင်စီမှနိုဝင်ဘာလ (၄) ရက်နေ့မှစတင်သင်ကြားပို့ချမည့် "Study UK”

ၿဗိတိသွ်ေကာင္စီမွ ႏိုဝင္ဘာလ () ရက္ေန႔မွ စတင္သင္ၾကားပို႔ခ်မည့္ "Study UK: Prepare to study and live in the UK" အြန္လိုင္းသင္တန္း ကို ျမန္မာႏိုင္ငံမွ စိတ္ပါဝင္စားသူ မည္သူမဆို အခမဲ့ တက္ေရာက္ႏိုင္ၿပီး သင္တန္းအၿပီးတြင္ Certificate of Achievement ကိုပါရရွိႏိုင္ေၾကာင္း ၿဗိတိသွ်ေကာင္စီမွ သတင္းထုတ္ျပန္ထားပါသည္။

"Study UK: Prepare to study and live in the UK" အခမဲ့ အြန္လိုင္းသင္တန္းသည္ ႏိုင္ငံတကာမွ ေက်ာင္းသား/သူမ်ားအား ယူေကႏိုင္ငံရွိ တကၠသိုလ္မ်ား၏ သင္တန္းပုံစံမ်ား၊ အကဲျဖတ္အမွတ္ေပးပုံမ်ား၊ ယူေက‌ေရာက္သည့္အခါ ျပင္ဆင္ထားသင့္သည္မ်ားကို နားလည္ေစရန္ ရည္႐ြယ္ပါသည္။

ယူေကအဆင့္ျမင့္ပညာေရး၏ ထူးျခားေသာလကၡဏာမ်ား၊ ကြဲျပားေသာ သင္ၾကားေရးပုံစံမ်ား၊ ေက်ာင္းသားမ်ားရရွိမည့္ ၀န္ေဆာင္မႈမ်ားႏွင့္ ေငြေၾကးဆိုင္ရာ အႀကံေပးမႈမ်ား၊ အဂၤလိပ္ဘာသာစကားစြမ္းရည္ လိုအပ္ခ်က္မ်ားႏွင့္ ေနရာထိုင္ခင္းရွာေဖြျခင္း၊ မိတ္ေဆြဖြဲ႕ျခင္းတို႔အျပင္ ယူေကႏိုင္ငံသို႔ ဆိုက္ေရာက္လာစဥ္ ျပဳလုပ္ရမည့္အရာမ်ား အစရွိေသာ လက္ေတြ႕အသုံးက်သည့္ လမ္းၫႊန္မႈမ်ားကို ေလ့လာမွတ္သားႏိုင္မည္ ျဖစ္သည္။

ဤအြန္လိုင္းသင္တန္းသည္ လာမည့္ ၂၀၂၀ ခုႏွစ္တြင္ ယူေကႏိုင္ငံရွိ တကၠသိုလ္မ်ားတြင္ သြား‌ေရာက္ပညာသင္ယူမည့္ႏိုင္ငံတကာမွ ေက်ာင္းသား/သူမ်ား ၊ ယူေကအဆင့္ျမင့္ပညာေရး အေၾကာင္း စိတ္ပါ၀င္စားေသာ ႏိုင္ငံတကာမွ ေက်ာင္းသား ေက်ာင္းသူမ်ား၊ လက္ရွိ ယူေကတြင္ပညာသင္ၾကားေနၿပီး စာေပဆိုင္ရာ စြမ္းရည္ႏွင့္ ဗဟုသုတ တိုးတက္လိုသူမ်ားအျပင္ အျခားႏိုင္ငံတကာပညာေရးအား စိတ္ဝင္စားသူမ်ားအတြက္ အက်ိဳးရွိမည့္သင္တန္းျဖစ္ပါသည္။

သင္တန္းအား (၉၀) ရာခိုင္ႏႈန္းအထက္ၿပီးေျမာက္ပါက အခမဲ့ဒစ္ဂ်စ္တယ္ေအာင္လက္မွတ္ကိုပါ ရရွိႏိုင္ပါသည္။ အဆိုပါသင္တန္းအား ၂၀၁၉ ႏိုဝင္ဘာလ () ရက္ေန႔တြင္စတင္မည္ ျဖစ္ၿပီး () ပါတ္ၾကာတက္ေရာက္ရမည္ျဖစ္ၿပီး တက္ေရာက္လိုသူမ်ား www.futurelearn.com/courses/prepare-to-study-uk တြင္ စာရင္းသြင္းကာ တက္ေရာက္ႏိုင္ပါသည္။

အခမဲ့ဒစ္ဂ်စ္တယ္ေအာင္လက္မွတ္ကို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွသင္တန္းတက္သူေတြကိုသာ အခမဲ့ေပးျခင္းျဖစ္ၿပီး ဒစ္ဂ်စ္တယ္ေအာင္လက္မွတ္အေရအတြက္ကို ကန္႔သတ္ထားေသာေၾကာင့္ ႀကိဳတင္စာရင္းေပးၿပီး သင္တန္းကိုၿပီးေျမာက္ေစရန္ ေပးထားသည့္ေလ့က်င့္ခန္းႏွင့္ သင္ခန္းစာမ်ားကို ပုံမွန္ျပဳလုပ္သြားရန္ လိုအပ္ပါသည္။

ယူေကတြင္သြားေရာက္ ပညာေလ့လာလိုသူမ်ားႏွင့္ အြန္လိုင္းမွတဆင့္ ယူေကတကၠသိုလ္မွ သင္တန္းမ်ား တက္ေရာက္လိုသူမ်ားအတြက္ Study UK အစီအစဥ္အရ ၿဗိတိသွ်ေကာင္စီ ႏွင့္ GREAT Britain campaign တို႔မွ အေဝးသင္ပညာေရးWebsite ျဖစ္သည့္ FutureLearn ႏွင့္ပူးေပါင္းၿပီး အြန္လိုင္းအခမဲ့သင္တန္းမ်ား ပို႔ခ်လ်က္ရွိပါသည္။ အဆိုပါအစီအစဥ္အရ ယူေကတကၠသိုလ္ႏွင့္ အဖြဲ႕အစည္းေပါင္း ၃၅ ခု မွ "Study UK: Prepare to study and live in the UK" အပါအဝင္ အြန္လိုင္းသင္တန္း ၃၂၅ ခုကို အခမဲ့ေလ့လာႏိုင္ၿပီး သင္တန္းအမ်ိဳးအစားမ်ားအား www.futurelearn.com/study-uk တြင္ေလ့လာကာ မိမိတက္ေရာက္လိုေသာ သင္တန္းကို စာရင္းေပးသြင္းၿပီး တက္ေရာက္ႏိုင္ပါသည္။

ၿဗိတိသွ်ေကာင္စီသည္ ယဥ္ေက်းမႈဆက္ဆံေရးမ်ားႏွင့္ ပညာေရးအခြင့္အလမ္းမ်ားအတြက္ ယူေက၏ ႏိုင္ငံတကာအဖြဲ႕အစည္း ျဖစ္ၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္တြင္ အႏုပညာႏွင့္ ယဥ္ေက်းမႈ၊ အဂၤလိပ္ဘာသာ၊ ပညာေရးႏွင့္ လူမႈေရးရာမ်ား စသည့္နယ္ပယ္မ်ား၌ လုပ္ကိုင္လွ်က္ရွိပါသည္။ ျမန္မာႏိုင္ငံ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕မ်ားတြင္ ႐ုံးမ်ားရွိၿပီး လုပ္ငန္းေဆာင္တာအစီအစဥ္ေပါင္းမ်ားစြာကို ႏိုင္ငံအႏွံ႔အေကာင္အထည္ ေဖာ္လုပ္ေဆာင္လ်က္ရွိပါသည္။

Read More:>>> ေဆးတကၠသိုလ္ (၅) ခုႏွင့္ ေဆးပညာႏွီးႏႊယ္တကၠသိုလ္ (၇) ခုအတြက္ ေက်ာင္းသား၊ ေက်ာင္းသူ (၂၇၀၀) ေက်ာ္ေရြးခ်ယ္

(www.edge.com.mm)

**Unicode**

ဗြိတိသျှကောင်စီမှ နိုဝင်ဘာလ (၄) ရက်နေ့မှ စတင်သင်ကြားပို့ချမည့် "Study UK: Prepare to study and live in the UK" အွန်လိုင်းသင်တန်း ကို မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပြီး သင်တန်းအပြီးတွင် Certificate of Achievement ကိုပါရရှိနိုင်ကြောင်း ဗြိတိသျှကောင်စီမှ သတင်းထုတ်ပြန်ထားပါသည်။

"Study UK: Prepare to study and live in the UK" အခမဲ့ အွန်လိုင်းသင်တန်းသည် နိုင်ငံတကာမှ ကျောင်းသား/သူများအား ယူကေနိုင်ငံရှိ တက္ကသိုလ်များ၏ သင်တန်းပုံစံများ၊ အကဲဖြတ်အမှတ်ပေးပုံများ၊ ယူကေ‌ရောက်သည့်အခါ ပြင်ဆင်ထားသင့်သည်များကို နားလည်စေရန် ရည်ရွယ်ပါသည်။

ယူကေအဆင့်မြင့်ပညာရေး၏ ထူးခြားသောလက္ခဏာများ၊ ကွဲပြားသော သင်ကြားရေးပုံစံများ၊ ကျောင်းသားများရရှိမည့် ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ အကြံပေးမှုများ၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက်များနှင့် နေရာထိုင်ခင်းရှာဖွေခြင်း၊ မိတ်ဆွေဖွဲ့ခြင်းတို့အပြင် ယူကေနိုင်ငံသို့ ဆိုက်ရောက်လာစဉ် ပြုလုပ်ရမည့်အရာများ အစရှိသော လက်တွေ့အသုံးကျသည့် လမ်းညွှန်မှုများကို လေ့လာမှတ်သားနိုင်မည် ဖြစ်သည်။

ဤအွန်လိုင်းသင်တန်းသည် လာမည့် ၂၀၂၀ ခုနှစ်တွင် ယူကေနိုင်ငံရှိ တက္ကသိုလ်များတွင် သွား‌ရောက်ပညာသင်ယူမည့်နိုင်ငံတကာမှ ကျောင်းသား/သူများ ၊ ယူကေအဆင့်မြင့်ပညာရေး အကြောင်း စိတ်ပါဝင်စားသော နိုင်ငံတကာမှ ကျောင်းသား ကျောင်းသူများ၊ လက်ရှိ ယူကေတွင်ပညာသင်ကြားနေပြီး စာပေဆိုင်ရာ စွမ်းရည်နှင့် ဗဟုသုတ တိုးတက်လိုသူများအပြင် အခြားနိုင်ငံတကာပညာရေးအား စိတ်ဝင်စားသူများအတွက် အကျိုးရှိမည့်သင်တန်းဖြစ်ပါသည်။

သင်တန်းအား (၉၀) ရာခိုင်နှုန်းအထက်ပြီးမြောက်ပါက အခမဲ့ဒစ်ဂျစ်တယ်အောင်လက်မှတ်ကိုပါ ရရှိနိုင်ပါသည်။ အဆိုပါသင်တန်းအား ၂၀၁၉ နိုဝင်ဘာလ (၄) ရက်နေ့တွင်စတင်မည် ဖြစ်ပြီး (၄) ပါတ်ကြာတက်ရောက်ရမည်ဖြစ်ပြီး တက်ရောက်လိုသူများ www.futurelearn.com/courses/prepare-to-study-uk တွင် စာရင်းသွင်းကာ တက်ရောက်နိုင်ပါသည်။

အခမဲ့ဒစ်ဂျစ်တယ်အောင်လက်မှတ်ကို ဖွံ့ဖြိုးဆဲနိုင်ငံများမှသင်တန်းတက်သူတွေကိုသာ အခမဲ့ပေးခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်အောင်လက်မှတ်အရေအတွက်ကို ကန့်သတ်ထားသောကြောင့် ကြိုတင်စာရင်းပေးပြီး သင်တန်းကိုပြီးမြောက်စေရန် ပေးထားသည့်လေ့ကျင့်ခန်းနှင့် သင်ခန်းစာများကို ပုံမှန်ပြုလုပ်သွားရန် လိုအပ်ပါသည်။

ယူကေတွင်သွားရောက် ပညာလေ့လာလိုသူများနှင့် အွန်လိုင်းမှတဆင့် ယူကေတက္ကသိုလ်မှ သင်တန်းများ တက်ရောက်လိုသူများအတွက် Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီ နှင့် GREAT Britain campaign တို့မှ အဝေးသင်ပညာရေးWebsite ဖြစ်သည့် FutureLearn နှင့်ပူးပေါင်းပြီး အွန်လိုင်းအခမဲ့သင်တန်းများ ပို့ချလျက်ရှိပါသည်။ အဆိုပါအစီအစဉ်အရ ယူကေတက္ကသိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၅ ခု မှ "Study UK: Prepare to study and live in the UK" အပါအဝင် အွန်လိုင်းသင်တန်း ၃၂၅ ခုကို အခမဲ့လေ့လာနိုင်ပြီး သင်တန်းအမျိုးအစားများအား www.futurelearn.com/study-uk တွင်လေ့လာကာ မိမိတက်ရောက်လိုသော သင်တန်းကို စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါသည်။

ဗြိတိသျှကောင်စီသည် ယဉ်ကျေးမှုဆက်ဆံရေးများနှင့် ပညာရေးအခွင့်အလမ်းများအတွက် ယူကေ၏ နိုင်ငံတကာအဖွဲ့အစည်း ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် အနုပညာနှင့် ယဉ်ကျေးမှု၊ အင်္ဂလိပ်ဘာသာ၊ ပညာရေးနှင့် လူမှုရေးရာများ စသည့်နယ်ပယ်များ၌ လုပ်ကိုင်လျှက်ရှိပါသည်။ မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ရုံးများရှိပြီး လုပ်ငန်းဆောင်တာအစီအစဉ်ပေါင်းများစွာကို နိုင်ငံအနှံ့အကောင်အထည် ဖော်လုပ်ဆောင်လျက်ရှိပါသည်။

Read More:>>> ဆေးတက္ကသိုလ် (၅) ခုနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် (၇) ခုအတွက် ကျောင်းသား၊ ကျောင်းသူ (၂၇၀၀) ကျော်ရွေးချယ်

(www.edge.com.mm)

 

News Read 479 times