“ပိစ်ကော စေတနာ့ဝန်ထမ်း နှစ်ဆတိုးမြှင့်”

“ပိစ်ကော စေတနာ့ဝန်ထမ်း နှစ်ဆတိုးမြှင့်”

ရန်ုကုန် ဧပြီ ၆ ရက်တွင် မြန်မာနိုင်ငံမှာ တာဝန်ထမ်းဆောင်မယ့် ပိစ်ကော စေတနာ့ဝန်ထမ်းအသစ် ၃၂ ဦးဖြစ်သွားတာကြောင့် နှစ်ဆခန့်တိုးမြှင့်လာပါသည်။

သည်စေတနာ့ဝန်ထမ်းတွေသည် ပဲခူးတိုင်းဒေသကြီနှင့် မွန်ပြည်နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားပို့ချမယ့် တာဝန်ကို နှစ်နှစ်ကြာထမ်းဆောင်မှုာ ဖြစ်ပါသည်။သည်နှစ်မှာ ပထမဆုံးအကြိမ်အဖြစ် မကွေးတိုင်းဒေသကြီးမှာ စတင်တာဝန်ထမ်းဆောင်တာဖြစ်ပါသည်။

သည်စေတနာ့ဝန်ထမ်းသစ်တွေသည် မြန်မာနိုင်ငံမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ဝန်ထမ်း ၄၂ ဦးနှင့်အတူ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါသည်။

“မြန်မာပြည်သူတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ပိုမိုလွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် စည်ပင်ဝပြောခြင်းတွေရရှိအောင် အမေရိကန် ပြည်သူတွေက ပံ့ပိုးကူညီိချင်တဲ့ဆန္ဒရှိပါသည်။ကျွန်တော်တို့နှစ်နိုင်ငံလုံး ထားရှိတဲ့ ဒီတူညီတဲ့ ရည်မှန်းချက်တွေအထမြောက်အောင်မြင်အောင် ပိစ်ကောလိုစီမံကိန်းတွေက ကူညီဆောင်ကြဉ်းပေးပါတယ်”လို့ သံအမတ်ကြီး စကော့မာစီရယ်က ပြောပါသည်။

သည်အဖွဲ့တွေသည် မြန်မာနိုင်ငံမှာ နှစ်နှစ်ကြာတာဝန်ထမ်းဆောင်မည့် တတိယမြောက် ပိစ်ကော စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်ပါသည်။သည်စေတနာ့ ဝန်ထမ်းသစ်တွေသည် အမေရိကန်ပြည်ထောင်စု၏ အနယ်နယ် အရပ်ရပ်က လာရောက်ပြီး မတူကွဲပြားတဲ့ ပုံရိပ်တွေကို ကောင်းစွာကိုယ်စားပြု ထင်ဟပ်ပါသည်။

စေတနာ့ဝန်ထမ်းသစ်များသည် ရက်သတ္တပတ်ကြာမြင့်တဲ့ လုပ်ငန်းခွင် အကြိုသင်တန်းမှာ မြန်မာဘာသာစကား၊ မြန်မာယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းတွေကို တက်ရောက်ပြီးသူတွေ ဖြစ်ပါသည်။

သင်တန်းကာလအတွင်းမှုာ သင်ယူလေ့လာမှုတွေ အထောက်အကူဖြစ်စေဖို့ ပဲခူးတိုင်းဒေသကြီးရဲ့ ရပ်ရွာလူထုအတွင်း နေထိုင်ခဲ့ပြီး မြန်မာမိသားစုတွေဆီကနေ သင်ယူလေ့လာခြင်း၊ မြန်မာကျောင်းသားတွေနှင့် ကျောင်းသင်ခန်းစာ လက်တွေ့ လေ့ကျင့်သင်ကြားပို့ချခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။

ပိစ်ကောကို သမ္မတ ဂျွန်အက်ဖ်ကနေဒီ စတင်တည်ထောင်ခဲ့သည့် ၁၉၆၁ ခုနှစ်၊ မတ် ၁ ရက်နေ့မှစကာ အမေရိကန်နိုင်ငံသား ၂၃၀,၀၀၀ ကျော်သည် နိုင်ငံပေါင်း ၁၄၁ နိုင်ငံမှာ စေတနာ့ ဝန်ထမ်းတာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာအစိုးရရဲ့ဖိတ်ကြားချက်နဲ့ ပိစ်ကောသည် အရည်အချင်းပြည့်မီသည့် အမျိုးသား၊ အမျိုးသမီးတွေကို မြန်မာ့ပညာရေး ရည်မှန်းချက်ပြည့်မီစေရန်အတွက် ပူးပေါင်းပါဝင်ပံ့ပိုးစေခဲ့ပါသည်။ အမေရိကန်နှင့် မြန်မာနှစ်နိုင်ငံ ပြည်သူများအကြားရှိ နားလည်မှု ကောင်းတွေကို မြှင့်တင်ပေးနိုင်စေဖို့လည်း ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံမှာ ပိစ်ကောရဲ့ အစီအစဉ်ကို ၂၀၁၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပါသည်။အသစ်ထပ်မံရောက်ရှိလာသူတွေ အပါအဝင် လာမည့်ပညာသင်နှစ်အစမှာ ဒေသခံတွဲဖက်သင်ဆရာ၊ ဆရာမတွေနှင့် အတူယှဉ်တွဲနေထိုင် တာဝန်ထမ်းဆောင်တဲ့ စေတနာ့ဝန်ထမ်းစုစုပေါင်း ၆၀ ဦးရှိသွားပြီဖြစ်ပါသည်။

Source: Kumukra

News Read 1238 times