သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်

** Unicode **

** ရည်ရွယ်ချက် **

- နိုင်ငံအကျိုးပြု သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊

- စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေး အတွက် အမျိုးသားအဆင့် အရည်အသွေး အခြေခံအဆောက်အအုံများ ကြံ့ခိုင်အားကောင်း လာစေရေး ဆောင်ရွက်ရန်နှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့် ကာကွယ်ရေးကိစ္စများ ဆောင်ရွက်ရန်၊

- စက်မှုကုန်ထုတ် လုပ်ငန်းများနှင့် လူမှုစီးပွားဖွံ့ဖြိုးမှုဆိုင်ရာ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

- နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းများဖြင့် အဆင့်မီဓာတ်ခွဲစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်၊

- ပြန်ပြည့်မြဲစွမ်းအင်နှင့် အီလက်ထရောနစ် နည်းပညာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ  သုတေသနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊

- ဓာတုနည်းပညာအသုံးချ တန်ဘိုးမြှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊
 

** လုပ်ငန်းတာဝန် **

- ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ အသုံးပြုမှု Training Center ကို ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်း

- စံချိန်စံညွှန်း ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ စမ်းသပ်မှုများ ဝန်ဆောင်မှုပေးခြင်း၊

- ပညာရေးဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ ပြန်ပြည့်မြဲနှင့် ဆန်းသစ်သော စွမ်းအင်ဝန်ကြီးဌာန တို့အကြား ပြန်ပြည့်မြဲစွမ်းအင် နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

- အီလက်ထရောနစ် နည်းပညာဆိုင်ရာ သုတေသနနည်းပညာများ အပြန်အလှန် ပူးတွဲလေ့လာခြင်း အတွက် BIRM မှ ကျွမ်းကျင်ပညာရှင်များလာရောက်၍ သင်တန်းပို့ချခြင်း၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ရွေးချယ် စေလွှတ်သော သုတေသနပညာရှင်များ BIRMသို့ သွားရောက်လေ့လာခြင်း အစီအစဉ်များကို ဆောင်ရွက်ခြင်း၊

- နည်းပညာဖြန့်ဝေခြင်းနှင့် နည်းပညာကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရေး အတွက် Joint Laboratory ပူးပေါင်း ဆောင်ရွက်မှုမှရရှိလာသော နည်းပညာများဖြန့်ဝေခြင်းနှင့် သုတေသနလုပ်ငန်း များမှရရှိလာသော အသိပညာများနှင့် လက်တွေ့အသုံးချ နည်းပညာပိုင်း ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊

- အရည်အ‌သွေးမြင့် နာနိုဒြပ်ပစ္စည်းများကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ၊ အသေးစားနှင့်အလတ်စား ကုန်ထုတ်လုပ် မှုကဏ္ဍများတွင် Fabrication ပြုလုပ်၍ လက်တွေ့အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ခြင်း၊

- နိုင်ငံတကာအဆင့်မီအစားအစာ၊ ဆေးဝါးနှင့်ဓာတုနည်းပညာ သုတေသနဌာနအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နှစ်စဉ်စီမံကိန်းများဖြင့် သုတေသန ဓာတ်ခွဲခန်းများ တိုးချဲ့၍ အစီအမံများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊

Overseas Education Agents & Consultancy (84) နိုင်ငံရပ်ခြားပညာရေး ဝန်ဆောင်မှုနှင့် အတိုင်ပင်ခံလုပ်ငန်း နှင့်ပတ်သက်ပြီး (၈၄) ခုရှာရန်နှိပ်ပါ။

- မြန်မာနိုင်ငံ အမျိုးသားအဆင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသော နိုင်ငံခြား သွင်းကုန်/ ပို့ကုန်ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို သတ်မှတ်ထားသော အရည်အသွေးပြည့်မီမှု ရှိ/မရှိ စစ်ဆေးပေးနိုင်သော အသိအမှတ်ပြုဓာတ်ခွဲခန်း (Reference   Laboratory ) အဖြစ် ဆောင်ရွက်ခြင်း၊

- ပညာရေးဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များနှင့် သုတေသနဌာနများမှ နိုင်ငံအကျိုးပြု သုတေသန ဆန်းသစ်တီထွင်မှု လုပ်ငန်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းနှင့် ပုဂ္ဂလိကလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၏ အရည်အသွေး ပြည့်မီမှု ရှိ/မရှိတိုင်းတာခြင်း၊

- နိုင်ငံတကာအသိအမှတ်ပြု ISO/ IEC 17025 လက်မှတ်ရရှိသော ဓာတ်ခွဲခန်း တစ်ခု ဖြစ်လာစေရေးအတွက် စံချိန်စံညွှန်းနှင့် ကိုက်ညီသော ဓာတ်ခွဲခန်း ပြင်ဆင်ထားမှုများနှင့် ဓာတ်ခွဲတိုင်းတာ ဆောင်ရွက်မှုများကို အရည်အသွေးပြည့်မီရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ဓာတ်ခွဲတိုင်းတာမှု စွမ်းဆောင်ရည် စစ်ဆေးခြင်း (Proficiency Testing) တွင် ပါဝင်ဆောင်ရွက်ခြင်း၊

Read More:>>>  (၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

- စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များကို ဓာတ်ခွဲတိုင်းတာမှု အရည်အသွေး တိုးတက်မြင့်မားလာရေးနှင့် တိုင်းတာအသုံးပြုသော စက်ပစ္စည်းကိရိယာများ ရေရှည် သုံးစွဲနိုင်ရန် ထိန်းသိမ်းဆောင်ရွက်ရေး တို့အတွက် နည်းပညာဆွေးနွေးခြင်း၊ ဓာတ်ခွဲတိုင်းတာမှု ဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ခြင်း၊

- မြန်မာနိုင်ငံ စံချိန်စံညွှန်းများအား အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ဒေသဆိုင်ရာ စံချိန်စံညွှန်း ဆိုင်ရာများအား ကိုးကား၍ချမှတ်ခြင်း၊
(Ministry of Education)
(www.edge.com.mm)
 

** Zawgyi **

** ရည်ရွယ်ချက် **






 

** လုပ်ငန်းတာဝန် **




Overseas Education Agents & Consultancy (84) နိုင်ငံရပ်ခြားပညာရေး ဝန်ဆောင်မှုနှင့် အတိုင်ပင်ခံလုပ်ငန်း နှင့်ပတ်သက်ပြီး (၈၄) ခုရှာရန်နှိပ်ပါ။









Read More:>>>>  (၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအထောက်အကူပြု ရူပဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

(Ministry of Education)
(www.edge.com.mm)
 

Latest Post Read 1341 times