သင်မူလတန်းအောင်မြင်ရုံဖြင့် အသက်မွေးသင်တန်းကျောင်း (၄) ခုရွေးချယ်တက်ရောက်နိုင်ပြီ

သင်မူလတန်းအောင်မြင်ရုံဖြင့် အသက်မွေးသင်တန်းကျောင်း (၄) ခုရွေးချယ်တက်ရောက်နိုင်ပြီ

မူလတန်း အောင်မြင်ပြီးသူများ တက်ရောက်နိုင်မည့် သက်မွေး သင်တန်းလေးခုကို ပညာရေးဝန် ကြီးဌာနက အစိုးရနည်းပညာအထက်တန်းကျောင်းသုံးကျောင်းတွင် စက်တင်ဘာ () ရက်ကစတင်ဖွင့်လှစ်မည်ဟု ကြေညာထားပါတယ်။

 

အစိုးရ နည်းပညာအထက် တန်းကျောင်း (နေပြည်တော်)တွင် အုတ်စီကျွမ်းကျင်သင်တန်းနှင့် သံချည်သံကွေးကျွမ်းကျင် သင်တန်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ) တွင်ပုံဆင်၊ ပုံရိုက်ကျွမ်းကျင်သင်တန်းနှင့် လမ်းခင်းကျွမ်းကျင်သင်တန်း၊ အစိုးရနည်းပညာအထက် တန်းကျောင်း (မန္တလေး) တွင် သံချည်သံကွေး ကျွမ်းကျင်သင်တန်း ဖွင့်လှစ်မည်ဖြစ်ပါတယ်။

 

အသက် (၁၈) နှစ်မှ (၄၀) နှစ်ကြား မူလတန်းအောင်မြင် ပြီးသူတိုင်း လျှောက်ထားနိုင်ပြီး  သင်တန်းကာလ သုံးလတက် ရောက်ရမည်ဖြစ်ပါတယ်။

 

High School အထက်တန်းကျောင်းများ (93)High School နှင့်ပတ်သက်ပြီး သင်တန်း (93)ခု ရှာရန်နှိပ်ပါ။

International Schools (106)နိုင်ငံတကာကျောင်းများ နှင့်ပတ်သက်ပြီး (106)ခု ရှာရန်နှိပ်ပါ။

သင်တန်းဖွင့်လှစ်မည့် ကျောင်းများတွင်  သြဂုတ် (၁၆) ရက်မှ စက်တင်ဘာ () ရက်အထိ သင်တန်းဝင်ခွင့်လျှောက်ထားရမည်ဖြစ်ပြီး  နိုင်ငံသားစိစစ်ရေးကတ်မိတ္ထူ  တစ်စောင်၊ လိုင်စင်ဓာတ်ပုံ သုံးပုံ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ရဲစခန်းထောက်ခံစာတို့ တင်ပြရမည်ဖြစ်ပါတယ်။

 

ထိုကာလတိုသင်တန်းများ ကိုအာရှဖွံ့ဖြိုးရေးဘဏ်၏ ပံ့ပိုးမှုဖြင့် စက်မှုဝန်ကြီးဌာန၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းလျက်ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လူငယ်များအလုပ် အကိုင်အခွင့်အလမ်းများအတွက် အသင့်ပြင်ဆင်ပေးခြင်း စီမံကိန်း (Equipping Youth for Employment Project - EYE) အနေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

 

Read More:>>>>>လာမည့်ပညာသင်နှစ်တွင် အခြေခံပညာသင်ရိုးသစ်ပြောင်းလဲမည့် အတန်းသုံးတန်း

 

ဆောက်လုပ်ရေး၊ ဂဟေဆက်၊ လယ်ယာသုံးစက်ပြုပြင် ထိန်းသိမ်းရေးစသည့် ကျွမ်းကျင်မှုနယ်ပယ်များတွင် စီးပွားရေး လုပ်ငန်းများက လိုအပ်နေသည့် အတတ်ပညာကျွမ်းကျင်မှုများကိုအခွင့်အလမ်းနည်းပါးသော လူ ငယ်များ၊ ကျွမ်းကျင်မှုမရှိသည့် လုပ်သားများအား ကျွမ်းကျင်မှု အမျိုးမျိုးကို အသင့်လေ့ကျင့် ပြင်ဆင်ပေးမည့် ကျွမ်းကျင်မှု အခြေပြုကာလတို သင်တန်းများနေရာဒေသအလိုက် တိုးချဲ့ဖွင့် လှစ်ပေးခြင်းများ အပါအ၀င်နည်း  ပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးပေးရန် EYE Project က ရည်ရွယ်ထားပါတယ်။

 

Source: 7Day Daily

 

News Read 4815 times