တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သော်လည်း သက်မွေးမှုသင်တန်းများ တက်ရောက်နိုင်

တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်သော်လည်း သက်မွေးမှုသင်တန်းများ တက်ရောက်နိုင်

အခြေခံပညာအထက်တန်းအဆင့်အထိ တက်ရောက်ပြီးဆုံးပါက အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်ထုတ်ပေးမည်ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ယခုပညာသင်နှစ် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများ ပညာသင်နှစ်ပြီး ဆုံးပါက အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ် ( Completion Certificate) ကိုစတင်ပေးသွားမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများပါ ပေးမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

ယခုပညာသင်နှစ် စတက်နေတဲ့သူတွေကို နှစ်ဆုံးမှာ ( Completion Certificate) ကိုပေးဖို့ စီစဉ်နေပါတယ်။ ဆယ်တန်းမအောင်တဲ့သူတွေက ဆယ်တန်းအောင်လက်မှတ် မရှိတော့ အလုပ်ရဖို့အခက်အခဲ ဖြစ်နိုင်ပါတယ်။ (၁၀) နှစ်တာတက်လာတဲ့ သင်ယူပြီးမြောက်ခြင်းအဖြစ် ယခု (Certificate) ကိုထုတ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ဝင်ရန် အဆင်ပြေစေဖို့ဖြစ်ပါတယ်" ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားပါသည်။

 

လက်မှတ်ရရှိပြီးပါက သက်မွေးသင်တန်းများ တက်ရောက်နိုင်ကြောင်း သိရပါသည်။ အခြေခံပညာသင်ယူပြီးမြောက်မှု လက်မှတ်ပေးရန် အနိမ့်ဆုံးသတ်မှတ်ချက်အနေဖြင့် ကျောင်းသား/သူများသည် ကျောင်းခေါ်ကြိမ် (၇၅) % ပြည့်မီရမည်ဖြစ်ကြောင်း၊ ကျောင်းတွင်း စာမေးပွဲ လေးကြိမ်ကို ဖြေဆိုထားရမည်ဖြစ်ပြီး ဘာသာရပ်အလိုက် ပျမ်းမျှအနည်းဆုံး အဆင့် C ရရှိထားရမည် ဖြစ်ကြောင်းသိရပါသည်။

 

Read More: ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပထမဆုံးအကြိမ် အစားအသောက်နည်းပညာဆိုင်ရာ ဘွဲ့ပေးမည်

 

၎င်းအပြင် စာပေ၊ အနုပညာနှင့် စာကြည့်တိုက်ကဏ္ဍများ၏ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုပြစ်ချက်များကင်း၍ ကျောင်းစည်းကမ်းလိုက်နာခြင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်းနှင့် ကျောင်းကောင်စီ အသင်းအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကို ကြည့်ရှု၍ သင်ယူပြီးမြောက်ခြင်း လက်မှတ်ထုတ်ပေးသွားမည် ဖြစ်ပါသည်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ (၈၅၁၅၂၄ ဦး) ရှိပြီး (၂၆၇၆၉၆ ဦး) သာအောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် (၃၁.၄၄) ရာခိုင်နှုန်းသာ အောင်လက်မှတ်ရရှိခဲ့ပါသည်။

 

Source : Daily Eleven

 

 

News Read 2265 times