ကျောင်းသား ကျောင်းသူများစာရင်းကို Mobile Application ဖြင့် ကောက်ယူမည်

အခြေခံပညာအထက်တန်းဆင့် ကျောင်းများတွင် ကျောင်းသားများ တက်ရောက် ပညာသင်ယူမှု အခြေအနေအား Mobile Application ဖြင့် ကောက်ယူမည့်ကိစ္စကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ဖွင့်လှစ်ခွင့်ရရှိသော အခြေခံပညာ အထက်တန်းဆင့်ကျောင်းများ၏ ကျောင်းသားစာရင်းများကို အခြေခံပညာဦးစီးဌာနက နေ့စဉ်ကောက်ယူ ပြုစုလျက်ရှိသည်ဟု ဧရာဝတီတိုင်းသေသကြီး ပညာရေးမှူးရုံးမှ သိရပါသည်။ 

(၂၀-၈-၂၀၂၀)ရက်နေ့မှစ၍ ကျောင်းအဆင့်မှ Mobile Application အသုံးပြု၍ C4M စနစ်ဖြင့် စမ်းသပ်ကောက်ယူမည်ဖြစ်ပါသည်။ အဆိုပါစနစ်အရကျောင်းအုပ်ကြီးများကဖြည့်သွင်းမည့် ကျောင်းသား စာရင်းအား အချိန်နှင့်တစ်ပြေးညီသိရှိနိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိရန် ပုံကိုထိပါ

No description available.

သို့ဖြစ်ပါ၍ မြို့နယ်ပညာရေးမှူးများအနေဖြင့် အဆင့်ဆင့်ပေးပို့တင်ပြလာသည့် ကျောင်းသား စာရင်းအားစိစစ်ပြီး အတည်ပြု တင်ပြရပါမည်။

(က) စမ်းသပ်ကာလအတွင်း နေ့စဉ်ပေးပို့နေကျဖြစ်သည့် စာရင်းရှိ၊ တက်ရောက်၊ ကျောင်းသားစာရင်းများအား ဆက်လက်ပေးပို့ရန်လိုအပ်ပါသည်။
(ခ ) Mobile Application အသုံးပြု၍ ပေးပို့သည့် ကျောင်းသားစာရင်းများသည် မြို့နယ်၊ ခရိုင်၊ တိုင်းသို့နေ့စဉ်ပေးပို့သည့် (Daily Report) ကျောင်းသားစာရင်းများနှင့် ကိုက်ညီမှုရှိရပါမည်။ 
(ဂ) အခြေခံပညာဦးစီးဌာနမှ Mobile Application အသုံးပြုနည်း video file အား SMS ဖြင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ရုံးများရှိ CAM အကောင့်ဖွင့်ထားသော ဖုန်းများသို့ တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။ 
(ဃ) ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၏ ကျောင်းသား စာရင်းများကို မြို့နယ်ရုံးများက C4M စနစ်တွင် Web Based ဖြင့် ဖြည့်သွင်းရပါမည်။

Ref: တိုင်းဒေသကြီးပညာရေမှူးရုံး (ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့)

Latest Post News Read 4219 times