ထောက်ပံ့ကြေးပေး၍ သင်ကြားမည့် အထည်စစ်(QC)သင်တန်း စက်တင်ဘာတွင် ဖွင့်မည်

ထောက်ပံ့ကြေးပေး၍ သင်ကြားမည့် အထည်စစ်(QC)သင်တန်း စက်တင်ဘာတွင် ဖွင့်မည်

ယင်းသင်တန်းကို လှိုင်သာ ယာမြို့နယ် (၇)ရပ်ကွက်ရှိ စုအ သက်မွေးဝမ်းကျောင်းသိပ္ပံတွင် လာမည့် စက်တင်ဘာအတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ထောက်ပံ့ကြေးပေးကာ သင်ကြားမည်ဖြစ်သည်။

သင်တန်းကို နှစ်လလျှင် တစ်ကြိမ်နှုန်း ဖွင့်လှစ်ရန် စီစဉ်ထားပြီး မြန်မာနိုင်ငံတွင် ကျွမ်းကျင် လုပ်သားရှားပါးမှုကို တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု အောင်မြင်မှုသင်တန်း တာဝန်ခံဒေါ်ကြွယ်ဖြိုးဖြိုးအေးကဆိုည်။

‘‘အောင်မြင်မှုအဖွဲ့ကနေပြီး တော့ သင်တန်းသားတွေအတွက်  လိုအပ်မယ့် အထောက်အပံ့တွေ၊ သင်တန်းဆရာတွေကို ပံ့ပိုးပေး သွားမှာဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ယင်းသင်တန်းတက်ရောက် ခွင့်ရှိသူများကို တစ်ရက်လျှင် ထောက်ပံ့ကြေးကျပ် ၁,၈၀၀ ပေး မည်ဖြစ်ကာ နေ့လယ်စာကျွေးပြီး သင်တန်းပြီးစီးပါက အလုပ်အ ကိုင်ရရှိရန် ကူညီပေးမည်ဟု ကြေညာထားသည်။

‘‘ဒီသင်တန်းမှာ လုပ်ငန်းပိုင်း ဆိုင်ရာအပြင် အင်္ဂလိပ်ဘာသာ စကား၊ အလုပ်သမားဥပဒေရေး ရာ စတာတွေကိုပါ သင်ကြားပေး သွားမှာဖြစ်လို့ တက်ရောက်ခွင့် ရရှိနိုင်မယ့် သူတွေကို သတ်မှတ် အရည်အချင်းနဲ့ ကိုက်ညီမှုရှိ၊ မရှိ အရင်စစ်ဆေးသွားမှာပါ’’ဟု စုအသက်မွေးဝမ်းကျောင်းသိပ္ပံမှ ကျောင်းအုပ်ဒေါ်ညိုညိုက ပြော ကြားသည်။

 သင်တန်းတက်ရောက်လို သူများမှာ အသက်(၁၈)နှစ်မှ (၄၀)နှစ်အတွင်း ဘွဲ့ရရှိပြီးသူဖြစ်ရ မည်ဖြစ်သည်။

ထို့အပြင် အထည်ချုပ်စက် ရုံများတွင် ခြောက်လအနည်းဆုံး လုပ်ကိုင်ဖူးကာ စက်ချုပ်ပညာနှင့် ပတ်သက်၍ အခြေခံဗဟုသုတ များရှိရန်လိုပြီး ဝင်ခွင့်စာမေးပွဲကို ကနဦးဖြေဆိုရမည်ဟု ကြေညာ ထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 1964 times