Sales Hotline : 09448001653       Download App



မူကြိုကျောင်းထားတဲ့ကလေးတိုင်း ဘာကြောင့် ထူးချွန်ထက်မြက်နေတာလဲ

မူကြိုကျောင်းထားတဲ့ကလေးတိုင်း ဘာကြောင့် ထူးချွန်ထက်မြက်နေတာလဲ

**Unicode**


ကလေးငယ်တွေဟာ သဘာဝအရ စူးစမ်းချင်စိတ်ပြင်းပြတတ်ပြီး ပတ်ဝန်းကျင်ကိုလည်း ဂရုတစိုက်လေ့လာတတ်ကြပါတယ်။

ကျောင်းတက်တဲ့အခါ ကျောင်းက တောင်းဆိုလာမယ့် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဖို့အတွက် မူလတန်းကြို ဆရာ၊ ဆရာမတွေဟာ ဂိမ်းနှင့် လှုပ်ရှားမှု (activities) အမျိုးအစားပေါင်းစုံကိုသုံးပြီး ကလေးတွေရဲ့

ကျောင်းစာနှင့် လူမှုဆက်ဆံရေး ကျင်လည်မှုကို ရရှိစေပါတယ်။

၂။ မူကြိုကျောင်းဟာ ကလေးတွေကို ကောင်းမွန်တဲ့ ပုံစံခွက်ထဲထည့်ဖို့ အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။

မူကြိုကျောင်းဟာ ဆရာနှင့် ကလေးတွေကြားထဲမှာ ကောင်းမွန်တဲ့ ပုံစုံခွက်ဖြစ်တဲ့ ညွှန်ကြားချက်ကို မျှဝေခြင်း၊ လိုက်နာခြင်း၊ မေးစရာရှိတဲ့အခါ လက်ထောင်ရခြင်း၊ အလှည့်ကျစနစ် ကျင့်သုံးခြင်း၊ ပြီးရင် ဆရာရဲ့ ဂရုပြုမှုကို

တခြားကလေးတွေနည်းတူ မျှဝေခြင်းတွေကို သင်ယူဖို့ အခွင့်အလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကလေးတိုင်းဟာ ကျောင်းမစခင်မှာ သည်လို အသင်းအဖွဲ့အတွေ့အကြုံမျိုးတွေ ရှိထားသင့်ပါတယ်။

၃။ မူကြိုကျောင်းက ကလေးတွေကို ကျောင်းစာဘက်ပိုသွားတဲ့ မူလတန်းအတွက် ပြင်ဆင်ပေးပါတယ်။

ဂဏန်းသင်္ချာနှင့် အရေးအဖတ်စွမ်းရည် တိုးတက်မှုဘက်ကို အဓိကထားနေတယ်ဆိုပြီးတော့ စိတ်မပူပါနဲ့။ သည်အချင်းအရာတွေက ကလေးတွေရဲ့ အရေးကြီးတဲ့ ပုံမှန်ကစားချိန်ကို ဖြတ်ပြီးယူထားမှာ မဟုတ်ပါဘူး။

အရည်အသွေးကောင်းတဲ့ ပညာရေးဆိုတာ နှစ်ခုစလုံးကို ပေးပါတယ်။ တကယ်ဆိုရင် မူကြိုကျောင်းတွေမှာသုံးတဲ့ သင်ကြားမှုအစီအစဉ်တွေဆိုတာ ဂိမ်းကစားမှုကတစ်ဆင့် လေ့လာသင်ယူခြင်းပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် သင့်ကလေးအနေနဲ့လည်း သင်ကြားမှုကို သဘောတွေ့မယ်ဆိုတာ ယုံမှားသံသယရှိစရာ မရှိပါဘူး။

၄။ မူကြိုကျောင်းက သင့်ကလေးကို လူမှုဆက်ဆံရေးမှာရော စိတ်ခံစားမှုပိုင်းမှာပါ တိုးတက်စေဖို့ ကူညီပေးပါတယ်။

မူကြိုကျောင်းမှာ သင့်ကလေးက ပြသနာအခက်အခဲတွေ ဘယ်လိုဖြေရှင်းရမလဲ၊ သူတစ်ပါးအပေါ်မှာ ဘယ်လို လေးစားမှုရှိရလဲ၊ သူငယ်ချင်းတွေနဲ့ သဘောတူညီချက် ဘယ်လိုရအောင်ယူရလဲဆိုတာတွေကို သင်ယူနိုင်ပါတယ်။

မူကြိုကျောင်းက ကလေးတွေအတွက် မိမိကိုယ်ကို သတိပြုမိလာစေခြင်း၊ စူးစမ်းရှာဖွေခြင်း၊ ရွယ်တူသူငယ်ချင်းများနှင့် ဆော့ကစားခြင်းနှင့် နောက်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်လာနိုင်မယ့် နေရာတစ်နေရာကို ဖန်တီးပေးပါတယ်။

အခုခေတ် မူကြိုကျောင်းက ကလေးတွေက အများအားဖြင့် မိခင်ကို အမြဲတမ်း ပူဆာနေတာထက် မိမိဘာသာပဲ လုပ်နိုင်ကိုင်နိုင်တာကို တွေ့ရှိရပါတယ်။

၅။ မူကြိုကျောင်းတွေက သင့်ကလေးသိချင်နေတဲ့ မေးခွန်းပေါင်းမြောက်များစွာကို ကူညီဖြေကြားပေးနိုင်ပါတယ်။

အသက် ၄နှစ် ၅နှစ်ကလေးတွေဟာ သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေအကြောင်း ဥပမာ မိုးရွာပြီးတဲ့အခါ ရေတွေက ဘာဖြစ်သွားလဲ၊ ငှက်ကလေးတွေက ကစားကြသလား စတဲ့ အံ့သြဘွယ်ကောင်းတဲ့ မေးခွန်းတွေကို မေးစပြုလာကြပါပြီ။

မိဘတစ်ယောက်အနေနဲ့တောင် သင့်ကလေးတွေမေးတဲ့ တချို့မေးခွန်းတွေကို သင်ဖြေနိုင်ဖို့ကြိုးစားရင်း ခေါင်းရှုပ်ရပါလိမ့်မယ်။ ဒါပေမယ့် မူကြိုကျောင်းက သင့်ကိုကူညီဖြေကြားပေးမှာပါ။

သူတို့တွေက ကလေးတွေရဲ့ မေးခွန်းတွေကို သူတို့ကိုယ်တိုင် လေ့လာရှာဖွေမှုတွေ၊ လက်တွေ့စမ်းသပ်ချက်တွေနှင့် စကားစမြည်ပြောခြင်းတွေကနေ ဖြေကြားပေးမှာပါ။

၆။ မူကြိုကျောင်းမှာ ကလေးတွေဟာ ABC နှင့် 123 တွေကိုပါ သင်ယူရပါတယ်။

ကလေးငယ်တွေဟာ အက္ခရာတွေနှင့် ဂဏန်းသင်္ချာတွေကို မူကြိုကျောင်းမှာ သင်ယူရပါတယ်။ ဒါပေမယ့် သူတို့သွားနိုင်တဲ့ နှုန်းထားအတိုင်း ဂိမ်းကစားခြင်းမှတစ်ဆင့် သင်ယူခြင်းဖြစ်ပါတယ်။

သင်သတိပြုရမှာက ကလေးငယ်လေးတွေအတွက်တော့ မူကြိုကျောင်းဆိုတာ ပျော်ရွှင်ဖို့နှင့် လူမှုဆက်ဆံရေးစွမ်းရည်တွေကို ရရှိဖို့ပဲ ဖြစ်ပါတယ်။ ကျောင်းစာနှင့် ပတ်သတ်တဲ့ အောင်မြင်မှုအထိန်းအမှတ်တွေ ရရှိဖို့မဟုတ်ပါဘူး။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ဝင်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Novak Djokovic Foundation

 

 

**Zawgyi**

 

ကေလးငယ္ေတြဟာ သဘာ၀အရ စူးစမ္းခ်င္စိတ္ျပင္းျပတတ္ၿပီး ပတ္၀န္းက်င္ကိုလည္း ဂရုတစုိက္ေလ့လာတတ္ၾကပါတယ္။

 

ေက်ာင္းတက္တ့ဲအခါ ေက်ာင္းက ေတာင္းဆိုလာမယ့္ လိုအပ္ခ်က္ေတြကို ၾကိဳတင္ျပင္ဆင္ဖို႕အတြက္ မူလတန္းၾကိဳ ဆရာ၊ ဆရာမေတြဟာ ဂိမ္းႏွင့္ လႈပ္ရွားမႈ (activities) အမ်ဳိးအစားေပါင္းစံုကိုသံုးျပီး ကေလးေတြရဲ႕

 

ေက်ာင္းစာႏွင့္ လူမႈဆက္ဆံေရး က်င္လည္မႈကို ရရွိေစပါတယ္။

 

၂။ မူႀကိဳေက်ာင္းဟာ ကေလးေတြကို ေကာင္းမြန္တ့ဲ ပံုစံခြက္ထဲထည့္ဖို႕ အခြင့္အလမ္းတစ္ခုပဲျဖစ္ပါတယ္။

 

မူႀကိဳေက်ာင္းဟာ ဆရာႏွင့္ ကေလးေတြၾကားထဲမွာ ေကာင္းမြန္တ့ဲ ပံုစံုခြက္ျဖစ္တ့ဲ ညႊန္ၾကားခ်က္ကို မွ်ေ၀ျခင္း၊ လိုက္နာျခင္း၊ ေမးစရာရွိတ့ဲအခါ လက္ေထာင္ရျခင္း၊ အလွည့္က်စနစ္ က်င့္သံုးျခင္း၊ ျပီးရင္ ဆရာရဲ႕ ဂရုျပဳမႈကို

 

တျခားကေလးေတြနည္းတူ မွ်ေ၀ျခင္းေတြကို သင္ယူဖို႕ အခြင့္အလမ္းတစ္ခုပဲ ျဖစ္ပါတယ္။

 

ကေလးတုိင္းဟာ ေက်ာင္းမစခင္မွာ သည္လို အသင္းအဖြဲ႕အေတြ႕အႀကံဳမ်ဳိးေတြ ရွိထားသင့္ပါတယ္။

 

၃။ မူႀကိဳေက်ာင္းက ကေလးေတြကို ေက်ာင္းစာဘက္ပိုသြားတ့ဲ မူလတန္းအတြက္ ျပင္ဆင္ေပးပါတယ္။

 

ဂဏန္းသခ်ၤာႏွင့္ အေရးအဖတ္စြမ္းရည္ တိုးတက္မႈဘက္ကို အဓိကထားေနတယ္ဆိုျပီးေတာ့ စိတ္မပူပါနဲ႕။ သည္အခ်င္းအရာေတြက ကေလးေတြရဲ႕ အေရးႀကီးတ့ဲ ပံုမွန္ကစားခ်ိန္ကို ျဖတ္ၿပီးယူထားမွာ မဟုတ္ပါဘူး။

 

အရည္အေသြးေကာင္းတ့ဲ ပညာေရးဆိုတာ ႏွစ္ခုစလံုးကို ေပးပါတယ္။ တကယ္ဆိုရင္ မူႀကိဳေက်ာင္းေတြမွာသံုးတ့ဲ သင္ၾကားမႈအစီအစဥ္ေတြဆိုတာ ဂိမ္းကစားမႈကတစ္ဆင့္ ေလ့လာသင္ယူျခင္းပဲ ျဖစ္ပါတယ္။

 

အ့ဲဒါေၾကာင့္ သင့္ကေလးအေနနဲ႕လည္း သင္ၾကားမႈကို သေဘာေတြ႕မယ္ဆိုတာ ယံုမွားသံသယရွိစရာ မရွိပါဘူး။

 

၄။ မူႀကိဳေက်ာင္းက သင့္ကေလးကို လူမႈဆက္ဆံေရးမွာေရာ စိတ္ခံစားမႈပိုင္းမွာပါ တိုးတက္ေစဖို႕ ကူညီေပးပါတယ္။

 

မူႀကိဳေက်ာင္းမွာ သင့္ကေလးက ျပသနာအခက္အခဲေတြ ဘယ္လိုေျဖရွင္းရမလဲ၊ သူတစ္ပါးအေပၚမွာ ဘယ္လို ေလးစားမႈရွိရလဲ၊ သူငယ္ခ်င္းေတြနဲ႕ သေဘာတူညီခ်က္ ဘယ္လိုရေအာင္ယူရလဲဆိုတာေတြကို သင္ယူႏုိင္ပါတယ္။

 

မူႀကိဳေက်ာင္းက ကေလးေတြအတြက္ မိမိကုိယ္ကို သတိျပဳမိလာေစျခင္း၊ စူးစမ္းရွာေဖြျခင္း၊ ရြယ္တူသူငယ္ခ်င္းမ်ားႏွင့္ ေဆာ့ကစားျခင္းႏွင့္ ေနာက္ဆံုး ကိုယ့္ကိုယ္ကို ယံုၾကည္မႈ တည္ေဆာက္လာႏုိင္မယ့္ ေနရာတစ္ေနရာကို ဖန္တီးေပးပါတယ္။

 

အခုေခတ္ မူႀကိဳေက်ာင္းက ကေလးေတြက အမ်ားအားျဖင့္ မိခင္ကို အၿမဲတမ္း ပူဆာေနတာထက္ မိမိဘာသာပဲ လုပ္ႏိုင္ကိုင္ႏုိင္တာကို ေတြ႕ရွိရပါတယ္။

 

၅။ မူႀကိဳေက်ာင္းေတြက သင့္ကေလးသိခ်င္ေနတ့ဲ ေမးခြန္းေပါင္းေျမာက္မ်ားစြာကို ကူညီေျဖၾကားေပးႏိုင္ပါတယ္။

 

အသက္ ၄ႏွစ္ ၅ႏွစ္ကေလးေတြဟာ သူတုိ႕ပတ္၀န္းက်င္မွာရွိတ့ဲ အရာေတြအေၾကာင္း ဥပမာ မိုးရြာၿပီးတ့ဲအခါ ေရေတြက ဘာျဖစ္သြားလဲ၊ ငွက္ကေလးေတြက ကစားၾကသလား စတ့ဲ အ့ံၾသဘြယ္ေကာင္းတ့ဲ ေမးခြန္းေတြကို ေမးစျပဳလာၾကပါၿပီ။

 

မိဘတစ္ေယာက္အေနနဲ႕ေတာင္ သင့္ကေလးေတြေမးတ့ဲ တခ်ဳိ႕ေမးခြန္းေတြကို သင္ေျဖႏိုင္ဖုိ႕ႀကိဳးစားရင္း ေခါင္းရႈပ္ရပါလိမ့္မယ္။ ဒါေပမယ့္ မူႀကိဳေက်ာင္းက သင့္ကိုကူညီေျဖၾကားေပးမွာပါ။

 

သူတို႕ေတြက ကေလးေတြရဲ႕ ေမးခြန္းေတြကို သူတုိ႕ကိုယ္တိုင္ ေလ့လာရွာေဖြမႈေတြ၊ လက္ေတြ႕စမ္းသပ္ခ်က္ေတြႏွင့္ စကားစျမည္ေျပာျခင္းေတြကေန ေျဖၾကားေပးမွာပါ။

 

၆။ မူႀကိဳေက်ာင္းမွာ ကေလးေတြဟာ ABC ႏွင့္ 123 ေတြကိုပါ သင္ယူရပါတယ္။

 

ကေလးငယ္ေတြဟာ အကၡရာေတြႏွင့္ ဂဏန္းသခၤ်ာေတြကို မူႀကိဳေက်ာင္းမွာ သင္ယူရပါတယ္။ ဒါေပမယ့္ သူတို႕သြားႏိုင္တ့ဲ ႏႈန္းထားအတုိင္း ဂိမ္းကစားျခင္းမွတစ္ဆင့္ သင္ယူျခင္းျဖစ္ပါတယ္။

 

သင္သတိျပဳရမွာက ကေလးငယ္ေလးေတြအတြက္ေတာ့ မူႀကိဳေက်ာင္းဆိုတာ ေပ်ာ္ရႊင္ဖို႕ႏွင့္ လူမႈဆက္ဆံေရးစြမ္းရည္ေတြကို ရရွိဖို႕ပဲ ျဖစ္ပါတယ္။ ေက်ာင္းစာႏွင့္ ပတ္သတ္တ့ဲ ေအာင္ျမင္မႈအထိန္းအမွတ္ေတြ ရရွိဖို႕မဟုတ္ပါဘူး။

 

မိမိတို႔ တက္ေရာက္လုိသည့္ သင္တန္းေက်ာင္းမ်ားႏွင့္ ပုဂၢလိကေက်ာင္းမ်ားကို ရွာေဖြလိုပါက ဒီ Link မွာရွာေဖြႏိုင္ပါသည္။

ပညာေရးလမ္းညႊန္ website တြင္ ပါ၀င္ေသာ သင္တန္းမ်ား ေက်ာင္းမ်ားScholarshipKnowledge မ်ားႏွင့္ ပတ္သက္ေသာ အခ်က္အလက္မ်ားကို ၀င္ေရာက္ရွာေဖြ ဖတ္ရႈႏိုင္ပါတယ္။

Source: Novak Djokovic Foundation

Tips Read 1251 times