STRATEGY FIRST UNIVERSITY Background History

STRATEGY FIRST UNIVERSITY Background History

မြန်မာနိုင်ငံရှိ စီးပွားရေးနှင့်စီမံခန့်ခွဲမှု ပုဂ္ဂလိကတက္ကသိုလ်တစ်ခု ဖြစ်သော Strategy First University ကို ၂၀၁၀ ခုနှစ်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လက်ရှိ Managing Director ဖြစ်သည့် ဆရာဦးအောင်ချစ်ခင်က စတင် တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ မြေနီကုန်းအနီး ဓမ္မစေတီလမ်းနှင့် ဗားဂရာလမ်းထောင့်ရှိ ပန်းခြံတာဝါအခန်း (၁၀၀၂) မှာ စတင်ဖွင့်လှစ်ခဲ့ပါသည်။

နိုင်ငံတကာနှင့်ထိတွေ့ဆက်ဆံရာမှာ ရဲဝံ့သော ပညာတတ်မြန်မာလူငယ်များပေါ်ပေါက်လာဖို့နှင့် နိုင်ငံတ ကာပညာရေးကို ပြည်တွင်းလူငယ်များ ထိတွေ့ခံစားစေလိုသည့်ရည်ရွယ်ချက်များဖြင့် Strategy First University ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

Strategy First University နှင့် မိတ်ဖက်နိုင်ငံတကာပညာရေး အဖွဲ့အစည်းတက္ကသိုလ်များ

စတင်ဖွင့်လှစ်စဉ်က ကျောင်းကချီးမြှင့်သည့် ကိုယ်ပိုင် Certificate သင်တန်းများဖြစ်သော Marketing ဘာသာရပ် နှင့်သက်ဆိုင်သည့်သင်တန်းများကို ဆရာဦးအောင်ချစ်ခင်ကိုယ်တိုင် ဦးစီးသင်ကြားပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ အရောက်တွင် UK အခြေစိုက်ပညာရေးအဖွဲ့အစည်းကြီးဖြစ်သော Institute of Commercial Management အဖွဲ့အစည်းကြီးနှင့် ချိတ်ဆက်ပြီး Advanced Diploma in Business Studies အဖြစ် Group Diploma Course များဖြစ်သော Marketing Management/Strategic Management/Customer Service/ Human Resources Management စသည့်ဘာသာရပ်များကို သင်ကြားပေးနိုင်ခဲ့ပါသည်။

ကောင်းမွန်ပြည်စုံသည့် သင်ကြားသည့်ပုံစံ တစ်မူထူးခြားသော ဝန်ဆောင်မှုများနှင့် ကျောင်းသား၊သူများ၏ လိုအပ်ချက်ကို အမြဲတမ်းဖြည့်ဆည်းပေးမှုရလဒ်အဖြစ် စတင်ဖွင့်လှစ်ပြီး ၂ နှစ်တာအတွင်းမှာပင် ကျောင်းသားအင်းအား နှစ် ရာဝန်းကျင်လောက်အထိတိုးတက်ခဲ့ပြီး သင်ကြားရေးအပိုင်းမှ ဆရာ၊ဆရာမအင်အားကလည်း ဆရာဦးအောင်ချစ်ခင်အပါအဝင်( )ဦးအထိရှိလာခဲ့ပါသည်။ Advanced Diploma သင်တန်းအဖြစ်မှ မြန်မာကျောင်းသားများနှင့် ပိုမိုကိုက်ညီသော Single Subject Diploma Course များကို ၂၀၁၃ ခုနှစ်မှာတိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းရှင်များ ကုမ္ပဏီဝန်ထမ်းလူငယ်များ အထူးစိတ်ဝင်စားသော ICM သင်တန်းများအပြင် ၂၀၁၅ ခုနှစ်စက်တင်ဘာလမှာ တက္ကသိုလ်ဝင်တန်းအောင် Undergraduate လူငယ်များအတွက် UK အခြေစိုက်ပညာ ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော National Computing Centre (NCC) နှင့် ချိတ်ဆက်ပြီး Undergraduate Program သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်မှာ Undergraduate Programme တက်ရောက်နေသည့် လူငယ်များ UK ထိကျောင်းသွားတက်ရန် မလိုပဲ မြန်မာ နိုင်ငံမှာ တက်ရောက်နိုင်ပြီး UK Oxford Brookes University မှ ဘွဲ့ ရယူနိုင်ရန် ချိတ်ဆက်လုပ်ဆောင်နိုင်ခဲ့ပါသည်။

 

ထို့အပြင်လုပ်ငန်းခွင်ဝင် ကုမ္ပဏီဝန်ထမ်းများ၊ Marketing ပိုင်းတာဝန်ယူဆောင်ရွက်နေကြသည့် ပရော်ဖက်ရှင်နယ် Markerter များအတွက် UK အခြေစိုက် Marketing အဖွဲ့အစည်းကြီးတစ်ခုဖြစ်သော the Chartered Institute of Marketing အဖွဲ့စည်းကြီးနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာချိတ်ဆက်ပြီး Diploma in Professional Marketing နှင့် Diploma in Marketing Communication ဘာသာရပ်များကို မြန်မာလူငယ်များတက်ရောက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

 

၂၀၁၆ ခုနှစ်တွင် Post Graduate လူငယ်များ အထူးစိတ်ဝင်စားကြသော နိုင်ငံတကာစီးပွားရေးလုပ်ငန်း များမှလည်း အသိအမှတ်ပြုသည့် MBA မဟာဘွဲသင်တန်းများကို UK နိုင်ငံ Heriot Watt University, Edinburgh Business School နှင့် အမေရိကန်အခြေစိုက် Laureate ပညာရေးအဖွဲ့အစည်းဝင် တက္ကသိုလ်တစ် ခုဖြစ်သည့် Stamford International University တို့နှင့်ချိတ်ဆက်ပြီး MBA/MSc/Signature MBA ဘွဲလွန့်သင် တန်းများကို ဂုဏ်ယူစွာဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့အတူ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ Association of Business Executives (ABE) အဖွဲ့အစည်းနှင့်ပူးပေါင်းပြီး စီးပွားရေးစီမံခန့်ခွဲမှု Diploma သင်တန်းများကို ဘွဲ့ရ ပြီး၊ အချိန်ပေးနိုင်သောလူငယ်များအတွက် ထပ်မံတိုးချဲ့ဖွင့်လှစ်ပေးခဲ့ပါသည်။

 

၂၀၁၈ ခုနှစ်မှ စတင်ကာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး လူငယ်များအတွက် Higher National Diploma သင်တန်းများကိုUK အခြေစိုက် Pearson ပညာရေး အဖွဲ့အစည်းနှင့် ချိတ်ဆက်သင်ကြား ပြီး Civil Engineering သင်တန်းများကိုလည်း Scottish Qualifications Authority (SQA) နှင့် ချိတ်ဆက်ကာ သင်ကြား ပေးလျက်ရှိပါသည်။

 

Strategy First University သည် ICM အသိအမှတ်ပြု ဘာသာရပ်ပေါင်း ၂၀ ကျော်၊ CIM အသိအမှတ်ပြု Professional Marketing Diploma သင်တန်းများ၊ Edinburgh Business School UK မှ တိုက်ရိုက်ချီး မြှင့်မည် EBS MBA/MSc မဟာဘွဲ့နှင့် Doctor of Business Administration(DBA) ဒေါက်တာဘွဲ့သင်တန်း၊ Stamford International University ကချီးမြင့်သည့် Signature MBA ABE မှချီးမြင့်မည် Diploma သင်တန်း များ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် NCC/HND Programme /Business and IT သင်တန်းများကို အချိန်ပြည့်ဖွင့်လှစ်ပေးလျက်ရှိပါသည်။

 

Strategy First University Certificate Program နှင့် တက်ရောက်နေသည့်ကျောင်းသားအရေအတွက်

ဂုဏ်သိက္ခာကြီးမားပြီး နိုင်ငံတကာပညာရေးနယ်ပယ်က အထင်ကရတက္ကသိုလ်၊ ပညာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဖွင့်လှစ်ထားတဲ့ ဒီပလိုမာ၊ MBADBA နှင့် အင်ဂျင်နီယာဘာသာရပ်တွေအပြင် Strategy First University မှ အချိန်ရှားပါသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအတွက် Own Business Management အတန်းများ၊ ဘဏ္ဍာရေးနယ်ပယ်က မန်နေဂျာများနှင့် ကုမ္ပဏီဝန်ထမ်းများအတွက် Banking Management သင်တန်း များကိုလည်း ပုံမှန်ဖွင့်လှစ်ပေးနေပါသည်။ မိတ်ဖက်ကုမ္ပဏီလုပ်ငန်းများ၊ အစိုးရဝန်ကြီးဌာနများနှင့်ချိတ်ဆက်ပြီး Corporate Training များ၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ပုံမှန်ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နေကြသော လူငယ်/လူကြီး များအတွက် Career အထောက်အကူဖြစ်စေမည့် Business English Certificate သင်တန်းများကို Cambridge Assessment English နှင့် ချိတ်ဆက်၍လည်းကောင်း ၊ General 4 Skills English သင်တန်းများကို လည်းကောင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေပါသည်။ ထို့အပြင် လက်ရှိ စီးပွားရေးလောက၊ Marketing ကဏ္ဍတို့တွင် ပိုမို အရေးပါလာသည့် Event Management CertificateSix Sigma အစရှိသည့် Certificate သင်တန်းများကိုပါ တိုးချဲ့ဖွင့်လှစ်လျက်ရှိပါသည်။

 

ဖွင့်လှစ်သည့် သင်တန်းများ များပြားလာသည် နှင့်အမျှ သင်တန်းသူ၊သင်တန်းသားဦးရေ တရွေ့ရွေ့တိုး တက်လာမှုကြောင့် ၂၀၁၆ ဧပြီလမှာ ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Strategy First Pyay Road Campus နှင့် ၂၀၁၇ မေလမှာ မန္တလေးကျောင်းခွဲကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ ဦးဝီစာရလမ်းမပေါ်ရှိ Strategy First University တတိယမြောက်ရန်ကုန်ကျောင်းခွဲကို ၂၀၁၇ ဇူလိုင်လမှာ တိုးချဲဖွင့်လှစ်နိုင်သည်အထိ အောင်မြင်မှုရခဲ့ပါသည်။ Strategy First University လှည်းတန်းကျောင်းခွဲကို ၂၀၁၈ မတ်လပိုင်းမှာ ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်နှင့်မန္တလေးမြို့များ အပြင် မြန်မာပြည်အလယ်ပိုင်းဒေသတစ်ခုဖြစ်သော စစ်ကိုင်းတိုင်း မုံရွာမြို့မှာ Strategy First University Monywa ကျောင်းခွဲကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ယခုနှစ် ၂၀၁၉ ခုနှစ် မေလတွင် Strategy First University ဆူးလေကျောင်းခွဲနှင့် စက်တင်ဘာလတွင် Strategy First University (Myaynigone Teaching Center 4) ကိုလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါသည်။

 

STF

 

နေရာဒေသအလိုက် ကျောင်းခွဲများဆက်တိုက်ဖွင့်လှစ်မှုနှင့်အတူ ၀န်ထမ်း နှင့် ကျောင်းသားအင်အားကလည်း တရွေ့ရွေ့ တိုးပွားလာပြီး လက်ရှိအချိန်အထိ Undergraduate နှင့် Postgraduate Programme တက်ရောက်ခဲ့သည့် ကျောင်သား၊သူဦးရေ ၂၅၀၀၀ ကျော် နှင့် ၀န်ထမ်းဦးရေ ၁၀၀ ကျော်အထိ ရှိခဲ့ပါပြီ။

 

အခုဖွင့်လှစ်ထားသော Single Subject Diploma/MBA နှင့် Undergraduate Program များတွင် တက်ရောက်နေသောကျောင်းသား/သူမှာ ၇၄၀၀ ကျော်အထိ ရှိနေပါသည်။ အခု လက်ရှိ Programme အသစ်များအဖြစ် နိုင်ငံတကာတက္ကသိုလ်ကြီးများနှင့်ချိတ်ဆက်ပြီး Civil Engineering Program နှင့် Construction Project Management (MSC) program တို့ကို သင်ကြားပေးလျက်ရှိပါသည်။ ထို့အပြင် အမေရိကန်အခြေစိုက် Project Management Institute နှင့်ချိတ်ဆက်ပြီး Project Management Professional Program အ သစ်ကိုလည်း မြန်မာကျောင်းသားများ သင်ကြားနိုင်အောင် ဆောင်ရွက်ထားပါသေးသည်။

 

Strategy First University Scholarship နှင့် CSR Programme

၁၀ စုနှစ်တစ်ခုအတွင်း Strategy First University ၏ အောင်မြင်မှုရရှိလာခြင်းများသည် အစဉ်အမြဲယုံကြည်ပေးခဲ့သည့် ကျောင်းသား၊သူများ၏အားပေးမှု ဆရာ၊ဆရာမကြီးများ၏ လမ်းညွှန်ပေးခဲ့မှု၊ မိတ်ဖက်အ ဖွဲ့အစည်းများ၏ ပံ့ပိုးမှုများကြောင့်ပင်ဖြစ်ပါသည်။ ကျောင်းစတင်တည်ထောင်စဉ်ကတည်းက ချမှတ်ထားရှိခဲ့ သည့် မူဝါဒတစ်ခုဖြစ်သော People/Planet/Profit ဆိုသည့်အတိုင်း လူမှုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်အရေး အရာကို ဦးစားပေးမူဝါဒအဖြစ် ကျင်သုံးခဲ့ပြီး Strategy First University CSR ပရိုဂရမ်များကို ဆက်တိုက် ပြုလုပ်လျက်ရှိပါသည်။

 

Strategy First University နှင့် ဆက်သွယ်ပညာသင်ကြားလျက်ရှိသော ကျောင်းသားတိုင်းသည် Strategy First University Always Students and Forever Customers ဖြစ်သည်နှင့်အညီ MBA နှင့် ICM သင်တန်းများ အပါအဝင် ပညာ သင်ဆုများစွာကိုလည်း ကျောင်းနာယကဆရာကြီး ဆရာမကြီးများအား ဂုဏ်ပြုသည့်အနေဖြင့် ပုံမှန်ချီးမြင့်ပေးလျက် ရှိပါသည်။ တိုင်းနှင့်ပြည်နယ်ရှိ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေး ပညာသင်ဆုများလည်း ပေးအပ်လျက်ရှိပါသည်။။ လက်ရှိတွင် ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့က တိုင်ရင်းသူ၊ တိုင်းရင်းသား သင်တန်းသူ၊သင်တန်းများကို ပညာသင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသားဟောင်းများအတွက် MBA Lucky Draw Program များကို တစ်နှစ်()ကြိမ် ကံစမ်းပေးလျက်ရှိပါသည်။

 

ဝန်ထမ်းများအတွက် ကျွမ်းကျင်မှုမြှင့်တင်သည့် အစီအစဉ်အဖြစ် Single Subject Diploma အတန်းများတက်ရောက်နိုင်ခြင်း၊ လုပ်သက်အလိုက် MBA အတန်းများ တက်ရောက်နိုင်ရန် စီစဉ်ပေးထားခြင်း ကျန်းမာရေးစောင့် ရှောက်မှု Program များ၊ မိဘနှင့်မိသားစုဝင် ကျန်းမာရေးစောင့်ရှောက်မှု အစီစဉ်များကိုပါ ခံစားခွင့်ရှိပါသည်။ Career အလိုက်သက်ဆိုင်သည့် Traning သင်တန်းများကိုလည်း စေလွှတ်သင်ကြားခွင့် ပေးထားပါသေးသည်။

 

လက်ရှိတစ်လတစ်ခါဖွင့်လှစ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများနှင့် လူမှုရေးတာဝန်ယူမှု (CSR) Class Batch ၂၈ အထိဖွင့်လှစ်ထားရှိပြီး CSR Class Member ပေါင်းက ၆၀၀၀ ဝန်းကျင်အထိ ရှိလာပြီဖြစ်ပါသည်။ ပြည်တွင်းလူ မှုရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး Strategy First University ဦးဆောင်မှုဖြင့် ကျောင်းသား၊သူများစုပေါင်းပြီး အလှူအတန်းများ ဆောင်ရွက်ပေးနေပါသည်။ ကျောင်းမှလည်း တစ်နှစ်တစ်ခါ အမှိုက်ကောက်ပွဲများ၊ ပညာရေးဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးလျက်ရှိပါသည်။အစိုးရပညာ သင်ကျောင်းများ တက္ကသိုလ်များနှင့်ချိတ်ဆက်ပြီး တက္ကသိုလ်ဝင်တန်းအောင်လူငယ်များအတွက် Career Choice Program များ Education Guide အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အခါမလပ်ကြီးမှူးကျင်းပလျှက်ရှိပါသည်။

 

ကျန်းမာရေးလှုပ်ရှားမှုနှင့် ဘာသာရေးဆောင်ရွက်ချက်များအဖြစ် Strategy First University မှဦးဆောင်ကာ သွေးလှူပွဲများ၊ ကျောင်းမှကြီးမှုထုတ်ဝေသော ပုတက်အပတ်စဉ်စာစောင်မှာလည်း ဘုရားဖြစ်တော်စဉ် ဗုဒ္ဓဝင်ရုပ်ပြ စာအုပ်များကို အွန်လိုင်း၊Off Line အခမဲ့ဖတ်ရှုနိုင်အောင် အသိပညာဖြန့်ဝေပေးလျက်ရှိပါသည်။ ကျောင်းသား၊ သူများနှင့်ဆရာများစုပေါင်း တစ်လတစ်ခါ ရွှေတိဂုံဘုရားဝတ်ရွတ်ပွဲများကိုလည်း ပြုလုပ်နေပါသည်။

 

အခြားသောသင်ကြားရေး ပရိုဂရမ်အထောက်ကူပြုနိုင်ဖို့ E-learning Program Video များ၊ စာကြည်တိုက်၊ Career Handbook များ အပတ်စဉ်စာဆောင်များကို ထုတ်ဝေပြီး ကျောင်းသား၊ကျောင်းသူများအား အခမဲ့ဖြန့် ဝေပေးလျက်ရှိပါသည်။ ကျောင်းလေ့လာရေးခရီးစဉ်အဖြစ် ပြည်တွင်း၊ပြည်ပကုမ္ပဏီ၊လုပ်ငန်းများနှင့်ချိတ်ဆက် ပြီး Inbound/Outbound လေ့လာရေးအစီစဉ်များကိုလည်း ပုံမှန်လုပ်ဆောင်ပေးနေပါသည်။ ဆက်လက်ပြီး အခြားသောအစီအစဉ်ကောင်းများ၊အလုပ်ရုံဆွေးနွေးပွဲများ ၊ ဟောပြောပွဲများ ဘွဲလက်မှတ်ပေးအပ်ချီးမြှင့်ပွဲများကိုလည်း ထပ်မံကျင်းပပေးသွားပါမည်။ အခြားသောနိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီးများနှင့်ချိတ် ဆက်ပြီးလည်း ကျောင်းသား၊သူတွေများ၏ အနာဂတ်အခွင့်အလမ်းများ ပိုမိုတောင်ပြောင်လာအောင် အစဉ်အမြဲ ဖြည့်ဆည်းပေးဖို့ Strategy First University မှ အမြဲတစေကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

 

News Read 3886 times