ဂျပန်နိုင်ငံ JFE တွင်အဆင့်မြင့် "ဂဟေ" သင်တန်းတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း

ဂျပန်နိုင်ငံ JFE တွင်အဆင့်မြင့် "ဂဟေ" သင်တန်းတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် ဂျပန်နိုင်ငံ JFE တွင်အဆင့်မြင့် "ဂဟေ" သင်တန်းတက်ရောက်ရန်သင်တန်းသားများ ရွေးချယ်ခေါ်ယူခြင်းဖြစ်ပါသည်။

 

၁။ သင်တန်းသားများသည် အောက်ပါအချက်အလက်များနှင့် ကိုက်ညီမှုရှိရပါမည်။

 

** အမျိုးသားဖြစ်ရပါမည်။

** အသက် (၂၀) မှ အသက် (၃၃) ကြားဖြစ်ရပါမည်။

** အခြေခံပညာ အလယ်တန်း () တန်း အောင်ရပါမည်။

** ပြည်တွင်း (သို့) ပြည်ပ ဂဟေလုပ်ငန်းအတွေ့အကြုံ () နှစ်ရှိရပါမည်။

** အရပ်အနည်းဆုံး (၅ ပေ၊ ၄ လက်မ) ရှိရပါမည်။

** ကိုယ်အလေးချိန် အနည်းဆုံး ပေါင် (၁၁၀) နှင့် (၁၅၀) ကြားရှိရပါမည်။

** မျက်မှန်မတတ်သူဖြစ်ရပါမည်။

** မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်မှ ချမှတ်ထားသည့် သင်တန်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာ လိုက်နာရပါမည်။

 

၂။ အဆင့်ဆင့်ရွေးချယ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ထဲတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ကျင်းပမည့် JFE Japan Advanced Welding လက်တွေ့စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများအား ဝင်ရောက်ဖြေဆိုခွင့်ရပါမည်။

 

Read More>>>>> အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပန်းချီဌာနလျှောက်သူများ လူတွေ့စစ်ဆေးမည်

 

၃။ (၂၉--၂၀၁၉) ရက်နေ့မှစ၍ လျှောက်လွှာများ ဝယ်ယူနိုင်ပြီး (၂၀--၂၀၁၉) ရက်နေ့ ညနေ (၄း၃၀) နာရီ နောက်ဆုံးထားပြီး လျှောက်လွှာပြန်တင်ရပါမည်။

 

၎။ အသေးစိတ်သိရှိလိုပါက မန်နေဂျာ (သင်တန်း) ဖုန်းနံပါတ် ၀၁-၅၁၉၆၇၃(၇၆) လိုင်းခွဲ-၂၁၆၊ ၀၉-၇၉၅၂၂၀၉၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

(မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်)

တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ လှိုင်မြို့နယ်၊ရန်ကုန်မြို့

 

Source: ကြေးမုံ

 

 

News Read 2042 times