MCC Institute

MCC Institute

၁၉၈၉ ခုနှစ် စီးပွားရေးစနစ်အပြောင်းမှာ ပထမဆုံး ကွန်ပျူတာကုမ္ပဏီ အဖြစ် တည်ထောင်ခဲ့ပါသည်။

MCC.i သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ရတနာပုံ တို့တွင် ဖွင့်လှစ်ထားပြီး ပညာရေးဝန်ဆောင်မှု ( Education Service) နှင့် ICT ဆောင်ရွက်မှု ( ICT Service) တို့ကို အဓိက လုပ်ဆောင်လျက်ရှိပါသည်။

ရန်ကုန်တွင် သိမ်ကြီးဈေး၊ MICT park ၊ Junction Square တို့တွင် ဘာသာရပ်အလိုက် ဖွင့်လှစ်ထားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများကို အဆောင်များလည်း တစ်ပါတည်းတွဲဖက်ပါရှိပါသည်။

ကွန်ပျူတာသိပ္ပံဘွဲ့(School of Computing) ၊ အင်ဂျင်နီယာသိပ္ပံဘွဲ့  ( School of Engineering) ၊ မဟာသိပ္ပံအင်ဂျင်နီယာဘွဲ့ နှင့် စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့ (School of Business Management) တို့ကို သင်ကြားပါသည်။

MCC.i သည် အင်္ဂလိန်နိုင်ငံ University of Greenwich (UK) ၊ ပြင်သစ်နိုင်ငံ HEI ၊ Middlesex University ၊ Liverpool John ၊ Birmingham City University နှင့် ထိုင်းနိုင်ငံ Siam University တို့ဖြင့် ချိတ်ဆက်ထားပါသည်။

သင်ရိုးညွှန်းတမ်းများကို အင်္ဂလန်နိုင်ငံ University of Greenwich ၏ သင်ရိုးများအတိုင်း သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်မှု  International Skill Certification အထိ ပြုလုပ်ပေးမည် ဖြစ်သည်။

သင်ကြားပို့ချမည့်ဘာသာရပ်များ

MCC.i တွင် B.Sc(Hons) Business IT ၊ M.Sc (Information Technology) ၊ bachelor of business administration ၊ M.Sc(engineering) စသည်တို့ဖြစ်သည်။

B.Sc(Hons) Business IT သည် အင်္ဂလိန်နိုင်ငံ University of greenwich (UK) မှ ချီးမြှင့်မည့် ကွန်ပျူတာသိပ္ပံဘွဲ့ B.Sc ( Hons ) Business IT ဘွဲ့ကို ရရှိမည်ဖြစ်သည်။

B.Sc(Hons) Business IT သည် သင်တန်းကာလမှာ ၃ နှစ်ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ

·         Database management & administration

·         Database engineering

·         Information technology planning

·         Information requirement analysis

·         Information systems management

·         Development frameworks and methods

·         Project (business information technology) တို့ဖြစ်သည်။

B.Sc(Hons) Business IT ဘွဲ့ရရှိပြီးပါက နည်းပညာမဟာဘွဲ့ M.Sc (Information Technology) သင်တန်းကို ဆက်လက်တက်ရောက်နိုင်ပါသည်။

M.Sc (Information Technology) သင်တန်းသည် သင်တန်းကာလမှာ ၂ နှစ် သတ်မှတ်ထားပြီး ပထမနှစ်တွင် NCC level 7- diploma in strategic business IT ကို တက်ရောက်ပြီး ဘွဲ့လွန်ဒီပလိုမာ ရရှိပြီး ဒုတိယနှစ်တွင် M.Sc (Information Technology) သင်တန်းကို distance learning ဖြင့် ဆက်လက်တက်ရောက်ပြီး နည်းပညာမဟာဘွဲ့ကို ရရှိမည်ဖြစ်ပါသည်။

BBA (Bachelor of Business Administration) သင်တန်းသည် ထိုင်းနိုင်ငံ Siam University မှ ချီးမြှင့်မည့် စီးပွားရေးစီမံခန့်ခွဲမှု ဘွဲ့ B.B.A (International Business Management, Service Industry Management) ကို ရရှိမည်ဖြစ်သည်။

Bachelor of Business Administration သင်တန်းသည် သင်တန်းကာလမှာ မြန်မာနိုင်ငံတွင် ၂ နှစ် နှင့် ထိုင်းနိုင်ငံရှိ ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်များမှာ Siam University Main Campus တွင် ၂ နှစ် တက်ရောက်နိုင်ပါဖြစ်သည်။

·         Hotel and tourism management

·         International business management တို့ဖြစ်သည်။

M.Sc(engineering) ဘွဲ့သည် သင်တန်းကာလမှာ ၅ နှစ်ဖြစ်ပြီး ၃ နှစ်ကို မြန်မာနိုင်ငံမှ MCC.i တွင် တက်ရောက်ရမည်ဖြစ်ပြီး နောက်ဆုံး ၂ နှစ်ကို  ပြင်သစ်နိုင်ငံ HEI တွင် တက်ရောက်ရမည်ဖြစ်သည်။

Courses.

No.

Name

Duration

Student

Fee

1.

B.Sc(Hons) Business IT

၃ နှစ်

၎,၁၀၀,၀၀၀ (GBP 950)

2.

M.Sc(engineering)

၅ နှစ်

3.

Bachelor of Business Administration

၎ နှစ်

၃,၁၀၀,၀၀၀ (first + second) , USD $ 2000 (third + fourth)

သင်တန်းကြေးများ

B.Sc(Hons) Business IT ကျပ် ၄,၁၀၀,၀၀၀ (GBP 950) ၊ bachelor of business administration ကျပ် ၃,၁၀၀,၀၀၀ (first + second) , USD $ 2000 (third + fourth) စသည်တို့ဖြစ်သည်။

International/Private Read 1785 times