၂၀၁၉ အတွက် ကျောင်းပိတ်ရက် ၁၇၂ ရက်ရှိမည်ဟု ထုတ်ပြန်ထား

၂၀၁၉ အတွက် ကျောင်းပိတ်ရက် ၁၇၂ ရက်ရှိမည်ဟု ထုတ်ပြန်ထား

၂၀၁၉ခုနှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေ အပါအဝင် ၁၇၂ ရက် ရှိ မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက မေလနောက်ဆုံးပတ်တွင် ထုတ်ပြန်ထားပါသည်။

 

ယင်းကဲ့သို့ ကျောင်းပိတ်ရက်များတွင် ဇန်နဝါရီလအတွက် ၁၀ ရက်၊ ဖေဖော်ဝါရီလအတွက် ကိုးရက်၊ မတ်လအတွက် ၁၂ ရက်၊ ဧပြီလအတွက် ၃၀ ရက်၊ မေလအတွက် ၃၁ရက်၊ ဇွန်လအတွက် ၁၀ရက်၊ ဇူလိုင်လအတွက် ၁၀ရက်၊ ဩဂုတ်လအတွက် ကိုးရက်၊ စက်တင်ဘာလအတွက်ကိုးရက်၊ အောက်တိုဘာလအတွက်၁၃ရက်၊ နိုဝင်ဘာလအတွက် ၁၁ရက်၊ ဒီဇင်ဘာလအတွက် ၁၆ရက်၊ အီဒွလ်အသွာဟာပွဲနေ့အတွက် တစ်ရက်၊ ဒီပါဝလီနေ့အတွက် တစ်ရက် စုစုပေါင်း ၁၇၂ရက် ရှိမည်ဖြစ်ကြောင်း သိရပါသည်။

 

၂၀၁၉ခုနှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းဖွင့်ရက်များအဖြစ် ၁၉၃ရက် ရှိမည်ဖြစ်ပြီး ဇန်နဝါရီလအတွက် ၂၁ရက်၊ ဖေဖော်ဝါရီလအတွက် ၁၉ရက်၊ မတ်လအတွက် ၁၉ ရက်၊ ဇွန်လအတွက် ရက် ၂၀၊ ဇူလိုင်လအတွက် ၂၁ရက်၊ ဩဂုတ်လအတွက် ၂၂ ရက်၊ စက်တင်ဘာလအတွက် ၂၁ ရက်၊ အောက်တိုဘာလအတွက် ၁၈ ရက် နိုဝင်ဘာလအတွက် ၁၉ရက်၊ ဒီဇင်ဘာလအတွက် ၁၅ရက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။

 

Read More: အဝေးသင်ပထမနှစ်များအတွက် စာစဉ်တင်ရမည့်ရက် တိုးမြှင့်ပေးခြင်း

 

ယင်းကျောင်းပိတ်ရက်များထဲတွင် နိုင်ငံတကာနှစ်သစ်ကူးနေ့၊ လွတ်လပ်ရေးနေ့၊ ကရင်နှစ်သစ်ကူးနေ့၊ ပြည် ထောင်စုနေ့၊ တောင်သူလယ်သမားနေ့၊ တပေါင်းလပြည့်နေ့၊တပ်မတော်နေ့၊ နွေရာသီကျောင်းပိတ်ရက်၊ ဝါဆိုလပြည့်နေ့၊ အာဇာနည်နေ့၊ သီတင်းကျွတ်ပိတ်ရက်၊ တန်ဆောင်တိုင်ပွဲတော်၊ အမျိုးသားအောင်ပွဲနေ့၊ ဒီဇင်ဘာကျောင်းပိတ်ရက်၊ နိုင်ငံတကာ နှစ်သစ်ကူးအကြိုနေ့၊ အီဒွလ်အသွာဟာပွဲနေ့၊ ဒီပါဝလီနေ့တရားဝင်ကျောင်းပိတ်ရက် စုစုပေါင်း ၉၂ ရက် ပါဝင်မည်ဖြစ်ကြောင်း သိရပါသည်။

 

Source: The Standard Time Daily

 

News Read 3096 times