ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်
လေ့ကျင့်ရေးဦးစီးဌာန၊ ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့မှ ဦးဆောင်ပြီး နော်ဝေနိုင်င့အခြေစိုက် Partnership for Change (PFC) နှင့်
Myanmar Luxembourg Development Cooperation Agency (LuxDev) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ ညောင်ရွှေသက်မွေး ပညာသင်တန်းကျေင်းတွင်
ဖွင့်လှစ်သင်ကြားမည့်ဖြစ်သော Nyaungshwe Hospitality Certificate (ဟိုတယ်ဧည့်ဆောင်မှု ၉ လ သင်တန်း) အတွက်
အောက်ဖော်ပြပါ အရည်အချင်းနှင့် ကိုက်ညီသောသူများ လျှောက်ထားနိုင်ပါသည်။
၁။ ပညာအရည်အချင်း -၈ တန်းနှင့် အထက်
၂။ အသက် -၁၇ နှစ်မှ ၂၅ နှစ်အတွင်း
၃။ သင်တန်းကာလ -၅ လ၊ စာတွေ့၊ လက်တွေ့၊ ၄ လ အလုပ်သင်၊စုစုပေါင်း ၉ လ
၎။ သင်တန်းကြေး -အခမဲ့ (နေ၊ စား၊ စရိတ်ငြိမ်း)
၅။ သင်တန်းတည်နေရာ -ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်း၊
မကျီးစင်ကျေးရွာ၊ ညောင်ရွှေမြို့။
လျှောက်ထားလိုသူများသည် ၆ လအတွင်းရိုက်ထားသော လိုင်စင်ဓါတ်ပုံ ၃ ပုံ၊ မှတ်ပုံတင်မိတ္တူ၊
ပညာအရည်အချင်းထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ အိမ်ထောင်စုဇယားမိတ္တူ တို့နှင့်
တကွ ၂၀-၅-၂၀၁၉ ရက်နေ့နောက်ဆုံးထား၍ အောက်ဖော်ပြပါ လိပ်စာအတိုင်းလျှောက်ထားနိုင်ပါသည်။
Read More: “CVT Myanmar မှ လျှပ်စစ်ကျွမ်းကျင်မှု(အခမဲ့) သင်တန်းသားသစ်များခေါ်ယူခြင်း"
Inle Speaks, PfC office, အမှတ် ၃၃၄၊ ပိတောက်လမ်း၊ နန္ဒဝန်ရပ်၊ ညောင်ရွှေမြို့၊
အသေးစိတ်သိရှိလိုပါက ဦးအောင်လွင် (ဖုန်း ၀၉-၂၅၀၃၇၂၉၇၇) နှင့်
ဦးချစ်ကိုကို (ဖုန်း ၀၉-၉၆၂၃၁၅၆၃၀) သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
Source: Partnership for Change (PFC)