“လူငယ်ဘဝ ဖွံ့ဖြိုးရေး အခမဲ့ အသက်မွေးဝမ်းကျောင်း မေ ၁၄ ရက်တွင်ကျောင်းအပ်ခံမည်”

“လူငယ်ဘဝ ဖွံ့ဖြိုးရေး အခမဲ့ အသက်မွေးဝမ်းကျောင်း မေ ၁၄ ရက်တွင်ကျောင်းအပ်ခံမည်”

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်တွင် ပရဟိတအဖွဲ့များ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု

အခမဲ့လူငယ်ဘဝ ဖွံ့ဖြိုးရေးကျောင်းဖွင့်ပွဲကို မေ ၁ ရက် ညနေ ၅ နာရီခွဲတွင် ဗိုလ်ချုပ်ကျေးရွာ ရာစုဥဒါန်းလမ်း ဆန်းလင်းနိုင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။

 

သန်လျင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက အဖွင့်မိတ်ဆက်စကားပြောကြားပြီး

လူငယ်ဘဝ ဖွံဖြိုးရေးကျောင်း တာဝန်ရှိသူများက လူငယ်ဘဝဖွံ့ဖြိုးရေးကျောင်းက သင်ကြားပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

အဆိုပါ လူငယ်ဘဝ ဖွံ့ဖြိုးရေးကျောင်းသို့ အခြေခံပညာ အဌမတန်းအောင်မှစတင်ကာ ဘွဲ့ရပြီးသူအထိ

တက်ရောက်နိုင်ပြီး အခြေခံအင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စကားပြော၊ အလုပ်ခွင်သင်ခန်းစာများကို အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ပြီး

မေ ၁၄ မှစတင်ကာ ကျောင်းလက်ခံမည်ဖြစ်ကာ ဇွန် ၁ ရက်တွင် သင်ကြားသွားမည်ဖြစ်ကြောင်း သိရပါသည်။

 

 

Source: The Mirror

News Read 2023 times