၁။ မြန်မာနိုင်ငံဘဏ်များအသင်းက ကြီးမှူး၍ မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း (Myanmar Institute of Banking) နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းညှိနှိုင်း၍ ဖွင့်လှစ်သင်ကြားမည့် ဘွဲ့လွန်ဘဏ် လုပ်ငန်းဒီပလိုမာသင်တန်းကို ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်ရန်ရှိပါသည်။
၂။ သင်တန်းဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) သင်တန်းအမည်
ဘဏ်လုပ်ငန်းဒီပလိုမာသင်တန်း (Diploma in Banking (DB Course) ဖြစ်ပါသည်။
(ခ) ဘွဲ့အမည်
ဘဏ်လုပ်ငန်းဒီပလိုမာဘွဲ့ Diploma in Banking (DB)
(ဂ) သင်တန်းကာလ
အချိန်ပြည့် (၁) နှစ်သင်တန်း
(ဃ) သင်တန်းသားအရည်အချင်း
အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက် (၂၀)နှစ်မှ (၅၀) နှစ်ကြားရှိသူ၊ ဘဏ်လုပ်ငန်းကို စိတ်ဝင်စားသူနှင့် ဘဏ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် ရည်ရွယ်သူများ လျှောက်ထားနိုင်ပါသည်။
(င) နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များက အလုပ်အကိုင်ခေါ်ယူရာတွင် အထောက်အပံ့ ဖြစ်စေပါသည်။
(စ) ဘဏ်လုပ်ငန်းပညာရပ်များကို စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်၍ လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပါသည်။
(ဆ) စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစားဆရာကြီး/ဆရာမကြီးများ၊ ဝါရင့်ဘဏ်လုပ်ငန်းပညာရှင်ကြီးများ၊ ဘဏ်အသီးသီးမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ကြီးများမှ သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။
Read More>>>>> ၂၀၁၉ ခုနှစ် အဝေးသင်တက္ကသိုလ် အတန်းတင်စာမေးပွဲ ပဏာမ အချိန်စာရင်း
၃။ သင်တန်းတက်ရောက်လိုသူများ အောက်ပါလိပ်စာသို့ (၁၃-၉-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
လိပ်စာ။ ။ အမှတ် (၂)၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရန်ကင်းစင်တာအကြား)
ဖုန်းနံပါတ် ၀၁-၅၄၈၁၃၆၊ ၀၁-၈၆၀၅၅၄၃
Source: Myanmar Educational Information