Sales Hotline : 09448001653       Download App



MPT မှ မြန်မာနိုင်ငံသားများအတွက်ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများကို ဆောင်ယူလာ

MPT မှ မြန်မာနိုင်ငံသားများအတွက်ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများကို ဆောင်ယူလာ

**Unicode**

MPT အနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အသုံးပြုသူများ၏ လူမှုဘဝကို ပိုမိုတိုးတက် ကောင်းမွန်ပျော်ရွှင်စေနိုင်ရန် သတင်းအစီအစဉ်များ၊  ဖျော်ဖြေရေး၊ ဂီတ၊ ကျန်းမာရေး၊ အားကစား၊ ဗေဒင်၊ အစရှိသည့် တီထွင်ဆန်းသစ်မှုရှိသည့် VAS ဝန်ဆောင်မှု များကို ဈေးနှုန်း သက်သာစွာ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

ယနေ့အချိန်တွင် MPT အနေဖြင့် နိုင်ငံအဝှမ်းရှိ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ဒီဂျစ်တယ်ထပ်ဆောင်း ပညာရေးဝန်ဆောင်မှုများအား ယနေ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ရွှေနားဆင် အသံစာအုပ် ၊  Smart Kids ဝန်ဆောင်မှု၊ M-Learning ဝန်ဆောင်မှုနှင့် တက်လမ်းအွန်လိုင်းပညာရေး ဝန်ဆောင်မှု စသည်တို့ ပါဝင်သည့် ပညာရေးပလက်ဖောင်းပေါ်မှ တစ်ဆင့် လူငယ်လူရွယ်များထံသို့ မိုဘိုင်းလ်ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိကာ သုံးစွဲသူများ အနေဖြင့် လည်း ပိုမိုကျယ်ပြန့်သည့် ဒီဂျစ်တယ်ပညာရေး ပလက်ဖောင်းကို ရယူအသုံးပြုနိုင်ကြ မည်လည်း ဖြစ်ပါသည်။

ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှု

ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှုသည် MPTနှင့် ပြည်တွင်းမှ တီထွင်ဖန်တီးမှုရှိသည့် ရှေ့ဆောင် သတင်းနည်းပညာ ကုမ္ပဏီတစ်ခု လည်းဖြစ်သော Bagan Innovation Technology ကုမ္ပဏီလီမိတက် တို့ ပူးပေါင်းဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအတွက် သီးသန့်ဖန်တီးထားသည့် အသံစာအုပ် များအား မိုဘိုင်းလ် App မှ  သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက်နားဆင်နိုင်မည်ဖြစ်ပြီး ဝတ္ထုတိုပေါင်း ၆၅၀ ကျော်နှင့် ဝတ္ထုရှည်ပေါင်း ၃၀ ကျော်ကို အသံထွက်ကျွမ်းကျင်တင်ဆက်သူများ

အဆိုပါ အသံစာအုပ် များကို နားဆင်လိုပါက MPT အသုံးပြုသူများအနေဖြင့် 8536 ကို ON ဟု SMS ပေးပို့ပြီး အသံစာအုပ် အားလုံးကို ဈေးနှုန်းသက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် နားဆင်နိုင်မည် ဖြစ်ပါသည်။ ယင်းတို့ကို ရွှေနားဆင် အသံစာအုပ်မိုဘိုင်းလ်အက်ပလီကေးhttp://www.shwenarsin.com မှလည်း နားဆင်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း MPT ၏ တန်ဖိုးထပ်ဆောင်းဝန်ဆောင်မှုအသစ် “MPT အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မိုဘိုင်းလ်ဝန်ဆောင်မှုတွေသုံးစွဲ”ဟု ပြောကြားခဲ့ပါသည်။

Smart Kids ဝန်ဆောင်မှု

MPT က ကလေးငယ်များအတွက် စွဲမက်စရာကောင်းသည့် ပညာရေး အသိပညာဗဟုသုတ နှင့် ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်သည့်  အွန်လိုင်းပေါ်တယ်လ် တစ်ခုဖြစ်သော My Smart Kids ဝန်ဆောင်မှုကို ၂၀၁၈ ဒီဇင်ဘာလ (၁၂) ရက်က စတင်မိတ်ဆက်ခဲ့ပြီး ကဏ္ဍအစုံအလင်ပါဝင်သော အဆိုပါဝန်ဆောင်မှုမှတစ်ဆင့်  မိဘများအနေဖြင့် ကလေးငယ်များကို ဦးတည်ထားကာ ထုတ်လုပ်ထားသည့် သတင်းအချက်အလက်များနှင့် ပါဝင်သည့် အချက်များကို လုံခြုံသည့် ရင်းမြစ်များမှ ရယူနိုင်မည်ဖြစ်သည်။

My Smart Kids ဝန်ဆောင်မှု အသစ်မှတစ်ဆင့် ကလေးများ ကြိုက်နှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သော ရုပ်ပြများ၊ ရာသီခွင် အကြောင်းအရာများ၊ မှတ်ဉာဏ်စွမ်း ရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ အစရှိသည်တို့အပါအဝင် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ဦးတည်ထားသည့် လုံခြုံဘေးကင်းသော သတင်းအချက်အလက် နှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

စာရင်းသွင်းဆောင်ရွက်ရန် : 8733 သို့ ON ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန် ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၀ ကျပ် (အခွန်ပါဝင်ပြီး) ဝင်ရောက်ကြည့်ရှုရန်: www.my-smartkids.com

M-Learning ဝန်ဆောင်မှု

MPT သုံးစွဲသူများအတွက် အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့်  ထူးခြားဆန်းသစ်သော ပညာသင်ကြားရေး Portal ဖြစ်သည့် M-Learning ကို ၂၀၁၇ ခုနှစ် ဇူလှိုင်လ (၁၇) ရက်က စတင်မိတ်ဆက်ခဲ့ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံပါဝင်ပါသည်။

M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်ပါသည်။

စာရင်းသွင်းဆောင်ရွက်ရန် : 8282 သို့ ON ဟု စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန် ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၈ ကျပ် (အခွန်ပါဝင်ပြီး) ဝင်ရောက်ကြည့်ရှုရန် : http://engclass.up.st

**တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု**

MPT အနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ၂၀၁၉ ဇွန်လ (၅) ရက်တွင် စတင်ခဲ့ပြီး ယနေ့ခေတ်မြန်မာလူငယ်များ ပိုမိုတောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်း နှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်လှသည့် ပညာရေးဆိုင်ရာ ဗွီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်ဖြစ်သည်။

အဆိုပါ အွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် ၎င်းတို့သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေ၍ ၎င်းတို့သိလိုသည်များကို မိမိတို့ကိုယ်ပိုင်အ ချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် ကဏ္ဍအစုံအလင်ပါဝင်သည့် သင်ကြားရေးဗွီဒီယိုများနှင့် သင်ခန်းစာများကို မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူ လေ့လာနိုင်မည်ဖြစ်သည်။

 

**Zawgyi**









My Smart Kids ဝန်ဆောင်မှု အသစ်မှတစ်ဆင့် ကလေးများ ကြိုက်နှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သော ရုပ်ပြများ၊ ရာသီခွင် အကြောင်းအရာများ၊ မှတ်ဥာဏ်စွမ်း ရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ အစရှိသည်တို့အပါအဝင် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ဦးတည်ထားသည့် လုံခြုံဘေးကင်းသော သတင်းအချက်အလက် နှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။









 

Tips Read 1084 times