" မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်"

" မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း အသိအမှတ်ပြုစာမေးပွဲကျင်းပမည်"

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းနှင့် အသင်ခွဲများရှိရာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းနှင့်မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် တစ်ပြိုင်နက် ကျင်းပစစ်ဆေး သွားမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသား/သူများအသင်းဝင်များအား အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်ပါသည်။

 

အဆိုပါစာမေးပွဲသည် Professional နယ်ပယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ ရောက်မည်ဖြစ်ပါသည်။

 

- စာမေးပွဲအမျိုးအစား -Network Associate Examination (NA Exam)

- စာမေးပွဲကျင်းပမည့်နေ့ -၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၃) ရက် (တနင်္ဂနွေနေ့)

- စာမေးပွဲပြုလုပ်မည့်အချိန် -နံနက် (၉း၀၀) နာရီမှ နေ့လယ် (၁၂း၀၀) နာရီအထိ

- နောက်ဆုံးစာရင်းပေးရမည့်နေ့ - ၂၀၁၉ ခုနှုစ်၊ ဇွန်လ (၁၉) ရက် (ဗုဒ္ဓဟူးနေ့)

- စာမေးပွဲကြေး -၂၀,၀၀၀ ကျပ်( NA Exam)

  (MCPA အသင်းဝင်များသည် ၅၀% Discount ရရှိပါမည်။)

- စာမေးပွဲကျင်းပမည့်နေရာ -Room 205,MICT Park, Hlaing Campus, Yangon

 

Read More: " ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အောက်ပါနေရာများတွင်ဝင်ရာက်ကြည့်ရှုနိုင်ပါသည် "

 

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်()၊ မြေညီထပ်၊ MICT Park ၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၀၁-၆၅၂၂၇၆ / ၀၉-၅၀၆၇၁၆၈ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

exam

 

(မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များအသင်း)

 

 

News Read 1419 times