စင်ကာပူ-မြန်မာသက်မွေး အခမဲ့သင်တန်းကျောင်း ဖွင့်လှစ်မည်

စင်ကာပူ-မြန်မာသက်မွေး အခမဲ့သင်တန်းကျောင်း ဖွင့်လှစ်မည်

စင်ကာပူအစိုးရနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော စင်ကာပူ-မြန်မာသက်မွေး သင်တန်းကျောင်းက ဟိုတယ်နှင့် ခရီးသွားဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်အခမဲ့သင်တန်း များအတွက် သြဂုတ် () ရက်မှ စတင်ခေါ်ယူမည်ဟု ကြေညာထားပါသည်။

 

ဟိုတယ်နှင့် ခရီးသွားဘာသာရပ်များအနေဖြင့် Front office Operations, Housekeeping Operation, Restaurant Operation, Retail Operations ဘာသာရပ်များ၊အင်ဂျင်နီယာဘာသာရပ်များအနေဖြင့် Electrical Engineering, Electronics (Computer Networking), Residential Air Conditioning, Building Fixtures & Equipment, Mechatronics (Basic Servicing),General Welding ဘာသာရပ်များ သင်ကြားမည် ဖြစ်ပါသည်။

 

တက္ကသိုလ်ဝင်တန်းအောင်ပြီး အသက် (၁၆) နှစ်ပြည့်သောမည်သူမဆို တက်ရောက်နိုင်ကာ သင်တန်းကာလ() လကို အချိန်ပြည့် တက်ရောက်ရမည်ဖြစ်ပါသည်။

 

စင်ကာပူ-မြန်မာသက်မွေးသင်တန်းကျောင်းက မြန်မာအစိုးရနှင့် စင်ကာပူအစိုးရပူးပေါင်းဖွင့်တာါ။ နတ်မောက်လမ်းက သက်မွေးသင်တန်းကျောင်းမှာ တစ်နှစ်() ကြိမ် သင်တန်းသားခေါ်ပါတယ်။ လူတွေ့စစ်ဆေးပြီး သင်တန်းသားရွေးချယ်တယ်။" ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါသည်။

 

သင်တန်းများကို နိုဝင်ဘာ () ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ပညာရေးဝန်ကြီးဌာနနှင့် စင်ကာပူအစိုးရက အသိအမှတ်ပြုသည့် သက်မွေးပညာ ကျွမ်းကျင်လက်မှတ် (SMVTI Certificate) ပေးအပ်မည်ဖြစ်ပါသည်။

 

သင်တန်းဝင်ခွင့် ပုံစံများကို Singapore-Myanmar Vocational Training Institute အမှတ် (၁၂၃) နတ်မောက်လမ်း ဗဟန်းမြို့နယ် ရန်ကုန်မြို့တွင် ကိုယ်တိုင်ထုတ်ယူပြီး သြဂုတ် () ရက်မှ (၁၆) ရက်အထိ လျှောက်ရမည်ဟု ကြေညာထားပါသည်။

 

Read More>>>>>ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၂၀၁၉ ခုနှစ်၊ ပထမနှစ်ဝင်ခွင့် လျှောက်လွှာခေါ်ယူခြင်း

 

လုပ်ငန်းခွင် အခြေအနေအတိုင်း ဖန်တီးသင်ကြားသော လက်တွေ့ဦးစားပေး အချိန်ပြည့်သင်တန်းများဖြစ်ပြီး တန်းခွဲတစ်ခုလျှင် ကျောင်းသား (၄၀) နှုန်းလက်ခံရန် လျာထားသည်ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ဆိုပါသည်။

 

စင်ကာပူ-မြန်မာသက်မွေးပညာသင်တန်းကျောင်းကို သက်မွေးပညာဆိုင်ရာ နယ်ပယ်များတွင် အထောက်အကူပြုနိုင်ရန်၊ လိုအပ်သော ကျွမ်းကျင်လုပ်သားများမွေးထုတ်နိုင်ရန်၊ မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များကို လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းကဏ္ဍများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ရန်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဆရာ၊ ဆရာမများကို လေ့ကျင့်သင်ကြားပေးနိုင်ရန်၊ နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပြိုင်လာမည့်သက်မွေးပညာရပ်ဆိုင်ရာ ကျွမ်းကျင် လုပ်သားလိုအပ်ချက်များဖြည့်ဆည်းရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလမှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

 

Source: 7Day News

 

News Read 3649 times