Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံတွင် အသက်ခြောက်လမှ ၁၂ နှစ်အတွင်း ကလေးငယ်များ၏ IQ-EQ ဆိုင်ရာ ပင်ကိုစွမ်းရည်များအား ပိုမိုမြှင့်တင်ပေးမည့် သင်တန်းကျောင်းဖွင့်လှစ်မည်

မြန်မာနိုင်ငံတွင် အသက်ခြောက်လမှ ၁၂ နှစ်အတွင်း ကလေးငယ်များ၏ IQ-EQ ဆိုင်ရာ ပင်ကိုစွမ်းရည်များအား ပိုမိုမြှင့်တင်ပေးမည့် သင်တန်းကျောင်းဖွင့်လှစ်မည်

IQ-EQ ဆိုင်ရာ ပင်ကိုစွမ်းရည်များအား ပိုမိုမြှင့်တင်ပေးပြီး ပြည့်ဝစွာ အသုံးချနိုင်စေရန် နိုင်ငံတကာတွင် အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနေသည့် သင်တန်းကျောင်းတစ်ခုဖြစ်သည့် People Impact IQ-EQ သင်တန်းကျောင်း မြန်မာနိုင်ငံတွင် တရားဝင်ဖွင့်လှစ်သည့် အခမ်းအနားကို ရန်ကုန်မြို့ရှိ Melia Hotel တွင် ယခုလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် Golden Legend Group Royal Sublime Co;Ltd မှ Franchise ရယူပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှာ IQ-EQ ပိုင်းဆိုင်ရာတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်တဲ့ ကျောင်းမရှိသေးပါဘူး။ အခုခေတ်ကလေးတွေဟာ လွန်ကဲစွာ ကာကွယ်မှုပြုတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတာကြောင့် ကိုယ့်အားကိုယ်ကိုးလိုစိတ်တွေ မိမိရဲ့ခံစားချက်ကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်တွေ အားနည်းနေတတ်ကြတယ်” ဟု ပြောသည်။

People Impact IQ-EQ သင်တန်းကျောင်းကို ၂၀၀၂ ခုနှစ်က ဟောင်ကောင်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ လေ့ကျင့်ရေးစင်တာပေါင်း ၄၀ ကျော်ကို နိုင်ငံရှစ်နိုင်ငံတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: democracy

News Read 1468 times