IT ပိုင်းစိတ်ဝင်စားတဲ့ လူငယ်များအတွက် “ပညာဒါန” ကွန်ပျူတာပြုပြင်ထိန်းသိမ်းသင်တန်း..

IT ပိုင်းစိတ်ဝင်စားတဲ့ လူငယ်များအတွက် “ပညာဒါန” ကွန်ပျူတာပြုပြင်ထိန်းသိမ်းသင်တန်း..

ဒီသင်တန်းကတော့ ကွန်ပျူတာကို တစ်စစီပြုတ်တပ်ချင်သူများအတွက် အဓိက သင်တန်းပေးမှာ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေကို လေ့လာရမှာဖြစ်ပါတယ်။ သင်ဟာ ကွန်ပျူတာကို အသုံးပြုဖူးသူ Basic level အောင်မြင်ထားသူ ဖြစ်ဖို့တော့ လို့အပ်ပါတယ်။

သင်မှာသာ ကွန်ပျူတာရှိနေရင် ဒါမှမဟုတ် ၀ယ်ယူဖို့ စဉ်းစားနေရင် ဒီသင်တန်းလေးကို တက်ထားသင့်ပါတယ်။ သင်ဟာ ကွန်ပျူတာကို smart ကျကျ သုံးစွဲတတ်လာပါလိမ့်မယ်။

ဒီသင်တန်းကို တက်ပြီးပါက သင်ဟာ ကွန်ပျူတွေကို ပြုပြင်နိုင်သူ, တနည်းအားဖြင့် Error တွေကို ဖြေရှင်းနိုင်သူ တစ်ယောက် ဖြစ်လာမှာပါ။ ကွန်ပျူတာအပိုင်းကို အသေးစိတ်သိရှိထားတဲ့ အတွက် အလုပ်လျှောက်တဲ့နေရာမှာ သူများထက် တစ်ပန်းသာနေပါလိမ့်မယ်။ ဒီသင်တန်းတက်ပြီးရင် IT Support, ICT Products Sale, Computer Technician နှင့် IT လုပ်ငန်းဆိုင်ရာ အလုပ်တွေကို ၀င်ရောက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီသင်တန်းမှာ သင်ဟာ ဘာတွေသင်ရမလဲဆိုရင်     
Hardware များအလုပ်လုပ်ပုံ
Windows Operating System များအကြောင်း
Hardware Errors များ ရှာဖွေခြင်း
Software Errors များ ရှာဖွေခြင်း
Software များကို ကိုယ်တိုင်ထည့်သွင်းခြင်း (Software အားလုံး)
Windows ကို မိမိဘာသာ စိတ်ကြိုက်တင်ခြင်း (Windows 7, 8, 10)
Virus များ ရှာဖွေခြင်နှင့် ရှင်းလင်းခြင်း
Computer accounts များအကြောင်း
Data, Backup, RestorePoint များအကြောင်း
Password များကို ကျော်ကွခြင်း
Hacking Knowledge
လုံခြုံရေးအဆင့် မြင့်တင်ခြင်း
Hardware များကို ပြုပြင်ခြင်း
File & Folder များကို Lock ချခြင်း
ကွန်ပျူတာကို မြန်လာအောင် ပြုလုပ်ခြင်း
Game များထည့်သွင်းခြင်း
Computer နှေးတာ မြန်တာရဲ့ ကွာခြားချက်
Networking Knowledge intro

ဒီသင်တန်းဟာ ကွန်ပျူတာတစ်ခုလုံးရဲ့ အလုပ်လုပ်ပုံနှင့်ဖွဲ့စည်းပုံကို သင်ယူရမှာ ဖြစ်ပါတယ်။ သင်အချိန်ပေးဖို့သာ လိုပါတယ် တတ်အောင် သင်ပေးဖို့က ဆရာတို့ တာဝန်ထားပါ။

သင်ကိုယ်တိုင် ကွန်ပျူတာကို လက်တွေ့ တစ်စစီ တစ်ယောက်ချင် ဖြုတ်တပ် လုပ်ရမှာ ဖြစ်ပါတယ်။
သင်တန်းကြေးပေးစရာမလိုပဲ အခမဲ့ တက်နိုင်ပါတယ် မည်သူမဆို တက်ရောက်နိုင်ပါတယ်။ သင်ကြားမှု့ကို Online Exam Test ဖြင့် ပြန်လည် စစ်ဆေးပြီး အရည်အချင်းပြည့်မှီသူများကို Certificate ထုတ်ပေးမှာ ဖြစ်ပါတယ်။ သင်ကြားမှု့များကို လေ့လာနိုင်ဖို့ သင်တန်းကျောင်းမှာ ထုတ်ပေးသော Mobile App ကို Install ထားပြီး သင်တန်းတက်ပါက ရရှိမည့် Student ID နှင့် Login password တို့ကို အသုံးပြု၍ သင်ခန်းစာများကို ပြန်လည် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Certificate , Online Exam Test Registration နှင့် သင်ထောက်ကူ စာအုပ်များ အတွက်တော့ ၁၇၀၀၀ ကျပ်သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။
သင်တန်းသားဦးရေ (၁၀၀) သာ လက်ခံပါမည်။ သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် Aircon ခန်းများအတွင်းမှာ စနစ်တကျ သင်ယူရပါမည်။ သင်တန်းပြီးဆုံးသွားတဲ့ သင်တန်းသူ သင်တန်းသားများရဲ့ စကားသံများကို page ရဲ့ review များ ကြည့်ရှု့နိုင်ပါတယ်။

ဖေဖော်ဝါရီလအတွက် သင်တန်းသားအယောက် (၁၀၀), မတ်လအတွက် သင်တန်းသားအယောက် (၁၀၀) ကို သင်တန်းပို့ချပြီး ဖြစ်ပါတယ်။

သင်တန်းအချိန် ဇယား

တင်္နလာ , အင်္ဂါ (တပတ် ၂ ရက်)
11:00 AM - 1:00 PM (တန်းခွဲ A1)
1:00 PM - 3:00PM (တန်းခွဲ A2)
3:00PM - 5:00PM (တန်းခွဲ A3)
သင်တန်းကာလ - ၁ လ
သင်တန်းစမည့်ရက် - 6 May
သင်တန်းပြီးဆုံးမည့်ရက် - 28 May

ဗုဒ္ဓဟူး, ကြာသာပတေး (တပတ် ၂ ရက်)
11:00 AM - 1:00 PM (တန်းခွဲ B1)
1:00 PM - 3:00PM (တန်းခွဲ B2)
3:00PM - 5:00PM (တန်းခွဲ B3)
သင်တန်းကာလ - ၁ လ
သင်တန်းစမည့်ရက် - 8 May
သင်တန်းပြီးဆုံးမည့်ရက် - 30 May

သောကြာ, စနေ (တပတ် ၂ ရက်)
11:00 AM - 1:00 PM (တန်းခွဲ C1)
1:00 PM - 3:00PM (တန်းခွဲ C2)
3:00PM - 5:00PM (တန်းခွဲ C3)
သင်တန်းကာလ - ၁ လ
သင်တန်းစမည့်ရက် - 10 May
သင်တန်းပြီးဆုံးမည့်ရက် - 31 May

သင်တန်းတက်ချင်သူများ ကြိုတင်၍ စာရင်းပေးသွင်းရပါမည်။ မေလ (၁) ရက်နေ့အထိသာ သင်တန်းလက်ခံပါမည်။ သင်တန်းသားပြည့်သွားသော တန်းခွဲများကို စာရင်းပေးသွင်းလို့ရမည်မဟုတ်တဲ့အတွက် အမြန်စာရင်းပေးသွင်းဖို့ အကြံပြုလိုပါတယ်။ သင်တန်းသား ဦးရေ ပြည့်သွားပါက စာရင်းပေးသွင်းခြင်းကို ရပ်ဆိုင်ပါမည်။

သင်တန်းအပ်ကို နေ့စဉ် မနက် ၁၀ နာရီမှ ညနေ ၅:၃၀ အထိ ပိတ်ရက်မရှိ လက်ခံပေးသွားပါမည်။ အသေးစိတ် သိလိုပါက 09 768133811 ကို ရုံးချိန်(10:00 - 5:30PM)အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သင်တန်းအမည်ကတော့ YGNNET (ရန်ကုန်နက်) ဖြစ်ပါတယ်။ YGNNET က Software ကုမ္ပဏီတခုဖြစ်ပြီး Educations ကိုပါ တွဲးဘက် သင်တန်းပို့ချပေးတာ ဖြစ်ပါတယ်။ IT လောက အတွင်း ခြေလှမ်းစတင်လိုသူများအတွက် မဖြစ်မနေသိသင့်တဲ့ ကွန်ပျူတာ Knowledge တွေကို ပညာဒါနအနေနဲ့ မျှဝေသင်ကြားပေးနေတာ ဖြစ်ပါတယ်။

သင်တန်းသို့ရောက်ရှိသော YBS များ
- ၈၄, ၂၇, ၈၇
မှတ်ချက် - ၈၇ ( မဟာမြိုင် ) လို့ရေးထားသော YBS ကိုစီးပါ။

သင်တန်းနေရာ
တိုက် (၁), အခန်း (C2), မဟာမြိုင် ဦးဝိစာရလမ်း ဆိုဒ်ရှေ့မှတ်တိုင် အနီး, မြောက်ဒဂုံ, ရန်ကုန်
09 768133811
[email protected]
https://edu.ygnnet.com

News Read 4377 times