Sales Hotline : 09448001653       Download App



သင့်ကလေးနဲ့ ကိုက်ညီမှုရှိတဲ့မူကြိုကျောင်းကို ဘယ်လိုရွေးမလဲ

သင့်ကလေးနဲ့ ကိုက်ညီမှုရှိတဲ့မူကြိုကျောင်းကို ဘယ်လိုရွေးမလဲ

**Unicode**

မိဘတွေအနေဖြင့် မူကြိုကျောင်းတွေ မှိုလိုပေါနေတဲ့အခါ  ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့မူကြိုကို ရွေးချယ်တဲ့အခါမှာ ပထမဦးဆုံးလုပ်ရမှာက  နေရာ၊ အချိန်နဲ့ ဈေးနှုန်း သုံးခုကိုကြည့်ပြီး ရွေးချယ်ဖို့ ပထမဆုံး အရေးကြီးပါတယ်နော်...။

မိသားစုတစ်ခုနဲ့တစ်ခုကတော့ မတူညီကြတဲ့အတွက် ကလေးတစ်ဦးချင်းတိုင်းရဲ့ လိုအပ်ချက်ဆိုတာကလည်း တူညီကြမှာ မဟုတ်ပါဘူး။

ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့ မူကြိုကျောင်းကို ရွေးချယ်ပြီးပြီဆိုရင်တော့ အဲဒီကျောင်းကို ကိုယ်တိုင်သွားလေ့လာ သင့်ပါတယ်။

ပထမအကြိမ်သွားတဲ့အခါမှာ ကလေးကိုခေါ်မသွားတာ ပိုကောင်းပါတယ်၊ ဒါမှကိုယ်လေ့လာချင်တာ ကိုယ်သိချင်တာလေးတွေကို သေချာမေးလို့ရမှာ ဖြစ်ပါတယ်။

မူကြိုကျောင်းတွေ များပေမယ့် ဘယ်နေရာတွေမှာရှိလဲ မသိတဲ့သူတွေ အများကြီးပါ။ အဲတော့ဘယ်မူကြိုကျောင်းတွေရှိလည်းဆိုတာသိရဖို့ www.edge.com.mm ထဲသို့ အရင်ဆုံး ရှာဖွေတာမျိုးလည်း ပြုလုပ်သင့် ပါတယ်နော်...။

မူကြိုကျောင်းမှာ သွားလေ့လာတဲ့အခါ အခုဖော်ပြထားတဲ့အချက် (၇) ချက်ကို သတိရပါ။ ဒါတွေက ကိုယ့်ကလေးအတွက် အကိုက်ညီဆုံးတစ်ခုကို ရွေးချယ်တဲ့အခါမှာ ထည့်သွင်းစဉ်းစား ရမှာတွေဖြစ်တဲ့အတွက် အရေးကြီးပါတယ်။

၁။ မူကြိုဆရာမ၊ ဝန်ထမ်းများ

ဒီ List ထဲမှာပါတဲ့အချက်တွေထဲ မူကြိုဆရာမတွေက အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်၊ ဒါတွေကို လေ့လာပါ။

- ဆရာမတွေ ကလေးငယ်တွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံလဲ။

ဆရာမတွေအနေနဲ့ ကလေးငယ်တွေနဲ့ စကားပြောတဲ့အခါ သူတို့မျက်စိရှေ့တည့်တည့် မြင်သာတဲ့နေရာ (Eye-level) ထိရောက်အောင် ထိုင်/ငုံ့ပြောသင့်ပါတယ်။ ဆရာမ၊ ဝန်ထမ်းတွေနဲ့ ကလေးတွေ အပြန်အလှန်ပြောဆိုနေကြတာတွေကို နားထောင်ကြည့်မိဖို့ အရေးကြီးပါတယ်။ ဒါက သူတို့အနေနဲ့ ကလေးပြောချင်နေတာတွေ၊ပြီးတော့ ကလေးတွေကိုပါ တကယ်စိတ်ပါဝင်စားမှု ရှိမရှိဆိုတာကို ပြသနေပါတယ်။

- ကလေးငယ်များကို အသေအချာဂရုစိုက်ပေးသော ဆရာမများ။

ဒါကတော့ မူကြိုကိုသွားလေ့လာလိုက်ရင် မြင်သာပါတယ်။ အတန်းထဲက အပြုံးတွေ၊ ရယ်သံတွေကို တွေ့ရပါလိမ့်မယ်။ ဆရာမတွေ ကလေးပြောတာကို သေချာနားထောင်နေတာမျိုး၊ ကလေး အချင်းချင်း၊ ဆရာမနဲ့ကလေးတွေအကြား အပြန်အလှန် ပြောဆိုဆက်ဆံနေတာမျိုးတွေလည်း ရှိသင့်ပါတယ်။ လက်ဝါးချင်းရိုက်တာ၊ ဖက်တာ၊ ချီးကျူးစကား ပြောနေတာတွေကလည်း ကောင်းတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။  

- မူကြိုဆရာမအလုပ်ကို နှစ်သက်မှုရှိသော ဆရာမများ။

ဒါကတော့ အပြင်ပန်းလေ့လာဖို့ တော်တော်ခက်ပါတယ်။ ဖြစ်နိုင်ရင် ဆရာမတွေနဲ့စကားပြောကြည့်ပါ၊ အများအားဖြင့်ကတော့ စကားပြောကြည့်လိုက်ရင် သိသာပါတယ်။ မူကြိုကျောင်းအုပ်ကို ကျောင်းရဲ့ Turnover Rate လေး မေးကြည့်လို့ရပါတယ်။ တကယ်လို့ ကျောင်းမှာနှစ်ကြာကြာနေတဲ့ ဆရာမတွေရှိရင်တော့ ကောင်းတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။

- Training လုံလုံလောက်လောက်ရရှိထားသော ဆရာမ၊ ဝန်ထမ်းများ။

မူကြိုကျောင်းအုပ်အနေနဲ့ CPR Training အကြောင်း၊ပြီးတော့ ဆရာမတွေအနေနဲ့ ဘယ်လို Professional Development မျိုးတွေ ရရှိထားလဲဆိုတဲ့အကြောင်းလောက်တော့ ပြောပြနိုင်ရပါမယ်။

၂။ လုံခြုံရေး

- အရေးပေါ်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း။  

အရေးပေါ်အခြေအနေတွေအတွက် ကြိုတင်စီစဉ်ထားမှုတွေရှိမရှိ မေးမြန်းပါ၊ ဆရာ-ကျောင်းသားအချိုး ဘယ်လောက်ရှိလဲ မေးမြန်းပါ။ ကျောင်းကိုလှည့်လည်နေတုန်း ကစားကွင်းကိုလည်း လုံခြုံမှုရှိမရှိ တစ်ချက်လေ့လာကြည့်ပါ။

၃။ ပတ်ဝန်းကျင်

- ကလေးအရွယ်နှင့်လိုက်ဖက်သော ပရိဘောဂများထားရှိသည့် စာသင်ခန်းများ။

ကလေးတွေအနေနဲ့ သူတို့ရဲ့ဦးနှောက်လေးတွေ ဖွံ့ဖြိုးနေချိန်တစ်ဆက်တည်းမှာ သက်တောင့်သက်သာရှိဖို့လိုပါတယ်။

- သွားလာဆော့ကစားနိုင်သည့် အကျယ်အဝန်းရှိသော စာသင်ခန်း။

အခန်းတွေက အရမ်းအကျယ်ကြီးတွေ ဖြစ်စရာတော့မလိုပါဘူး၊ ဒါပေမယ့် အတန်းတွင်း ကလေးအရေအတွက်နဲ့ သင့်တော်တဲ့ အကျယ်အဝန်းလောက်တော့ ရှိသင့်ပါတယ်။

- စာအုပ်စာဆောင်များနှင့်ပြည့်နေသော စာသင်ခန်းများ။

စာအုပ်နဲ့ တခြားစာလုံးအက္ခရာများဖြင့် စီရင်ထားသောအရာများကို ရှာဖွေပါ။ ဆရာမတွေ ကလေးငယ်တွေနဲ့ဆိုင်တဲ့ ပုံတိုပတ်စတွေ ချရေးနေမှုရှိမရှိ လေ့လာကြည့်ပါ၊ ကလေးတွေ ကိုယ်တိုင်ပြုလုပ်ထားတဲ့ စာအုပ်တွေရှိမရှိ ရှာဖွေကြည့်ပါ။ ဒါတွေက သင်ယူချင်စဖွယ်ပတ်ဝန်းကျင်တစ်ခုဟုတ်မဟုတ် မြင်သာတဲ့အချက်တွေပဲ ဖြစ်ပါတယ်။

- စာသင်ခန်းတစ်ဝိုက် ကလေးငယ်များ၏လက်ရာများ။

စာသင်ခန်းတွေမှာတွေ့ရတတ်တဲ့ ကလေးတွေရဲ့ Art ၊ အရေးအသား၊ ဆက်ထားသော Lego အရုပ်များနဲ့ ရုပ်ပုံများက သက်သေတွေပဲဖြစ်ပါတယ်။ ကလေးတွေအတွက်တော့ စာသင်ခန်းဆိုတာ ကစားချင်တိုင်းကစားလို့ရတဲ့ သူတို့ပိုင်တဲ့ နေရာတစ်ခုလိုမျိုး ဖြစ်နေသင့်ပါတယ်။

၄။ ဆက်ဆံရေး

- ကျောင်းနဲ့မိဘများအကြား ဆက်ဆံရေး။

ကျောင်းရဲ့လက်ဆွဲစာအုပ်တောင်းပါ၊ ကလေးမိဘတွေကို ဘယ်လိုဆက်သွယ်ကြလဲ မေးမြန်းပါ။ လက်ဆွဲစာအုပ်ထဲမှာ ကျောင်းနဲ့ပတ်သက်ပြီး မိဘတွေသိထားသင့်တာတွေ ပါရှိပါတယ်။ လစဉ် သတင်းလွှာ၊ ကျောင်းလှုပ်ရှားမှုပြ ပြက္ခဒိန်များနှင့် အီးမေးလ်တွေက မိဘတွေကို ဆက်သွယ်သတင်းပေးတဲ့ နည်းလမ်းတချို့ပဲ ဖြစ်ပါတယ်။

- ကလေးတစ်ဦးချင်းစီနှင့်ပတ်သက်ပြီး အသိပေးဆက်သွယ်ခြင်း။

ဆရာတစ်ဦးချင်းစီက ကျောင်းသားမိဘတွေကို ဘယ်လိုဆက်သွယ်ကြလည်း မေးမြန်းပါ။ နေ့စဉ်မှတ်စု၊ အပတ်စဉ်အီးမေးလ်၊ ဒါမှမဟုတ် အက်ပလီကေးရှင်းတွေ ဖြစ်နိုင်ပါတယ်။ ဘယ်တစ်ခုက အကောင်းဆုံးဆိုတာမျိုးတော့ မရှိပါဘူး၊ ဒါပေမယ့် စာသင်ခန်းနဲ့အိမ် အဆက်အသွယ် ရှိနေဖို့ အရေးကြီးပါတယ်။

၅။ အမူအကျင့်ဆိုင်ရာ ပဲ့ပြင်ပေးမှု

- ကလေးများဆီမှ မျှော်လင့်သောအရာများ

စာသင်ခန်းတွင်း လိုက်နာရမည့် ပြုမူနေထိုင်မှုပုံစံတွေရှိမရှိ မေးမြန်းပါ။ အသက်အရွယ်အလိုက် လိုက်နာရမယ့် စည်းမျဉ်းတွေ၊ မလိုက်နာရင်ဖြစ်လာမယ့်အကျိုးဆက်မျိုးတွေ ရှိသင့်ပါတယ်။ တစ်ဆက်တည်း ကလေးအချင်းချင်းဖြစ်တဲ့ ပြသနာတွေကို ကလေးတွေကိုယ်တိုင် ဖြေရှင်းတတ်အောင် ဘယ်လိုသင်ပေးလဲ မေးမြန်းပါ။

၆။ ကျောင်းချိန်များ

- “ကစားဖို့သက်သက်” အတွက် အချိန်များထားရှိခြင်း။

ကလေးတွေက ကစားခြင်းကနေတစ်ဆင့် သင်ယူမှုပြုကြပါတယ်၊ ဒါကြောင့် အရမ်းရေးကြီးပါတယ်။ ကျောင်းချိန်ရဲ့ ဘယ်လောက်ကို ကစားချိန်သီးသန့်အဖြစ် ထားရှိပေးလဲ။ ဒီအချိန်ကို “Centre time” သို့မဟုတ် “Choice time” လို့ခေါ်ပါတယ်။ ကလေးငယ်လေးတွေ အုပ်စုငယ်လေးတွေဖွဲ့ပြီး Concepts တွေကို လေ့လာဆန်းစစ်ကြတဲ့အချိန် ဖြစ်ပါတယ်။ အဖွဲ့တစ်ခုချင်းက အတူတူအရုပ်ဆက်ကြရင်း သားရဲတိရိစ္ဆာန်တွေအကြောင်း ပြောကြတာဖြစ်နိုင်သလို တိရိစ္ဆာန်တွေရဲ့နာမည်တွေ လေ့လာကြတာလည်း ဖြစ်နိုင်ပါတယ်။

- ဖွဲ့ထားသောအုပ်စုငယ်များ၏ အရွယ်အစား

တစ်တန်းလုံးတူတူ ပါဝင်လှုပ်ရှားကြတာမျိုးရှိသင့်ပြီး အဲ့ဒီအချိန်ကိုတော့ အများအားဖြင့် “Circle Time” သို့မဟုတ် “Calendar Time” လို့ခေါ်ကြပါတယ်။ ဆရာမတွေမှာ ကလေးငယ်တွေနဲ့တူတူစာဖတ်ချိန်ရှိသင့်ပြီး၊ အုပ်စုအနေနဲ့ တူတူကစားချိန်လည်း ရှိသင့်ပါတယ်။ ဆရာမတွေအနေနဲ့လည်း ကလေးတစ်ဦးချင်းပဲဖြစ်ဖြစ် အုပ်စုလိုက်အတွက်ပဲဖြစ်ဖြစ် အချိန်ပေးတာမျိုးလည်း ရှိသင့်ပါတယ်။

- အပြင်ထွက်ကစားခြင်း။

ကလေးငယ်လေးတွေ တစ်နေ့တစ်နေ့ အပြင်ထွက်ပြီး ပြေးလွှားကစားတာ၊ တက်တာပြုတာ၊ လျှောစီးတာ၊ စက်ဘီးစီးတာမျိုးတွေ ပြုလုပ်ဖို့လိုပါတယ်။

၇။ မူကြိုသင်ရိုးညွှန်းတမ်း

အသက်အုပ်စုတစ်ခုချင်းစီအတွက် သင်ကြားရေး/တတ်မြောက်မှု ရည်မှန်းချက်တွေကို ကျောင်းအုပ်နဲ့ဆရာမတွေ သိထားသင့်ပါတယ်။ ဒီရည်မှန်းချက်တွေကလည်း ကလေး အသက်အရွယ်နဲ့လိုက်ဖက်မှု ရှိရပါမယ်။

- လက်တွေ့လှုပ်ရှားမှုများ

ထပ်ပြောရရင် ကလေးတွေက ကစားခြင်းကတစ်ဆင့် သင်ယူမှုပြုကြပါတယ်။ သူတို့လေးတွေအနေနဲ့ လက်တွေ့လှုပ်ရှားမှုတွေဖြစ်တဲ့ စာအုပ်တွေကိုင်ဖတ်ခြင်း၊ ဆက်စရာ ဘလော့တုံးများ ဆက်ခြင်း၊ သင်္ချာသင်ယူမှုအတွက် ရည်ရွယ်တဲ့ အသုံးချကစားစရာများအား ရွှေ့ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ကခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။ တစ်နေ့တစ်နေ့ စာတွေထိုင်ရေးနေရတာ ချည်းသက်သက်တော့ မဖြစ်သင့်ပါဘူး။

- သင်ယူမှုအတွက် လိုအပ်သောအရာအားလုံးနှင့် မိတ်ဆက်ပေးခြင်း

ဂီတ၊ Arts & crafts ၊ စာအုပ်မြောက်မြားစွာ၊ ကျောင်းစာအရေးအသားများ (က၊ ခ၊ ဂ) ၊ ဘာသာစကားနဲ့ သိပ္ပံစမ်းသပ်မှုတွေက ဥပမာအချို့ပဲ ဖြစ်ပါတယ်။ နေ့တိုင်း ဒီအကြောင်းအရာတစ်ခုချင်းစီကို သင်ကြားပေးရ မယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် မူကြိုသင်ရိုးကတော့ ကလေးတွေ ဘက်စုံသိနားလည်ရေးအပေါ် အလေးထားသင့်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။-

 

 

**Zawgyi**

မိဘေတြအေနျဖင့္ မူႀကိဳေက်ာင္းေတြ မႈိလိုေပါေနတဲ့အခါ  ကိုယ့္ကေလးနဲ႕ ကိုက္ညီတ့ဲမူႀကိဳကို ေရြးခ်ယ္တ့ဲအခါမွာ ပထမဦးဆံုးလုပ္ရမွာက  ေနရာ၊ အခ်ိန္နဲ႕ ေစ်းႏႈန္း သံုးခုကိုၾကည့္ၿပီး ေရြးခ်ယ္ဖို႔ ပထမဆုံး အေရးႀကီးပါတယ္ေနာ္...။

မိသားစုတစ္ခုနဲ႔တစ္ခုကေတာ့ မတူညီၾကတဲ့အတြက္ ကေလးတစ္ဦးခ်င္းတုိင္းရဲ႕ လုိအပ္ခ်က္ဆုိတာကလည္း တူညီၾကမွာ မဟုတ္ပါဘူး။

ကိုယ့္ကေလးနဲ႔ ကိုက္ညီတဲ့ မူႀကိဳေက်ာင္းကို ေရြးခ်ယ္ၿပီးၿပီဆုိရင္ေတာ့ အဲဒီေက်ာင္းကို ကိုယ္တိုင္သြားေလ့လာ သင့္ပါတယ္။

ပထမအႀကိမ္သြားတ့ဲအခါမွာ ကေလးကိုေခၚမသြားတာ ပိုေကာင္းပါတယ္၊ ဒါမွကိုယ္ေလ့လာခ်င္တာ ကိုယ္သိခ်င္တာေလးေတြကို ေသခ်ာေမးလို႕ရမွာ ျဖစ္ပါတယ္။

မူႀကိဳေက်ာင္းေတြ မ်ားေပမယ့္ ဘယ္ေနရာေတြမွာရွိလဲ မသိတဲ့သူေတြ အမ်ားႀကီးပါ။ အဲေတာ့ဘယ္မူႀကိဳေက်ာင္းေတြရွိလည္းဆုိတာသိရဖို႔ www.edge.com.mm ထဲသို႔ အရင္ဆုံး ရွာေဖြတာမ်ိဳးလည္း ျပဳလုပ္သင့္ ပါတယ္ေနာ္...။

မူႀကိဳေက်ာင္းမွာ သြားေလ့လာတ့ဲအခါ အခုေဖာ္ျပထားတ့ဲအခ်က္ (၇) ခ်က္ကို သတိရပါ။ ဒါေတြက ကိုယ့္ကေလးအတြက္ အကိုက္ညီဆံုးတစ္ခုကို ေရြးခ်ယ္တ့ဲအခါမွာ ထည့္သြင္းစဥ္းစား ရမွာေတြျဖစ္တ့ဲအတြက္ အေရးႀကီးပါတယ္။

၁။ မူႀကိဳဆရာမ၊ ၀န္ထမ္းမ်ား

ဒီ List ထဲမွာပါတ့ဲအခ်က္ေတြထဲ မူႀကိဳဆရာမေတြက အေရးအႀကီးဆံုးပဲ ျဖစ္ပါတယ္၊ ဒါေတြကို ေလ့လာပါ။

- ဆရာမေတြ ကေလးငယ္ေတြနဲ႕ ဘယ္လိုေျပာဆိုဆက္ဆံလဲ။

ဆရာမေတြအေနနဲ႕ ကေလးငယ္ေတြနဲ႕ စကားေျပာတ့ဲအခါ သူတို႕မ်က္စိေရွ႕တည့္တည့္ ျမင္သာတ့ဲေနရာ (Eye-level) ထိေရာက္ေအာင္ ထုိင္/ငံု႕ေျပာသင့္ပါတယ္။ ဆရာမ၊ ၀န္ထမ္းေတြနဲ႕ ကေလးေတြ အျပန္အလွန္ေျပာဆိုေနၾကတာေတြကို နားေထာင္ၾကည့္မိဖို႕ အေရးႀကီးပါတယ္။ ဒါက သူတို႕အေနနဲ႕ ကေလးေျပာခ်င္ေနတာေတြ၊ၿပီးေတာ့ ကေလးေတြကိုပါ တကယ္စိတ္ပါ၀င္စားမႈ ရွိမရွိဆိုတာကို ျပသေနပါတယ္။

- ကေလးငယ္မ်ားကို အေသအခ်ာဂရုစိုက္ေပးေသာ ဆရာမမ်ား။

ဒါကေတာ့ မူႀကိဳကိုသြားေလ့လာလိုက္ရင္ ျမင္သာပါတယ္။ အတန္းထဲက အၿပံဳးေတြ၊ ရယ္သံေတြကို ေတြ႕ရပါလိမ့္မယ္။ ဆရာမေတြ ကေလးေျပာတာကို ေသခ်ာနားေထာင္ေနတာမ်ဳိး၊ ကေလး အခ်င္းခ်င္း၊ ဆရာမနဲ႕ကေလးေတြအၾကား အျပန္အလွန္ ေျပာဆိုဆက္ဆံေနတာမ်ဳိးေတြလည္း ရွိသင့္ပါတယ္။ လက္၀ါးခ်င္းရိုက္တာ၊ ဖက္တာ၊ ခ်ီးက်ဴးစကား ေျပာေနတာေတြကလည္း ေကာင္းတ့ဲလကၡဏာေတြ ျဖစ္ပါတယ္။  

- မူႀကိဳဆရာမအလုပ္ကို ႏွစ္သက္မႈရွိေသာ ဆရာမမ်ား။

ဒါကေတာ့ အျပင္ပန္းေလ့လာဖို႕ ေတာ္ေတာ္ခက္ပါတယ္။ ျဖစ္ႏိုင္ရင္ ဆရာမေတြနဲ႕စကားေျပာၾကည့္ပါ၊ အမ်ားအားျဖင့္ကေတာ့ စကားေျပာၾကည့္လိုက္ရင္ သိသာပါတယ္။ မူႀကိဳေက်ာင္းအုပ္ကို ေက်ာင္းရဲ႕ Turnover Rate ေလး ေမးၾကည့္လို႕ရပါတယ္။ တကယ္လို႕ ေက်ာင္းမွာႏွစ္ၾကာၾကာေနတ့ဲ ဆရာမေတြရွိရင္ေတာ့ ေကာင္းတ့ဲလကၡဏာပဲ ျဖစ္ပါတယ္။

- Training လံုလံုေလာက္ေလာက္ရရွိထားေသာ ဆရာမ၊ ၀န္ထမ္းမ်ား။

မူႀကိဳေက်ာင္းအုပ္အေနနဲ႕ CPR Training အေၾကာင္း၊ၿပီးေတာ့ ဆရာမေတြအေနနဲ႕ ဘယ္လို Professional Development မ်ဳိးေတြ ရရွိထားလဲဆိုတ့ဲအေၾကာင္းေလာက္ေတာ့ ေျပာျပႏိုင္ရပါမယ္။

၂။ လံုၿခံဳေရး

- အေရးေပၚအတြက္ ႀကိဳတင္ျပင္ဆင္ထားျခင္း။  

အေရးေပၚအေျခအေနေတြအတြက္ ႀကိဳတင္စီစဥ္ထားမႈေတြရွိမရွိ ေမးျမန္းပါ၊ ဆရာ-ေက်ာင္းသားအခ်ဳိး ဘယ္ေလာက္ရွိလဲ ေမးျမန္းပါ။ ေက်ာင္းကိုလွည့္လည္ေနတုန္း ကစားကြင္းကိုလည္း လံုၿခံဳမႈရွိမရွိ တစ္ခ်က္ေလ့လာၾကည့္ပါ။

၃။ ပတ္၀န္းက်င္

- ကေလးအရြယ္ႏွင့္လိုက္ဖက္ေသာ ပရိေဘာဂမ်ားထားရွိသည့္ စာသင္ခန္းမ်ား။

ကေလးေတြအေနနဲ႕ သူတို႕ရဲ႕ဦးေႏွာက္ေလးေတြ ဖြံ႕ၿဖိဳးေနခ်ိန္တစ္ဆက္တည္းမွာ သက္ေတာင့္သက္သာရွိဖို႕လိုပါတယ္။

- သြားလာေဆာ့ကစားႏိုင္သည့္ အက်ယ္အ၀န္းရွိေသာ စာသင္ခန္း။

အခန္းေတြက အရမ္းအက်ယ္ႀကီးေတြ ျဖစ္စရာေတာ့မလိုပါဘူး၊ ဒါေပမယ့္ အတန္းတြင္း ကေလးအေရအတြက္နဲ႕ သင့္ေတာ္တ့ဲ အက်ယ္အ၀န္းေလာက္ေတာ့ ရွိသင့္ပါတယ္။

- စာအုပ္စာေဆာင္မ်ားႏွင့္ျပည့္ေနေသာ စာသင္ခန္းမ်ား။

စာအုပ္နဲ႕ တျခားစာလံုးအကၡရာမ်ားျဖင့္ စီရင္ထားေသာအရာမ်ားကို ရွာေဖြပါ။ ဆရာမေတြ ကေလးငယ္ေတြနဲ႕ဆိုင္တ့ဲ ပံုတိုပတ္စေတြ ခ်ေရးေနမႈရွိမရွိ ေလ့လာၾကည့္ပါ၊ ကေလးေတြ ကိုယ္တုိင္ျပဳလုပ္ထားတ့ဲ စာအုပ္ေတြရွိမရွိ ရွာေဖြၾကည့္ပါ။ ဒါေတြက သင္ယူခ်င္စဖြယ္ပတ္၀န္းက်င္တစ္ခုဟုတ္မဟုတ္ ျမင္သာတ့ဲအခ်က္ေတြပဲ ျဖစ္ပါတယ္။

- စာသင္ခန္းတစ္၀ိုက္ ကေလးငယ္မ်ား၏လက္ရာမ်ား။

စာသင္ခန္းေတြမွာေတြ႕ရတတ္တ့ဲ ကေလးေတြရဲ႕ Art ၊ အေရးအသား၊ ဆက္ထားေသာ Lego အရုပ္မ်ားနဲ႕ ရုပ္ပံုမ်ားက သက္ေသေတြပဲျဖစ္ပါတယ္။ ကေလးေတြအတြက္ေတာ့ စာသင္ခန္းဆိုတာ ကစားခ်င္တုိင္းကစားလို႕ရတ့ဲ သူတို႕ပိုင္တ့ဲ ေနရာတစ္ခုလိုမ်ဳိး ျဖစ္ေနသင့္ပါတယ္။

၄။ ဆက္ဆံေရး

- ေက်ာင္းနဲ႕မိဘမ်ားအၾကား ဆက္ဆံေရး။

ေက်ာင္းရဲ႕လက္ဆြဲစာအုပ္ေတာင္းပါ၊ ကေလးမိဘေတြကို ဘယ္လိုဆက္သြယ္ၾကလဲ ေမးျမန္းပါ။ လက္ဆြဲစာအုပ္ထဲမွာ ေက်ာင္းနဲ႕ပတ္သက္ၿပီး မိဘေတြသိထားသင့္တာေတြ ပါရွိပါတယ္။ လစဥ္ သတင္းလႊာ၊ ေက်ာင္းလႈပ္ရွားမႈျပ ျပကၡဒိန္မ်ားႏွင့္ အီးေမးလ္ေတြက မိဘေတြကို ဆက္သြယ္သတင္းေပးတ့ဲ နည္းလမ္းတခ်ဳိ႕ပဲ ျဖစ္ပါတယ္။

- ကေလးတစ္ဦးခ်င္းစီႏွင့္ပတ္သက္ျပီး အသိေပးဆက္သြယ္ျခင္း။

ဆရာတစ္ဦးခ်င္းစီက ေက်ာင္းသားမိဘေတြကို ဘယ္လိုဆက္သြယ္ၾကလည္း ေမးျမန္းပါ။ ေန႕စဥ္မွတ္စု၊ အပတ္စဥ္အီးေမးလ္၊ ဒါမွမဟုတ္ အက္ပလီေကးရွင္းေတြ ျဖစ္ႏုိင္ပါတယ္။ ဘယ္တစ္ခုက အေကာင္းဆံုးဆိုတာမ်ဳိးေတာ့ မရွိပါဘူး၊ ဒါေပမယ့္ စာသင္ခန္းနဲ႕အိမ္ အဆက္အသြယ္ ရွိေနဖို႕ အေရးႀကီးပါတယ္။

၅။ အမူအက်င့္ဆိုင္ရာ ပ့ဲျပင္ေပးမႈ

- ကေလးမ်ားဆီမွ ေမွ်ာ္လင့္ေသာအရာမ်ား

စာသင္ခန္းတြင္း လိုက္နာရမည့္ ျပဳမူေနထုိင္မႈပံုစံေတြရွိမရွိ ေမးျမန္းပါ။ အသက္အရြယ္အလိုက္ လိုက္နာရမယ့္ စည္းမ်ဥ္းေတြ၊ မလိုက္နာရင္ျဖစ္လာမယ့္အက်ဳိးဆက္မ်ဳိးေတြ ရွိသင့္ပါတယ္။ တစ္ဆက္တည္း ကေလးအခ်င္းခ်င္းျဖစ္တ့ဲ ျပသနာေတြကို ကေလးေတြကိုယ္တုိင္ ေျဖရွင္းတတ္ေအာင္ ဘယ္လိုသင္ေပးလဲ ေမးျမန္းပါ။

၆။ ေက်ာင္းခ်ိန္မ်ား

- “ကစားဖို႕သက္သက္” အတြက္ အခ်ိန္မ်ားထားရွိျခင္း။

ကေလးေတြက ကစားျခင္းကေနတစ္ဆင့္ သင္ယူမႈျပဳၾကပါတယ္၊ ဒါေၾကာင့္ အရမ္းေရးႀကီးပါတယ္။ ေက်ာင္းခ်ိန္ရဲ႕ ဘယ္ေလာက္ကို ကစားခ်ိန္သီးသန္႕အျဖစ္ ထားရွိေပးလဲ။ ဒီအခ်ိန္ကို “Centre time” သို႕မဟုတ္ “Choice time” လို႕ေခၚပါတယ္။ ကေလးငယ္ေလးေတြ အုပ္စုငယ္ေလးေတြဖြဲ႕ျပီး Concepts ေတြကို ေလ့လာဆန္းစစ္ၾကတ့ဲအခ်ိန္ ျဖစ္ပါတယ္။ အဖြဲ႕တစ္ခုခ်င္းက အတူတူအရုပ္ဆက္ၾကရင္း သားရဲတိရိစာၦန္ေတြအေၾကာင္း ေျပာၾကတာျဖစ္ႏိုင္သလို တိရိစာၦန္ေတြရဲ႕နာမည္ေတြ ေလ့လာၾကတာလည္း ျဖစ္ႏိုင္ပါတယ္။

- ဖြဲ႕ထားေသာအုပ္စုငယ္မ်ား၏ အရြယ္အစား

တစ္တန္းလံုးတူတူ ပါ၀င္လႈပ္ရွားၾကတာမ်ဳိးရွိသင့္ျပီး အ့ဲဒီအခ်ိန္ကိုေတာ့ အမ်ားအားျဖင့္ “Circle Time” သို႕မဟုတ္ “Calendar Time” လို႕ေခၚၾကပါတယ္။ ဆရာမေတြမွာ ကေလးငယ္ေတြနဲ႕တူတူစာဖတ္ခ်ိန္ရွိသင့္ျပီး၊ အုပ္စုအေနနဲ႕ တူတူကစားခ်ိန္လည္း ရွိသင့္ပါတယ္။ ဆရာမေတြအေနနဲ႕လည္း ကေလးတစ္ဦးခ်င္းပဲျဖစ္ျဖစ္ အုပ္စုလိုက္အတြက္ပဲျဖစ္ျဖစ္ အခ်ိန္ေပးတာမ်ဳိးလည္း ရွိသင့္ပါတယ္။

- အျပင္ထြက္ကစားျခင္း။

ကေလးငယ္ေလးေတြ တစ္ေန႕တစ္ေန႕ အျပင္ထြက္ၿပီး ေျပးလႊားကစားတာ၊ တက္တာျပဳတာ၊ ေလွ်ာစီးတာ၊ စက္ဘီးစီးတာမ်ဳိးေတြ ျပဳလုပ္ဖို႕လိုပါတယ္။

၇။ မူႀကိဳသင္ရိုးညႊန္းတမ္း

အသက္အုပ္စုတစ္ခုခ်င္းစီအတြက္ သင္ၾကားေရး/တတ္ေျမာက္မႈ ရည္မွန္းခ်က္ေတြကို ေက်ာင္းအုပ္နဲ႕ဆရာမေတြ သိထားသင့္ပါတယ္။ ဒီရည္မွန္းခ်က္ေတြကလည္း ကေလး အသက္အရြယ္နဲ႕လိုက္ဖက္မႈ ရွိရပါမယ္။

- လက္ေတြ႕လႈပ္ရွားမႈမ်ား

ထပ္ေျပာရရင္ ကေလးေတြက ကစားျခင္းကတစ္ဆင့္ သင္ယူမႈျပဳၾကပါတယ္။ သူတို႕ေလးေတြအေနနဲ႕ လက္ေတြ႕လႈပ္ရွားမႈေတြျဖစ္တ့ဲ စာအုပ္ေတြကိုင္ဖတ္ျခင္း၊ ဆက္စရာ ဘေလာ့တံုးမ်ား ဆက္ျခင္း၊ သခ်ၤာသင္ယူမႈအတြက္ ရည္ရြယ္တ့ဲ အသံုးခ်ကစားစရာမ်ားအား ေရႊ႕ျခင္း၊ သီးခ်င္းနားေထာင္ျခင္း၊ ကျခင္း စတာေတြကို ျပဳလုပ္သင့္ပါတယ္။ တစ္ေန႕တစ္ေန႕ စာေတြထုိင္ေရးေနရတာ ခ်ည္းသက္သက္ေတာ့ မျဖစ္သင့္ပါဘူး။

- သင္ယူမႈအတြက္ လိုအပ္ေသာအရာအားလံုးႏွင့္ မိတ္ဆက္ေပးျခင္း

ဂီတ၊ Arts & crafts ၊ စာအုပ္ေျမာက္ျမားစြာ၊ ေက်ာင္းစာအေရးအသားမ်ား (က၊ ခ၊ ဂ) ၊ ဘာသာစကားနဲ႕ သိပၸံစမ္းသပ္မႈေတြက ဥပမာအခ်ဳိ႕ပဲ ျဖစ္ပါတယ္။ ေန႕တိုင္း ဒီအေၾကာင္းအရာတစ္ခုခ်င္းစီကို သင္ၾကားေပးရ မယ္လို႕ေတာ့ မဆိုလိုပါဘူး။ ဒါေပမယ့္ မူႀကိဳသင္ရိုးကေတာ့ ကေလးေတြ ဘက္စံုသိနားလည္ေရးအေပၚ အေလးထားသင့္ပါတယ္။

ပညာေရးလမ္းညႊန္website တြင္ျမန္မာတစ္ႏုိင္ငံလံုးတြင္ ေျပာင္းလဲေနေသာ ပညာေရးအေျခအေနမ်ားအခမဲ့ ပညာေရးသင္ၾကားေပးေနသည့္ သင္တန္းေက်ာင္းမ်ား၊ ျပည္တြင္း၊ ျပည္ပပညာသင္ဆုမ်ား၊ ပညာေရးအတြက္ သင္တန္းမ်ား၊ အလုပ္ခြင္၀င္ရန္ လိုအပ္ေသာ သင္တန္းမ်ား စသည္တို႔ပါ၀င္ပါတယ္ေနာ္...။-

Tips Read 2136 times