သူနာပြုအကူ ကိုးလသင်တန်းမကြာမီဖွင့်မည်

သူနာပြုအကူ ကိုးလသင်တန်းမကြာမီဖွင့်မည်

သူနာပြုအကူ ကိုးလသင်တန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးဆေးရုံကြီးတို့တွင် မကြာမီဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရပါသည်။

 

သြဂုတ်လ (၂၀) ရက်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးမင်းဟန်က ပြည်သူများကို ပြည့်စုံသော ကျန်းမာရေးဝန်ဆောင်မှုပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ မြင့်ထွေးက အထက်ပါအတိုင်းထည့် သွင်းပြောခြင်းဖြစ်ပါသည်။

 

သူနာပြုအကူများ ဝင်ရောက်လာမယ်ဆိုရင် တချို့ တချို့သော ကိစ္စများကို သူနာပြုဆရာမက လုပ်စရာမလိုတော့ဘဲ သူတို့အနေနဲ့ ဝန်ထုပ်ဝန်ပိုးပိခြင်းမှ လုံးဝလျော့သွားမည် ဖြစ်ပါတယ်။ ဒါကိုလည်း မကြာခင်မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးဆေးရုံကြီးများတွင် အကူသူနာပြု ကိုးလသင်တန်းကို စပြီးသင်တန်းပေးဖို့ ရှိပါတယ်"ဟု၎င်းကပြောပါသည်။

 

ပထမဆုံးအသုတ်အဖြစ် သူနာပြုအကူ ကိုးလသင်တန်းများက အဆိုပါ သုံးနေရာတွင် သင်တန်းသားဦးရေ (၁၀၀) စီဖြင့် စတင်ဖွင့်လှစ်ကာ နောက်ပိုင်းတွင် တခြားတိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဆေးရုံကြီးများတွင်လည်း တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

အကူသူနာပြုသင်တန်းကို ပညာအရည်အချင်း (၁၀) တန်းအဆင့်တက်ရောက်နိုင်ပြီး လာမည့် () လ၊ () လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရပါသည်။

 

 

Read More:>>>>> တက္ကသိုလ်အချို့တွင် ဘာသာရပ်အသစ်များတိုးချဲ့ဖွင့်လှစ်သွားမည်

 

ဒီသင်တန်းဆင်းရင် အလုပ်လည်းရတယ်။ အစိုးရဆေးရုံးတွေအပြင် ပြင်ပပုဂ္ဂလိက ဆေးရုံးတွေမှာလည်း အလုပ်သွားလုပ်လို့ရတယ်။ ကိုယ့်လူတွေ အလုပ်အကိုင်ပိုရအောင်လေ" ဟုဒေါက်တာမြင့်ထွေးက လွှတ်တော်အစည်းအဝေး အပြီးတွင် ပြောပါသည်။

အကူသူနာပြု သင်တန်းကို တစ်နှစ်လျှင် တစ်သုတ်သာခေါ်မည်ဖြစ်ပြီး နောက်အသုတ်များတွင် သင်တန်းသားဦးရေ တိုးခေါ်မည်ဖြစ်ကြောင်း ၄င်းကပြောပါသည်။

 

Source; Democracy

 

News Read 4506 times