မိမိမကျွမ်းကျင်သော ဘာသာစကားသင်ယူမယ်ဆိုရင် သိထားသင့်တဲ့ အချက်(၁၀)ချက်

** Unicode **

ကျနော်တို့ မြန်မာလူမျိုးတွေအတွက် လက်ရှိ ပြောဆို ဆက်ဆံနေတဲ့ မြန်မာစကားမဟုတ်တဲ့ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား စသဖြင့် ဘာသာရပ်တစ်ခုပါ။

ဒီခေတ်ထဲမှာ မြန်မာစာတခုတည်း တတ်မြောက်ကျွမ်းကျင်ရုံနဲ့ သိပ်မပြီး အဆင်မပြေချင်ပါဘူး၊ နိုင်ငံတကာနဲ့ ဆက်ဆံနေ ရသူတွေ တာဝန်ကြီး ထမ်းဆောင်နေရသူတွေ အတွက်ဆိုရင် ပိုပြီး အရေးကြီးပါတယ်။

အနည်းဆုံး နိုင်ငံတကာသုံး အင်္ဂလိပ်စကားတော့ ကောင်းစွာတတ်မြောက်နေဖို့ လိုအပ်မှာပါ။

ဟုတ်ပါပြီ၊ ဒီတော့ သင် ဆက်ဆံလုပ်ကိုင်ရမယ့် နိုင်ငံသား၊ ဝါသနာပါရာ ဘာသာစကားအလိုက် ဒုတိယဘာသာစကားတခု သင်ယူတော့မယ် ဆိုရင် အမြန်ဆုံး တတ်မြောက်စေနိုင်မယ့် အထောက်အကူပြု နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

(၁) ဘာကြောင့် အဆိုပါ ဒုတိယဘာသာစကားကို တတ်မြောက်ချင်တာလဲ ဆိုတာ အရင်ဆုံး ကိုယ်တိုင် နားလည်သဘော ပေါက်ပါစေ

ဆိုလိုရင်းကတော့ လုပ်ငန်းခွင်မှာ အသုံးပြုဖို့ တတ်မြောက်ချင်တာလား၊ အဆိုပါ နိုင်ငံကို သွားရောက် လည်ပတ်ဖို့အတွက် လား၊ အဆိုပါ ဘာသာစကားပြောသူ တဦးတယောက်နဲ့ ပတ်သက် ပြောဆိုဖို့လား စသဖြင့် ကိုယ်အသုံးပြုမယ့်ခေါင်းစဉ်ကို ကိုယ်တိုင်နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဒီလို နားလည်မှု ရှိနေစေခြင်းက ဘာသာစကား သင်ယူမှုမှာ ပိုမိုကောင်းမွန်တဲ့ အလွယ်နည်းလမ်းကို ရရှိလာစေပါတယ်။

ဆိုလိုတာက လုပ်ငန်းခွင်မှာ အသုံးပြုဖို့အတွက် လေ့လာသူဟာ လုပ်ငန်းသုံးစကားလုံးတွေကို ဦးစားပေးသင်ယူဖြစ်လာ နိုင်ပြီး တဖြည်းဖြည်း အသားကျသွားပြီး အားလုံးကို တတ်မြောက်လာစေနိုင်တာ ဖြစ်လို့ပါ။

ဒုတိယဘာသာစကားသင်ယူမှုမှာ အခြေခံဗျည်း၊ သရ တလုံးချင်းစီ သင်ယူတာထက် စကားစု တခုခုကို လေ့ကျင့်သင်ယူ တာ ပိုမို မြန်ဆန် တတ်မြောက်စေနိုင်တာလည်း ဖြစ်ပါတယ်။

(၂) လေ့ကျင့်ဖတ်ရှုပါ

ဒီတချက်ကတော့ ဘာသာစကား သင်ကြားမှုမှာ ဖြစ်စေ၊ အားကစား လေ့ကျင့်မှုမှာ ဖြစ်စေ၊ ကျောင်းပညာလေ့လာမှုမှာ ဖြစ်စေ လေ့ကျင့်ဖက်၊ ပြိုင်ဖက် ရှိနေမှ ထိုသူနဲ့ ပူူးပေါင်းပြီး လေ့ကျင့်မှု၊ ပြိုင်ဆိုင်၊ ကြိုးစားအားထုတ်မှုတွေ ရှိလာ၊ တိုး တက်မှု မြန်ဆန်စေတာကြောင့် ကိုယ်နဲ့ အစမ်းပြောဖို့၊ လေ့ကျင့်ဖို့ အကူညီရယူဖို့အတွက် လေ့ကျင့်ဖက်တဦးကိုလည်း ရှာဖွေ လေ့ကျင့်တာက အမြန်ဆုံး တတ်မြောက်လာစေနိုင်မယ့်အချက် ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြောဆိုပါ

ကိုယ်တိုင် တဦးတယောက်တည်း ရှိနေချိန်တွေမှာ မှားသည် ဖြစ်စေ၊ မှန်သည် ဖြစ်စေ၊ ကိုယ်ကျက်မှတ် လေ့လာထားတဲ့ ဘာသာစကားလုံးတွေကို ပြန်လည် ပြောဆိုပါ။

ကျနော်တို့ ရေချိုးခန်းထဲမှာ သီချင်းဆိုသလို ကိုယ်တယောက်တည်း ရှိနေ ချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြောဆို လေ့ကျင့်ပါ။

စိတ်တိုင်းမကျရင်၊ မမှန်ကန်ဘူးလို့ ထင်ရင် ပြန်လည်စစ်ဆေး လေ့လာ မှတ်သားပါ၊ဒီအချက်ကလည်း ဒုတိယဘာသာ စကားတတ်မြောက်မှုအတွက် မြန်ဆန်စေတဲ့ အချက်တချက် ဖြစ် လာပါတယ်။

(၄) ပတ်ဝန်းကျင်ကောင်းရှိပါစေ

ဆိုလိုတာကတော့ သန့်ရှင်းသော၊ တိတ်ဆိတ်သော ဆိုတာထက် ကိုယ်လေ့ကျင်နေတဲ့ ဘာသာစကား၊ ဥပမာ တရုတ် စကားလေ့ကျင့်နေသူ

တယောက်အတွက် အဆိုပါဘာသာစကားကို မိခင်စကားအနေနဲ့ ပြောဆို အသုံးပြုနေတဲ့ မိသားစု၊ ပတ်ဝန်းကျင်နဲ့ နီးစပ်မယ်ဆိုရင် ပိုကောင်းမှာဖြစ်ပါတယ်။

ကိုယ်အားလပ်တဲ့ အချိန်မှာ တတ်သလောက်၊ သိသလောက်ကိုသူတို့နဲ့ ပြောဆို ဆက်ဆံပါ၊ အမှားတွေကို ထောက်ပြပြ ဆင်ပေးပါလိမ့်မယ်။

 နောက်ပြီး စကားပြောနေကျ ဖြစ်လာတာကြောင့် တကယ်တမ်းလက်တွေ့ တခြားသူတွေနဲ့ ပြောဆို ဆက်ဆံရချိန်မှာလည်း မိမိကိုယ်ကို ယုံကြည်မှု ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

(၅) သင်ကြားမှုအပိုင်းမှာ ပျော်မွေ့ပါစေ

ဒီတချက်ကတော့ သင့်ရဲ့စိတ်နေစိတ်ထားကို မဖြစ်ဖြစ်အောင် ထားရှိရမယ့် အချက်ပါ၊ လေ့လာမှု ပုံစံ မဟုတ်ပဲ သင့် အနေ နဲ့ အဆိုပါ ဒုတိယ ဘာသာစကားလေ့လာမှု အပိုင်းမှာ စိတ်ပါဝင်စားပါစေ၊နောက်ပြီး အမှန်တကယ် လိုချင်မှု ရှိပါစေ၊ မ တတ်သာလို့ သင်ကြားရတယ် ဆိုတဲ့ စိတ်မျိုး၊ ပုံစံမျိုးနဲ့ဆိုရင် တတ်မြောက်မှုအတွက် အခက်အခဲ ဖြစ်လာစေသလို အချိန် လည်းပိုပြီး ပေးရနိုင်ပါတယ်။

(၆) ကလေးတယောက်လို နေထိုင်၊ သင်ကြားပါ

ဒီအပိုင်းမှာ ပြောချင်တာကတော့ ကလေး တယောက်လို အမှန်တကယ် နေထိုင်ပါ၊ ပိုပြီး တိတိကျကျ ပြောရမယ် ဆိုရင် ဒုတိယ ဘာသာစကားကို လေ့လာသင်ကြားနေချိန်မှာ

အချိန် တနာရီပေးထားသည့် တိုင်အောင် အဆိုပါ အချိန်မှာ ဘာ သာစကားလေ့လာမှု တခုတည်းကိုပဲ လုပ်ဆောင်ပါ၊

သင်ဆရာကနေ သင်ကြားနေချိန်မှာမသိတာ၊နားမလည်တာတွေကို ရှက်စိတ်မရှိပဲ မေးမြန်းပါ၊ ဘေးပတ်ဝန်းကျင်ကို အ လေးပေးမှု လျှော့ချပြီး ကိုယ်ရဲ့လေ့လာမှုကိုပါ တိုးတက်အောင် အကောင်းဆုံး နေထိုင်ပါ။ အဓိက အနေနဲ့တော့ ရှက် စိတ်ကို ဖယ်ထားပြီး လေ့လာသင်ယူပါ။

"သင်တန်းမတက်ပဲ အလွယ်ကူဆုံး အင်္ဂလိပ်စာ လေ့လာနည်း"

(၇) မသိနားမလည်သူတွေအနီးမှာ လေ့ကျင့်မှု မပြုပါနဲ့

ဆိုလိုရင်းကတော့ ကိုယ်တိုင် လက်ရှိ လေ့လာနေတဲ့ ဘာသာစကားကို နားလည်တတ်မြောက်သူတွေ အနားမှာအသံ ထွက်ပြီး ဖြစ်စေ၊ မြင်သာလောက်အောင်ဖြစ်စေ လေ့ကျင့်ပါ။

အစပိုင်းမှာ တတ်သိသူတွေက သင့်ကို အမှားပြင်ပေးပါလိမ့်မယ်၊ ရယ်ချင်လည်း ရယ်ပါလိမ့်မယ်၊ ဒါပေမယ့် သူတို့ရဲ့ ထောက်ပြမှုကို သေချာစွာ မှတ်သားပါ၊ ကဲ့ရဲ့ခံရမှုကို မှတ်သားပြီး မခံချင်စိတ်နဲ့ ပိုမို တိုးတက်အောင် လုပ်ဆောင်ပါ။

ဒီနေ့ ခေတ် လူငယ်တချို့မှာ ဘာသာစကားလေ့လာမှု အတွက် သူတို့ရဲ့လေ့လာမှုကို နားမလည်သူတွေ အနီးမှာပဲ လေ့လာမှု များပါတယ်။

ဒါက ကဲ့ရဲ့ခံရမှာစိုးတဲ့ အတွက်ပါ၊ ကိုယ်တိုင်မတတ်မြောက်သေးတဲ့အတွက် အမှားပါသွားရင် ကဲ့ရဲ့ရင်လည်း ကဲ့ရဲ့ပါစေ၊ နောက်ထပ် မမှားအောင်ဘဲ ပြင်ဆင်နေလိုက်ပါ။

(၈) နားထောင်ပါ

ဒီတစ်ချက်ကတော့ ကိုယ်တိုင် အသံထွက်၊ ရေးမှတ်လေ့လာမှု မဟုတ်ဘဲ ရေဒီယိုဇာတ်လမ်းပါ အသံတွေကိုနားထောင် မှတ်သားတာမျိုး ဖြစ်ပါတယ်။

ဖြစ်နိုင်ရင် ရုပ်သံဇာတ်လမ်းတွေမှာ စာတန်းထိုး ဇာတ်လမ်းမျိုးကို ကြည့်ရှုပါ။ အသံနဲ့အတူ စာတန်းကိုပါ ဖတ်ရှုလေ့လာပါ။
ဒီနေရာမှာ ဇာတ်လမ်းကြည့်နေချိန်အနေနဲ့ ဇာတ်လမ်းအတွင်း အာရုံခံစားမှုထက် ဘာသာစကားလေ့လာမှုကို အာရုံစိုက် လုပ်ဆောင်ပါ။


(၉) အချင်းချင်းပြောဆိုနေမှုကို စောင့်ကြည့်ပါ

ဒီတချက်က အထက်မှာ ပြောခဲ့တဲ့တချက်နဲ့ ဆင်ပါတယ်၊ လက်တွေ့ဘ၀ မျက်စိရှေ့မှာ ပြောဆို နေမှုကိုလည်း စောင့် ကြည့်လေ့လာပါ၊ ရုပ်သံ၊ သတင်း၊ ဇာတ်လမ်းတွေထဲက အပြောအဆိုတွေကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။

(၁၀) လက်တွေ့ ပြောဆိုဆက်ဆံပါ

ဒီတချက်ကတော့ သင်ယူမှုရဲ့နောက်ဆုံး အဆင့်ပါ။ သင့်အနေနဲ့ အင်္ဂလိပ်စကားလေ့လာနေတာဆိုရင် ကြုံဆုံနဲ့ အင်္ဂလိပ် စကားပြောသူတိုင်းနဲ့ စကား အနည်းနဲ့ အများပြောဆိုပါ။

သင့်ရဲ့စကားပြော အားနည်းမှု၊ လိုအပ်ချက်ကြောင့် ဘယ်သူကမှ သင့်ကို လှောင်ရယ်မှာ မဟုတ်ပါဘူး။လိုအပ်ရင် သူတို့ က ပြင်ဆင်ပေးပါလိမ့်မယ်။

ပညာရပ်တိုင်းမှာ အမှားကနေ သင်ခန်းစာယူ တတ်မြောက်မြဲဖြစ်လို့ အခု နောက်ဆုံးအဆင့်ကိုတော့ ဒုတိယဘာသာ စ ကားလေ့လာမှု သက်တမ်း အချိန်ကာလ တခုဖြတ်ကျော်ပြီးလာရင် ကြုံတိုင်း ပြောဆိုဆက်ဆံကြည့်တာ အကောင်းဆုံး ဖြစ်မှာပါ။ 
ရေးသားသူ - ချစ်ဖေ (တောင်တွင်းမြေ)

** Zawgyi **

က်ေနာ္တို႔ ျမန္မာလူမ်ိဳးေတြအတြက္ လက္ရွိ ေျပာဆို ဆက္ဆံေနတဲ့ ျမန္မာစကားမဟုတ္တဲ့ အဂၤလိပ္၊ တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယား စသျဖင့္ ဘာသာရပ္တစ္ခုပါ။

ဒီေခတ္ထဲမွာ ျမန္မာစာတခုတည္း တတ္ေျမာက္ကြၽမ္းက်င္႐ုံနဲ႔ သိပ္မၿပီး အဆင္မေျပခ်င္ပါဘူး၊ ႏိုင္ငံတကာနဲ႔ ဆက္ဆံေန ရသူေတြ တာဝန္ႀကီး ထမ္းေဆာင္ေနရသူေတြ အတြက္ဆိုရင္ ပိုၿပီး အေရးႀကီးပါတယ္။

အနည္းဆုံး ႏိုင္ငံတကာသုံး အဂၤလိပ္စကားေတာ့ ေကာင္းစြာတတ္ေျမာက္ေနဖို႔ လိုအပ္မွာပါ။

ဟုတ္ပါၿပီ၊ ဒီေတာ့ သင္ ဆက္ဆံလုပ္ကိုင္ရမယ့္ ႏိုင္ငံသား၊ ဝါသနာပါရာ ဘာသာစကားအလိုက္ ဒုတိယဘာသာစကားတခု သင္ယူေတာ့မယ္ ဆိုရင္ အျမန္ဆုံး တတ္ေျမာက္ေစႏိုင္မယ့္ အေထာက္အကူျပဳ နည္းလမ္းေလးေတြ ေျပာျပခ်င္ပါတယ္။

(၁) ဘာေၾကာင့္ အဆိုပါ ဒုတိယဘာသာစကားကို တတ္ေျမာက္ခ်င္တာလဲ ဆိုတာ အရင္ဆုံး ကိုယ္တိုင္ နားလည္သေဘာ ေပါက္ပါေစ

ဆိုလိုရင္းကေတာ့ လုပ္ငန္းခြင္မွာ အသုံးျပဳဖို႔ တတ္ေျမာက္ခ်င္တာလား၊ အဆိုပါ ႏိုင္ငံကို သြားေရာက္ လည္ပတ္ဖို႔အတြက္ လား၊ အဆိုပါ ဘာသာစကားေျပာသူ တဦးတေယာက္နဲ႔ ပတ္သက္ ေျပာဆိုဖို႔လား စသျဖင့္ ကိုယ္အသုံးျပဳမယ့္ေခါင္းစဥ္ကို ကိုယ္တိုင္နားလည္ သေဘာေပါက္ဖို႔ လိုအပ္ပါတယ္။

ဒီလို နားလည္မႈ ရွိေနေစျခင္းက ဘာသာစကား သင္ယူမႈမွာ ပိုမိုေကာင္းမြန္တဲ့ အလြယ္နည္းလမ္းကို ရရွိလာေစပါတယ္။

ဆိုလိုတာက လုပ္ငန္းခြင္မွာ အသုံးျပဳဖို႔အတြက္ ေလ့လာသူဟာ လုပ္ငန္းသုံးစကားလုံးေတြကို ဦးစားေပးသင္ယူျဖစ္လာ ႏိုင္ၿပီး တျဖည္းျဖည္း အသားက်သြားၿပီး အားလုံးကို တတ္ေျမာက္လာေစႏိုင္တာ ျဖစ္လို႔ပါ။

ဒုတိယဘာသာစကားသင္ယူမႈမွာ အေျခခံဗ်ည္း၊ သရ တလုံးခ်င္းစီ သင္ယူတာထက္ စကားစု တခုခုကို ေလ့က်င့္သင္ယူ တာ ပိုမို ျမန္ဆန္ တတ္ေျမာက္ေစႏိုင္တာလည္း ျဖစ္ပါတယ္။

(၂) ေလ့က်င့္ဖတ္ရႈပါ

ဒီတခ်က္ကေတာ့ ဘာသာစကား သင္ၾကားမႈမွာ ျဖစ္ေစ၊ အားကစား ေလ့က်င့္မႈမွာ ျဖစ္ေစ၊ ေက်ာင္းပညာေလ့လာမႈမွာ ျဖစ္ေစ ေလ့က်င့္ဖက္၊ ၿပိဳင္ဖက္ ရွိေနမွ ထိုသူနဲ႔ ပူူးေပါင္းၿပီး ေလ့က်င့္မႈ၊ ၿပိဳင္ဆိုင္၊ ႀကိဳးစားအားထုတ္မႈေတြ ရွိလာ၊ တိုး တက္မႈ ျမန္ဆန္ေစတာေၾကာင့္ ကိုယ္နဲ႔ အစမ္းေျပာဖို႔၊ ေလ့က်င့္ဖို႔ အကူညီရယူဖို႔အတြက္ ေလ့က်င့္ဖက္တဦးကိုလည္း ရွာေဖြ ေလ့က်င့္တာက အျမန္ဆုံး တတ္ေျမာက္လာေစႏိုင္မယ့္အခ်က္ ျဖစ္ပါတယ္။

(၃) ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ေျပာဆိုပါ

ကိုယ္တိုင္ တဦးတေယာက္တည္း ရွိေနခ်ိန္ေတြမွာ မွားသည္ ျဖစ္ေစ၊ မွန္သည္ ျဖစ္ေစ၊ ကိုယ္က်က္မွတ္ ေလ့လာထားတဲ့ ဘာသာစကားလုံးေတြကို ျပန္လည္ ေျပာဆိုပါ။

က်ေနာ္တို႔ ေရခ်ိဳးခန္းထဲမွာ သီခ်င္းဆိုသလို ကိုယ္တေယာက္တည္း ရွိေန ခ်ိန္ေတြမွာ ကိုယ့္ကိုယ္ကိုယ္ ျပန္လည္ ေျပာဆို ေလ့က်င့္ပါ။

စိတ္တိုင္းမက်ရင္၊ မမွန္ကန္ဘူးလို႔ ထင္ရင္ ျပန္လည္စစ္ေဆး ေလ့လာ မွတ္သားပါ၊ဒီအခ်က္ကလည္း ဒုတိယဘာသာ စကားတတ္ေျမာက္မႈအတြက္ ျမန္ဆန္ေစတဲ့ အခ်က္တခ်က္ ျဖစ္ လာပါတယ္။

(၄) ပတ္ဝန္းက်င္ေကာင္းရွိပါေစ

ဆိုလိုတာကေတာ့ သန႔္ရွင္းေသာ၊ တိတ္ဆိတ္ေသာ ဆိုတာထက္ ကိုယ္ေလ့က်င္ေနတဲ့ ဘာသာစကား၊ ဥပမာ တ႐ုတ္ စကားေလ့က်င့္ေနသူ

တေယာက္အတြက္ အဆိုပါဘာသာစကားကို မိခင္စကားအေနနဲ႔ ေျပာဆို အသုံးျပဳေနတဲ့ မိသားစု၊ ပတ္ဝန္းက်င္နဲ႔ နီးစပ္မယ္ဆိုရင္ ပိုေကာင္းမွာျဖစ္ပါတယ္။

ကိုယ္အားလပ္တဲ့ အခ်ိန္မွာ တတ္သေလာက္၊ သိသေလာက္ကိုသူတို႔နဲ႔ ေျပာဆို ဆက္ဆံပါ၊ အမွားေတြကို ေထာက္ျပျပ ဆင္ေပးပါလိမ့္မယ္။

 ေနာက္ၿပီး စကားေျပာေနက် ျဖစ္လာတာေၾကာင့္ တကယ္တမ္းလက္ေတြ႕ တျခားသူေတြနဲ႔ ေျပာဆို ဆက္ဆံရခ်ိန္မွာလည္း မိမိကိုယ္ကို ယုံၾကည္မႈ ပိုမိုေကာင္းမြန္လာေစမွာျဖစ္ပါတယ္။

(၅) သင္ၾကားမႈအပိုင္းမွာ ေပ်ာ္ေမြ႕ပါေစ

ဒီတခ်က္ကေတာ့ သင့္ရဲ႕စိတ္ေနစိတ္ထားကို မျဖစ္ျဖစ္ေအာင္ ထားရွိရမယ့္ အခ်က္ပါ၊ ေလ့လာမႈ ပုံစံ မဟုတ္ပဲ သင့္ အေန နဲ႔ အဆိုပါ ဒုတိယ ဘာသာစကားေလ့လာမႈ အပိုင္းမွာ စိတ္ပါဝင္စားပါေစ၊ေနာက္ၿပီး အမွန္တကယ္ လိုခ်င္မႈ ရွိပါေစ၊ မ တတ္သာလို႔ သင္ၾကားရတယ္ ဆိုတဲ့ စိတ္မ်ိဳး၊ ပုံစံမ်ိဳးနဲ႔ဆိုရင္ တတ္ေျမာက္မႈအတြက္ အခက္အခဲ ျဖစ္လာေစသလို အခ်ိန္ လည္းပိုၿပီး ေပးရႏိုင္ပါတယ္။

(၆) ကေလးတေယာက္လို ေနထိုင္၊ သင္ၾကားပါ

ဒီအပိုင္းမွာ ေျပာခ်င္တာကေတာ့ ကေလး တေယာက္လို အမွန္တကယ္ ေနထိုင္ပါ၊ ပိုၿပီး တိတိက်က် ေျပာရမယ္ ဆိုရင္ ဒုတိယ ဘာသာစကားကို ေလ့လာသင္ၾကားေနခ်ိန္မွာ

အခ်ိန္ တနာရီေပးထားသည့္ တိုင္ေအာင္ အဆိုပါ အခ်ိန္မွာ ဘာ သာစကားေလ့လာမႈ တခုတည္းကိုပဲ လုပ္ေဆာင္ပါ၊

သင္ဆရာကေန သင္ၾကားေနခ်ိန္မွာမသိတာ၊နားမလည္တာေတြကို ရွက္စိတ္မရွိပဲ ေမးျမန္းပါ၊ ေဘးပတ္ဝန္းက်င္ကို အ ေလးေပးမႈ ေလွ်ာ့ခ်ၿပီး ကိုယ္ရဲ႕ေလ့လာမႈကိုပါ တိုးတက္ေအာင္ အေကာင္းဆုံး ေနထိုင္ပါ။ အဓိက အေနနဲ႔ေတာ့ ရွက္ စိတ္ကို ဖယ္ထားၿပီး ေလ့လာသင္ယူပါ။

"သင္တန္းမတက္ပဲ အလြယ္ကူဆုံး အဂၤလိပ္စာ ေလ့လာနည္း"

(၇) မသိနားမလည္သူေတြအနီးမွာ ေလ့က်င့္မႈ မျပဳပါနဲ႔

ဆိုလိုရင္းကေတာ့ ကိုယ္တိုင္ လက္ရွိ ေလ့လာေနတဲ့ ဘာသာစကားကို နားလည္တတ္ေျမာက္သူေတြ အနားမွာအသံ ထြက္ၿပီး ျဖစ္ေစ၊ ျမင္သာေလာက္ေအာင္ျဖစ္ေစ ေလ့က်င့္ပါ။

အစပိုင္းမွာ တတ္သိသူေတြက သင့္ကို အမွားျပင္ေပးပါလိမ့္မယ္၊ ရယ္ခ်င္လည္း ရယ္ပါလိမ့္မယ္၊ ဒါေပမယ့္ သူတို႔ရဲ႕ ေထာက္ျပမႈကို ေသခ်ာစြာ မွတ္သားပါ၊ ကဲ့ရဲ႕ခံရမႈကို မွတ္သားၿပီး မခံခ်င္စိတ္နဲ႔ ပိုမို တိုးတက္ေအာင္ လုပ္ေဆာင္ပါ။

ဒီေန႔ ေခတ္ လူငယ္တခ်ိဳ႕မွာ ဘာသာစကားေလ့လာမႈ အတြက္ သူတို႔ရဲ႕ေလ့လာမႈကို နားမလည္သူေတြ အနီးမွာပဲ ေလ့လာမႈ မ်ားပါတယ္။

ဒါက ကဲ့ရဲ႕ခံရမွာစိုးတဲ့ အတြက္ပါ၊ ကိုယ္တိုင္မတတ္ေျမာက္ေသးတဲ့အတြက္ အမွားပါသြားရင္ ကဲ့ရဲ႕ရင္လည္း ကဲ့ရဲ႕ပါေစ၊ ေနာက္ထပ္ မမွားေအာင္ဘဲ ျပင္ဆင္ေနလိုက္ပါ။

(၈) နားေထာင္ပါ

ဒီတစ္ခ်က္ကေတာ့ ကိုယ္တိုင္ အသံထြက္၊ ေရးမွတ္ေလ့လာမႈ မဟုတ္ဘဲ ေရဒီယိုဇာတ္လမ္းပါ အသံေတြကိုနားေထာင္ မွတ္သားတာမ်ိဳး ျဖစ္ပါတယ္။

ျဖစ္ႏိုင္ရင္ ႐ုပ္သံဇာတ္လမ္းေတြမွာ စာတန္းထိုး ဇာတ္လမ္းမ်ိဳးကို ၾကည့္ရႈပါ။ အသံနဲ႔အတူ စာတန္းကိုပါ ဖတ္ရႈေလ့လာပါ။
ဒီေနရာမွာ ဇာတ္လမ္းၾကည့္ေနခ်ိန္အေနနဲ႔ ဇာတ္လမ္းအတြင္း အာ႐ုံခံစားမႈထက္ ဘာသာစကားေလ့လာမႈကို အာ႐ုံစိုက္ လုပ္ေဆာင္ပါ။


(၉) အခ်င္းခ်င္းေျပာဆိုေနမႈကို ေစာင့္ၾကည့္ပါ

ဒီတခ်က္က အထက္မွာ ေျပာခဲ့တဲ့တခ်က္နဲ႔ ဆင္ပါတယ္၊ လက္ေတြ႕ဘ၀ မ်က္စိေရွ႕မွာ ေျပာဆို ေနမႈကိုလည္း ေစာင့္ ၾကည့္ေလ့လာပါ၊ ႐ုပ္သံ၊ သတင္း၊ ဇာတ္လမ္းေတြထဲက အေျပာအဆိုေတြကိုလည္း ေလ့လာသင္ယူႏိုင္ပါတယ္။

(၁၀) လက္ေတြ႕ ေျပာဆိုဆက္ဆံပါ

ဒီတခ်က္ကေတာ့ သင္ယူမႈရဲ႕ေနာက္ဆုံး အဆင့္ပါ။ သင့္အေနနဲ႔ အဂၤလိပ္စကားေလ့လာေနတာဆိုရင္ ႀကဳံဆုံနဲ႔ အဂၤလိပ္ စကားေျပာသူတိုင္းနဲ႔ စကား အနည္းနဲ႔ အမ်ားေျပာဆိုပါ။

သင့္ရဲ႕စကားေျပာ အားနည္းမႈ၊ လိုအပ္ခ်က္ေၾကာင့္ ဘယ္သူကမွ သင့္ကို ေလွာင္ရယ္မွာ မဟုတ္ပါဘူး။လိုအပ္ရင္ သူတို႔ က ျပင္ဆင္ေပးပါလိမ့္မယ္။

ပညာရပ္တိုင္းမွာ အမွားကေန သင္ခန္းစာယူ တတ္ေျမာက္ၿမဲျဖစ္လို႔ အခု ေနာက္ဆုံးအဆင့္ကိုေတာ့ ဒုတိယဘာသာ စ ကားေလ့လာမႈ သက္တမ္း အခ်ိန္ကာလ တခုျဖတ္ေက်ာ္ၿပီးလာရင္ ႀကဳံတိုင္း ေျပာဆိုဆက္ဆံၾကည့္တာ အေကာင္းဆုံး ျဖစ္မွာပါ။ 
ေရးသားသူ - ခ်စ္ေဖ (ေတာင္တြင္းေျမ)
 

Latest Post Read 2408 times