Sales Hotline : 09448001653       Download App



ကျောင်းဖွင့်ကာလအတွင်း ကျောင်းမအပ်သည့် ကလေးများကို အိမ်တိုင်ရာရောက်ခေါ်ယူမည်

ကျောင်းဖွင့်ကာလအတွင်း ကျောင်းမအပ်သည့် ကလေးများကို အိမ်တိုင်ရာရောက်ခေါ်ယူမည်

အခြေခံပညာကျောင်း များတွင် မေလ ၂၅ ရက်က ကျောင်းအပ်စတင်လက်ခံနေပြီး ကျောင်းဖွင့်ပြီး နှစ်ပတ်ကြာအထိ ကျောင်းမအပ်သေးသည့် ကျောင်းနေအရွယ် ကလေးများကို မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ အိမ်တိုင်ရာရောက်ခေါ်ယူမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါ်ခင်မာဆွေက ပြောပါသည်။

 

ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေး ရပ်ကွက်၊ ကျေးရွာအတွင်းရှိ အသက် ()နှစ်မှ (၁၈)နှစ်အထက် ကျောင်းနေရမည့် ကလေးဦးရေစာရင်းကို ကျောင်းအပ်နှံရေး သီတင်းပတ်မတိုင်မီ ကောက်ယူရန် အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားပါသည်။

 

မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အသက်အုပ်စုအလိုက် ကြိုတင်ကောက် ယူထားသော ကလေးဦးရေစာရင်းအရ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံမှု ရှိ၊ မရှိ စောင့်ကြည့်မည်ဖြစ်ပါသည်။

 

ယင်းစာရင်းအရ သတ်မှတ် နယ်မြေကျောင်းများသို့ ကျောင်းဖွင့်ချိန်အထိ ရောက်မလာသော ကလေးငယ်များ၊ ယခင်အတန်းများတွင် ကျောင်းတက်ရောက်ပြီး ယခုနှစ်တွင် ကျောင်းမတက် ရောက်နိုင်သော ကျောင်းသား၊ ကျောင်းသူများကို လိုက်လံခေါ်ယူပြီး ကျောင်းတက်ရောက်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်ပါသည်။

 

‘‘မြို့နယ် အထွေထွေအုပ် ချုပ်ရေးမှူးတွေနဲ့ ပေါင်းပြီးအဲဒီ ကလေးတွေသည်ဘာကြောင့် ပျက်ကွက်နေလဲ၊ ဘာကြောင့် မနေနိုင်တာလဲဆိုတာ လိုက်လံ ကောက်မယ်။ မိသားစုရဲ့ စားဝတ်နေရေးကို သူလုပ်နေရတယ်ဆိုရင် ကျောင်းပြင်ပပညာရေးမှာ သူတက်နိုင်သလားဆိုတာ ချိတ်ဆက်ပေးမယ်’’ဟု ဒေါ်ခင်မာဆွေ က ပြောပါသည်။

ပုံမှန် အခြေခံပညာကျောင်း မတက်ရောက်နိုင်သော ကလေးများကို ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်ထားသည့် ကျောင်းပြင်ပပညာရေးအခြေစိုက်စခန်းများ၌ သင်ယူနိုင်ရန် ချိတ်ဆက်ပေးမည်ဟု ၎င်းကဆိုပါသည်။

 

‘‘ရပ်ကွက်အလိုက် အပ်ရမယ့် ကျောင်းတွေသတ်မှတ်ထားတာရှိပါတယ်။ ကိုယ့်ကျောင်းကို ဒီ နှစ် အသက် ()နှစ်ပြည့်ပြီးတဲ့ ကလေးဘယ်နှယောက် ကျောင်းအပ်မယ်ဆိုတာ ကြိုစာရင်း ကောက်ထားရတာပေါ့။ ဒီကလေးတွေထဲက တစ်ယောက်ရောက် မလာရင်ဘာလို့လဲဆိုတာ ကျောင်းဖွင့်ပြီး တစ်ပတ်အတွင်း စုံစမ်းရမယ်’’ဟု ဗိုလ်တထောင်မြို့နယ်မှ အထက်တန်းကျောင်း အုပ်တစ်ဦးကရှင်းပြပါသည်။

 

Read More: ကျောင်းသားမိဘတိုင်း သိသားသင့်တဲ့ (၁၂) တန်းပညာရေးစနစ်သစ်အကြောင်း

 

ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ ရောက်ရှိလာ ရေးနှင့် ကျောင်းထွက်သူပပျောက် ရေး စီမံချက်အနေဖြင့် ယင်းအစီအစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး မိဘများအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါသည်။

 

ယခု ပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာ အသင်း ကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေး ငွေမျှမကောက်ခံဘဲ မူလတန်းအ ဆင့်အတွက် ဗလာစာအုပ် တစ်ဒါဇင်နှင့် ကျောင်းသုံးပြဋ္ဌာန်းစာ အုပ်တစ်စုံစီ၊ အလယ်တန်းအဆင့် နှင့် အထက်တန်းအဆင့်အတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တစ်စုံစီ ထောက်ပံ့မည်ဖြစ်ပါသည်။

 

ပြီးခဲ့သည့် ပညာသင်နှစ်က တစ်နိုင်ငံလုံးတွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ ၉ ဒသမ ၄ သန်းကျော်ရှိခဲ့ပါသည်။

 

 

Source: 7 Day Daily

 

 

 

News Read 1521 times