IELTS မလိုဘဲ ဝင်ခွင့်လျှောက်လို့ရတဲ့ နိုင်ငံတကာ တက္ကသိုလ်များ

 

နိုင်ငံခြားမှာ အဆင့်မြင့်ပညာရေးအား လျှောက်လှမ်းဖို့ တွေးတောနေတဲ့ ကျောင်းသားတွေ အမေးများတဲ့မေးခွန်းကတော့ IELTS မဖြေထားဘဲ ကျောင်းလျှောက်လို့ရလား? ဘယ်တက္ကသိုလ်တွေက IELTS မတောင်းဘဲ ဝင်ခွင့်ပေးလဲ? ဆိုတာတွေပါ။ 


နိုင်ငံခြားမှာက သင်တန်းတွေကို အများပြောဘာသာစကားဖြစ်တဲ့ အင်္ဂလိုပဲ သင်ကြားရတဲ့အတွက် နိုင်ငံတကာကျောင်းသားတွေရဲ့ အင်္ဂလိပ်လို ဖတ်နိုင်၊ ရေးနိုင်၊ ပြောဆိုနိုင်မှုစွမ်းရည်ကို အကဲဖြတ်စစ်ဆေးတဲ့ IELTS / TOEFL ရမှတ်တွေက နိုင်ငံတကာတက္ကသိုလ်တွေရဲ့ အဓိက ဝင်ခွင့်သတ်မှတ်ချက်တစ်ခုပါ။ ဒါပေမဲ့ ဒီရမှတ်တွေမပါဘဲ ဝင်ခွင့်ပေးတဲ့ တက္ကသိုလ်တချို့လည်း ရှိနေပါတယ်။ 


ဒီဆောင်းပါးမှာတော့ ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ နိုင်ငံခြားမှာ ပညာသင်ကြားချင်တဲ့ သင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ၂၀၂၄ ခုနှစ်မှာ IELTS (သို့) TOEFL မပါလည်း ပညာသင်လို့ရတဲ့ နိုင်ငံ (၅) နိုင်ငံနဲ့ တက္ကသိုလ်တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

 

USA

 

USA မှာ ပညာသင်ကြားနိုင်ဖို့က ကမ္ဘာတစ်ဝှမ်းရှိ ကျောင်းသားများစွာအတွက် အိပ်မက်တစ်ခုဖြစ်ပါတယ်။ IELTS လိုအပ်ချက်ကလည်း နိုင်ငံတကာကျောင်းသားတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဒါပေမယ့် US မှာ IELTS ရမှတ်မပါဘဲ နိုင်ငံတကာ ကျောင်းသားတွေကို ဝင်ခွင့်ပေးတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေလည်း ရှိပါတယ်။ 


University of Colorado Boulder - ကျောင်းသားရဲ့ မိခင်ဘာသာစကားမှာ အင်္ဂလိပ်ဖြစ်ရင် (သို့) US ကျောင်းတစ်ခုခုမှာ (၁) နှစ် ပညာသင်ကြားဖူးသူဖြစ်ရင် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အထောက်အထား တင်ပြဖို့ မလိုအပ်ပါ။

 

Drexel University - သင်က ဘာသာစကား လိုအပ်ချက်နဲ့ မကိုက်ညီဘူးဆိုရင် သူတို့ကျောင်းရဲ့ University Preparation Summer Program (UPREP) နဲ့ Bridge Program တို့ကို တက်ရောက်ရပါမယ်။ 

 

အောက်မှာ ဖော်ပြထားတဲ့ တက္ကသိုလ်တွေကတော့ နိုင်ငံတကာကျောင်းသားတွေအတွက် Intensive English Language Program (IELP) ကို စီစဉ်ပေးပါတယ်။ 

- State University of New York

- University of Arkansas

- University of Dayton

 

သင်က အင်္ဂလိပ်လို သင်တဲ့ အထက်တန်းမှာ ကျောင်းပြီးခဲ့ရင် (သို့) ဘွဲ့ရခဲ့တာကို သက်သေပြနိုင်ရင် ဒီတက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုလက်မှတ်မရှိလည်း ကျောင်းလျှောက်လို့ရပါတယ်။ 

- California State University

- University of New Orleans

- University of Delaware

- University of Iowa

 

Australia

 

သြစတြေးလျရှိ တက္ကသိုလ်တွေဟာ IELTS/TOEFL အမှတ်မပါဘဲ ကျောင်းသားတွေကို ဝင်ခွင့်လက်ခံပါတယ်။ အထူးသဖြင့် အောက်ဖော်ပြပါ တက္ကသိုလ်ပါ။ 

- The University of Queensland

- The University of Adelaide

- The University of New South Wales

- Macquarie University

- Bond University

- The University of South Australia

- The University of Southern Queensland

- Swinburne University of Technology

 

University of Queensland ကတော့ သင်က အင်္ဂလိပ်စကားပြော အချိန်ပြည့်သင်တန်းကို ပြီးမြောက်ခဲ့ရင် သို့မဟုတ် အင်္ဂလိပ်စကားပြောလုပ်ငန်းခွင်မှာ အနည်းဆုံး ငါးနှစ် အလုပ်လုပ်ခဲ့ရင် ဝင်ခွင့်ပေးပါတယ်။  

 

University of Adelaide နဲ့ Macquarie University တို့က သင်တန်းမစတင်မီ သူတို့ရဲ့ အင်္ဂလိပ်ပရိုဂရမ်တစ်ခုကို လက်ခံမှသာ ကျောင်းသားတွေကို ဝင်ခွင့်ပေးပါတယ်။ 

 

Bond University နဲ့ University of South Australia တို့မှာ IELTS အစား CAE နဲ့ PTE ကဲ့သို့သော အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုရမှတ်တို့ကို လက်ခံပါတယ်။ 

 

University of Southern Queensland၊ Bond University နဲ့ Swinburne University of Technology တို့ကတော့ အထက်တန်းပညာရေးအထိ အင်္ဂလိပ်စကားပြော ကျောင်းမှာ တက်ခဲ့ရင် လက်ခံပါတယ်။ 


University of Southern Queensland ကတော့ တက္ကသိုလ်ဝင်ခွင့်အတွက် USQ ပရိုဂရမ် (University of Southern Queensland ရဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ဆောင်ရွက်ပေးတဲ့ ပရိုဂရမ်ပါ) ကို စီစဉ်ပေးပါတယ်။ 

 

Canada

 

ကနေဒါတက္ကသိုလ်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးက အများအားဖြင့် IELTS ကိုသာ အသိအမှတ်ပြုပေမဲ့ အခြေအနေပေါ်မူတည်ပြီး TOEFL ၊ PTE နဲ့ Duolingo တို့ကိုလည်း လက်ခံတာမျိုးရှိပါတယ်။ ဘာသာစကားကျွမ်းကျင်မှု လိုအပ်မှုက ကျောင်းသားတစ်ဦးချင်းစီရဲ့ တက္ကသိုလ်ရွေးချယ်မှုအပေါ်မှာလည်း မူတည်ပါသေးတယ်။

 

တချို့တက္ကသိုလ်တွေမှာဆိုရင် ကျောင်းသားတွေက အင်္ဂလိပ်စကားပြောနိုင်ငံမှ ဖြစ်ရင် သို့မဟုတ် ဘာသာစကားတက္ကသိုလ်တွင် အင်္ဂလိပ် အထူးပြုဘာသာရပ်ကို အချိန်ပြည့် (၄) နှစ် သင်ကြားပြီးမြောက်ထားရင် IELTS သတ်မှတ်ချက်မှ ကင်းလွတ်ခွင့် ရှိပါတယ်။ အောက်မှာ IELTS မပါဘဲ ကျောင်းသားတွေကို လက်ခံတဲ့ တက္ကသိုလ်တွေကို ဖော်ပြပေးထားပါတယ်။  

 

- Brock University

- Carleton University

- University of Winnipeg

- University of Regina

- Memorial University

- Concordia University

- University of Saskatchewan

- Seneca College, Toronto

- Okanagan College

- Cambrian College

 

UK

 

UK နိုင်ငံက တက္ကသိုလ်အချို့မှာလည်း IELTS (သို့) TOEFL မတောင်းဘဲ ကျောင်းဝင်ခွင့် ပေးအပ်တာတွေ ရှိပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုရင် သင်က အင်္ဂလိပ်ဘာသာစကားပြောပြီး သင်ကြားရတဲ့ ဘွဲ့တစ်ခုခုကို ပြီးမြောက်ထားတယ်ဆိုရင် သင်တက်ရောက်ခဲ့တဲ့ ကျောင်းဘက်မှ MOI (Medium of Instruction)  တောင်းထားလို့ ရပါတယ်။

 

နောက်ပြီး ၁၂ တန်းတုန်းက အင်္ဂလိပ်စာအမှတ် ၇၀% ကျော် ရထားရင်လည်း စဉ်းစားပေးပါတယ်။ UK ကျောင်းဗီဇာလျှောက်ဖို့အတွက် IELTS က လိုအပ်တယ်ဆိုပေမဲ့ အပေါ်မှာ ပြောခဲ့သလို MOI ပြပြီး အထက်တန်းတုန်းက အင်္ဂလိပ်စာအမှတ်သာ ကောင်းခဲ့လို့ တက္ကသိုလ်က ဝင်ခွင့်ရထားရင် အဆင်ပြေပါတယ်။

 

- University of Bristol

- The University of Bolton

- London Southbank University

- Robert Gordon University

- University of Plymouth

- University of Portsmouth

- Swansea University

- University of Warwick

- London Southbank University

- University of Greenwich


Germany 

 

သင်က အင်္ဂလိပ်ဘာသာစကား ကြားခံပြီး သင်ကြားတဲ့ ဘွဲ့ကြိုဒီဂရီတစ်ခုခု ရရှိထားရင် (သို့) သင့်မိခင်ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်ရင် TOEFL / IELTS ရမှတ်တို့ မလိုအပ်ပါဘူး။ တချို့တက္ကသိုလ်တွေမှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုကို စစ်ဆေးဖို့အတွက် ကျောင်းသားရဲ့ ယခင်ပညာရေးတက္ကသိုလ်မှ ထောက်ခံစာတစ်စောင်သာ တောင်းပါတယ်။ 

 

ဒါပေမဲ့ ကိုယ်ရွေးချယ်တဲ့ ဘာသာရပ်အပေါ်မှာလည်း မူတည်ပါသေးတယ်။ တချို့ဘာသာရပ်တွေအတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု မလိုအပ်ပေမဲ့ တချို့ဘာသာရပ်တွေအတွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုရလဒ်ကို မဖြစ်မနေ ပေးရတာလည်း ရှိပါတယ်။ 

 

- University of Siegen

- Ruhr University Bochum

- Chemnitz University of Technology

- Technical University of Braunschweig

- University of Bonn

 

အနှစ်ချုပ်ပြောရမယ်ဆိုရင် IELTS မရှိလည်း နိုင်ငံခြားတက္ကသိုလ်တွေကို ရွေးချယ်လျှောက်ထားနိုင်ပေမဲ့ အစားထိုး သက်သေထောက်ခံစာတွေ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်ရွေးချယ်လိုတဲ့ တက္ကသိုလ်၊ ကိုယ်လေ့လာသင်ယူလိုတဲ့ ဘာသာရပ်အပေါ်မှာ မူတည်ပြီး ဝင်ခွင့်အတွက် အင်္ဂလိပ်ဘာသာစကားအရည်အချင်းသတ်မှတ်ချက်တွေက မတူညီကွဲပြားနိုင်ပါတယ်။ 

 

Source  - study-abroad-without-ielts

 

University / College Read 75 times