ကိုရီးယားစိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်အကိုင်စာမေးပွဲအောက်တိုဘာတွင်စစ်ဆေးမည်

ကိုရီးယားစိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်အကိုင်စာမေးပွဲအောက်တိုဘာတွင်စစ်ဆေးမည်

အလုပ်သမားဝန်ကီးဌာနက ရပ်ဆိုင်းထားသည့် ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခွင့်ရသည့် EPS-TOPIK စာမေးပွဲများအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်အကိုင်အတွက် စာမေးပွဲကို အောက်တိုဘာလ () ရက်နေ့တွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်ကပြောကြားပါသည်။

 

အဓိက ကုန်ထုတ်လုပ်ငန်းရှိတယ်၊ စိုက်ပျိုးရေးလုပ်ငန်းရှိတယ်။ ကုန်ထုတ်လုပ်ငန်းကလျှောက်တဲ့သူများတော့ ခွဲတမ်းနည်းတဲ့အတွက် စာမေးပွဲမကျင်းပဖြစ်ပါဘူး။ အဲဒီတော့ စေလွှတ်ဖို့လက်ကျန်နည်းတဲ့ စိုက်ပျိုးရေးလုပ်သားကို ကိုရီးယား HRD ကသူတို့ဆီမှာ စိုက်ပျိုးရေးလုပ်သား (၁၀၀၀) ကျော် လိုအပ်တယ်လို့ အကြောင်းကြားလာလို့ ဒီကဏ္ဍကို စာမေးပွဲကျင်းပရတာဖြစ်ပါတယ်” ဟု ဦးဝင်းရှိန်ကပြောသည်။

 

Chef Training (13) စာဖိုမှုးသင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖြေဆိုလိုသည့် ကျောင်းသားများအတွက် ကိုရီးယားဘာသာစကားသင်တန်းကို စက်တင်ဘာလ (၁၂) ရက်နှင့် (၁၃) ရက်တွင် လျှောက်လွှာများပေးပို့ သွားမည်ဖြစ်ပီး စက်တင်ဘာ (၁၄) ရက်နှင့် (၁၅) ရက်တို့တွင် ဒဂုံမို့သစ်မြောက်ပိုင်း၊ ပင်လုံခန်းမတွင် လျှောက်လွှာလက်ခံသွားမည်ဖြစ်သည်။

 

စာမေးပွဲကို အောက်တိုဘာလ () ရက်နေ့မှာ စတင်ဖြေဆိုပီးတော့ Skill (ကျွမ်းကျင်မှု) အတွက် နိုဝင်ဘာလအထိကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိသိရသလောက်က စိုက်ပျိုးရေးလုပ်သား (၁၀၀၀) လောက်လိုတာပေါ့။ ဘယ်နှယောက်လျှောက်မလဲဆိုတာတော့ သေချာမသိရသေးဘူး” ဟု ဦးဝင်းရှိန်က ဆက်လက်ပြောဆိုပါသည်။

 

Construction Training (19) ဆောက်လုပ်ရေး သင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

တာင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများစေလွှတ်မှုကို နှစ်နိုင်ငံ MoU ရေးထိုးထားပီး ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ ဆောက်လုပ်ရေါ်လုပ်ငန်းများအတွက် မြန်မာလုပ်သားများကို နှစ်စဉ် EPS စာမေးပွဲစစ်ဆေးရန် စေလွှတ်လျက်ရှိပါသည်။

 

ထိုသို့စေလွှတ်ရာတွင် နှစ်စဉ်စာမေးပွဲအောင်သူဦးရေ (၇၀၀၀) မှ (၁၀၀၀၀) ကြားအထိ အောင်မြင်ခွင့်ပေးခဲ့ပီး တစ်နှစ်လျှင် ပျမ်းမျှလုပ်သားအရေအတွက် (၄၀၀၀) မှ (၅၀၀၀) အထိ ခေါ်ယူခြင်းများရှိခဲ့ပါသည်။

 

Read More:>>> ဆယ်တန်းအောင်မြင်ပြီးသူများ လေယာဉ်မောင်/မယ် သင်တန်းလျှောက်ထားနိုင်ပြီ

 

ထိုသို့ခေါ်ယူရာတွင် (၂၀၁၉) ခုနှစ်အတွက် ခွဲတမ်းအဖြစ်အောင်မြင်မှုနှုန်းအား (၁၅၀၀) ဦးသာပေးခဲ့သော်လည်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် လူဦးရေ (၄၀၀၀၀) ကျော်အထိရှိနေသဖြင့် လူဦးရေအဆမတန်ကွာဟနေမှုကြောင့် (၂၀၁၉) ခုနှစ်အတွင်းကျင်းပမည့် (၁၃) ကိမ်မြောက် EPS-TOPIK ဘာသာစကား အရည်အချင်းစစ်စာမေးပွဲများကို ခေတ္တရပ်နားကြောင်းကြေညာခဲ့ပါသည်။

 

Source: Daily Eleven

 

 

News Read 1600 times