နိုင်ငံတကာ စက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည် ပြိုင်ပွဲပြုလုပ်မည်

နိုင်ငံတကာ စက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးမှုစွမ်းရည် ပြိုင်ပွဲပြုလုပ်မည်

သတ္တမအကြိမ်မြောက်နိုင်ငံတကာ စက်မှုနည်းပညာပြပွဲနှင့် တီထွင်ဖန်တီးစွမ်းရည်ပြိုင်ပွဲ "7th International Industrial Technology & Machinery Show 2019 Naypyitaw “ ကိုမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC 2) တွင်သြဂုတ်လ (၃၀) ရက်နေ့မှ စက်တင်ဘာလ (၁) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရပါသည်။


၎င်းပြပွဲတွင် စက်မှုနည်းပညာများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စား(MSMEs) လုပ်ငန်းများ ဆက်သွယ်ရေး နည်းပညာများ၊ လျှပ်စစ်ထုတ်လုပ်ရေး နည်းပညာများ၊ ဆောက်လုပ်ရေးနည်းပညာများ၊ ရေကြောင်းသုံးနည်းပညာများ၊ လေကြောင်းသုံးနည်းပညာများ၊ လမ်းတံတားဆောက်လုပ်ရေးနည်းညာများ၊ စိုက်ပျိုးရေးနည်းပညာများ၊ ပါဝင်ပြသကြမည်ဖြစ်ပါသည်။

 

Education for Special Needs Children(11) ကလေးများအတွက် အထူးပညာရေး နှင့်ပတ်သက်ပြီး (11 )ခု ရှာရန်နှိပ်ပါ။

Entrance Tuition ရာထူးဝင်ခွင့်သင်တန်းများ (41)Entrance Tuition နှင့်ပတ်သက်ပြီး သင်တန်း (41)ခု ရှာရန်နှိပ်ပါ။


၎င်းအပြင် အိုင်တီနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ စာသောက်ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ နည်းပညာများ၊ ကုန်ပစ္စည်းထုပ်ပိုးမှုဆိုင်ရာ နည်းပညာများကို လည်းခင်းကျင်းပြသမည်ဖြစ်ပြီး Product Presentation များ၊ Seminar များကိုလည်း ပြုလုပ်သွားပါမည်။ မည်သူမဆိုလာရောက်လေ့လာနိုင်ပါသည်ဟု ၄င်းဝန်ကြီးဌာနမှ သိရပါသည်။

 

Read More:>>>> လာမည့်ပညာသင်နှစ်တွင် အခြေခံပညာသင်ရိုးသစ်ပြောင်းလဲမည့် အတန်းသုံးတန်း


တီထွင်ဖန်တီးမှုစိတ်ကူးများကို မြေတောင်မြှောက်ပေးခြင်းဖြင့် နည်းပညာအဆင့်အတန်းများ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ " Inventor Award” ဖြစ်သည့် စက်မှုနည်းပညာတီထွင်ဖန်တီးမှု စွမ်းရည်ပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မည်သူမဆိုအခမဲ့လာရောက် ယှဉ်ပြိုင်နိုင်ကာ ပြိုင်ပွဲဝင်ရောက်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၀၁-၅၁၃၉၀၃၊ ၀၉-၂၅၀၅၂၇၇၂၂ တို့ထံဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရပါသည်။


Source: The Voice

 

News Read 1122 times