**Unicode**
လူ့ဘဝမှာ နေထိုင်တဲ့အခါ အရွယ်(၃) ပါးရှိနေပါတယ်။ ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် စသဖြင့်ရှိပါတယ်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှုလည်း ရှိနေပါတယ်။ ချိတ်ဆက်မှုကောင်းလျှင် ရလဒ်ကောင်းများလည်း ရရှိလာနိုင်ပါတယ်။
အရေးကြီးသောအခြေနေတစ်ရပ်ရှိပါတယ်။ ကိုယ့်လျှောက်မယ့်လမ်းမှာ ကိုယ့်နဲ့တစ်သားရှိနေဖို့ လိုအပ်ပါတယ်။ လူတိုင်းတွင် မိမိ၏ ရင်တွင်းမှ ထွက်ပေါ်လာသော ခံစားချက်၊ ဖြစ်ချင်သောဆန္ဒ၊ ထပ်တူကျရန် ပြင်းထန်လှသော စိတ်ဓာတ်မျိုးဖြင့် ဘယ်အရာကိုမဆို လုပ်ဆောင်ရန် အရင်းခံသည့် " ဝါသနာ" လိုအပ်ပါတယ်။
ကိုယ့်လျှောက်မယ့်လမ်းမှာ ကိုယ်ရဲ့ရွေးချယ်ခြင်းတစ်ခုဟာ ကိုယ့်ဝါသနာနဲ့ ထပ်တူကျမယ်ဆိုရင် အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်ရှိနိုင်မှုရန် မြန်ဆန်ပါလိမ့်မယ်။ အဲ့ဒီလိုထပ်တူမကျနိုင်ဘူးဆိုရင်တော့ အောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်ရှိရန် အချိန်အတိုင်းအတာအနည်းငယ်ကြာမြင့်နိုင်ပါတယ်။ မရောက်ရှိနိုင်တာလဲ ဖြစ်နိုင်ပါတယ်။
ဥပမာ-ပထမအရွယ် ပညာသင်ကြားနေတဲ့ကလေးတစ်ယောက်ဆိုရင် သူအဓိကဘာကို ဝါသနာ ပါနေသလဲဆိုတာကို ဘယ်သူမှမသိနိုင်ဘူး။ သူကိုယ်တိုင်လဲ မသိနိုင်သေးဘူး။ ဒါဆိုရင်မိဘတွေအနေနဲ့ ကလေးရဲ့ အခြေအနေကိုလေ့လာစောင့်ကြည့်ပေးရပါမယ်။ ဂရုတစိုက်လေး မေးရန်လိုအပ်ပါတယ်။
သိတတ်အရွယ်ရောက်နေတဲ့ ကျောင်းသား/သူ ဆိုရင် မိမိကိုယ်တိုင်ဆန်းစစ်ပါ။ ကိုယ်ကဘာဖြစ်ချင်နေလဲ၊ ဘယ်လမ်းကြာင်းကိုလျှောက်ချင်လဲ၊ ကိုယ့်ရဲ့ ဝါသနာ ကဘာလဲဆိုတာကို သိအောင်လုပ်ပါ။မိမိဝါသနာနဲ့ကိုက်ညီမှုရှိတာကို ဦးစားပေးလုပ်ကိုင်ရန် လိုအပ်ပါတယ်။
ဘယ်အရာကိုမဆို ကိုယ်တိုင်ရွေးချယ်မှုဆိုတာ အဓိက အလွန်အရေးကြီးပါတယ်။ ဥပမာ- ဆယ်တန်းအောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဆိုရင် သူတက်ရောက်သင်ကြားလိုတာကတစ်ခု၊ သူ့အမှတ်နဲ့ တက်လို့ရတာကတစ်ခု၊ ဒါဆိုရင် သူဘာကိုရွေးချယ်မလဲ။ မြန်မာနိုင်ငံရဲ့ အနေအထားအရဆိုရင် သူဘွဲ့တစ်ခုခုရအောင်ယူမှ သာလျှင် သူ့အတွက် အဆင်ပြေမယ်လို့ စဉ်းစားကြမှာပါ။ ဘွဲ့ရရင် လုပ်ငန်းခွင်ဝင်ရန် အဆင်ပြေမယ်လို့ ထင်မြင်နေတယ်။
အတွေးအခေါ်ပိုင်းဆိုင်ရာမှာ နည်းနည်းလေး ပြောင်းလဲပြီးတွေးကြည့်စေချင်တယ်။ဥပမာ ဘောလုံးကန်တာကို အင်မတန် ဝါသနာပါတဲ့ကလေးတယောက်ဟာ သူအားတာနဲ့ကိုဘောလုံးကန်မှာပဲ။ တားလဲခဏပဲရမယ်။ သူစိတ်က ဝါသနာ ရှိနေတဲ့အတိုင်း သူသည်ဘောလုံးကန်ကိုကန်မှာပါ။ ဘောလုံးသမားဖြစ်နိုင်တာ မဖြစ်နိုင်တာသူတွေးမှာမဟုတ်ပါဘူး။ လက်ရှိမှာ ရပ်ကွက်အဆင့်လောက်လေး၊ မြို့နယ်အဆင့်လောက်လေး ကန်နေရရုံကို ကျေနပ်နေမှာပါ။ ဘောလုံးအကယ်ဒမီကျောင်းတက်ရမှ မဟုတ်ဘူး သူဝါသနာပါတာကို သူဆက်လက်လုပ်ဆောင်နေမှာပါ။ အဲဒီလိုစိတ်ဓာတ်မျိုး လူငယ်တွေကို အခြားပညာရေးအပိုင်းတွေမှာလဲ ရှိစေချင်တယ်။ ဘာပဲဖြစ်ချင်ဖြစ်ချင်ရအောင်လုပ်မယ်။ အောင်မြင်တာ၊ ကျရှုံးတာကို လက်ရှိမှာမစဉ်းစားစေချင်ဘူး။ ကိုယ်ဖြစ်ချင်တာ အဓိက ဖြစ်အောင်လုပ်ဖို့ပဲ လိုအပ်တာပါ။
ဥပမာ-ဆရာဝန်ဖြစ်ချင်တဲ့ကျောင်းသားတစ်ယောက်က အမှတ်မမီလို့ အင်ဂျင်နီယာပဲတက်ရတယ်ဆိုရင် ဆရာဝန်က ဘယ်လိုမှမဖြစ်နိုင်တော့ဘူးလား။ ဆေးနဲ့ပတ်သက်တာတွေကို လုံးဝစွန့်လွတ်ရမှာလား။ ဝါသနာမပါတဲ့ အင်ဂျင်နီယာကိုပဲလုပ်ရမလား။ ဘဝတစ်လျှောက်လုံး ဒီအင်ဂျင်နီယာနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမှာလား။ စဉ်းစားစရာဖြစ်လာနိုင်ပါတယ်။
Read More: သူနာပြုပါရဂူဘွဲ့သင်တန်းအတွင် လျှောက်လွှာခေါ်ယူခြင်း
ဒါဆိုရင်တဖက်က ဘွဲ့တစ်ခုကိုယူမယ်၊ ကိုယ်ဝါသနာပါတဲ့ ဆေးပညာကိုလဲ သင်တန်းတက်ပြီးသင်ယူမယ်။ မရရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားဖို့ပဲ လိုအပ်တာပါ။ အမှတ်မီလို့ ကိုယ်ဖြစ်တာတွေ ဖြစ်ခွင့်မရှိဘူး၊ ပညာမတတ်လို့ လုပ်ချင်တာတွေလုပ်ခွင့်မရှိဘူးဆိုတဲ့ နိမ့်ပါးတဲ့ အတွေးအခေါ်တွေကို စွန့်လွတ်ပစ်လိုက်ပါ။
ဆယ်တန်းအောင်ရုံလောက်ပဲနဲတင် ရိုးရိုးဘွဲ့ တစ်ခုထဲနဲ့တင် ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ ရနိုင်ပါတယ်။ ဆေးအမှတ်မရပဲ ဆေးနဲ့ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူတွေ အများကြီးပါ။ သင်ယူတယ်၊ လေ့လာတယ်၊ အသုံးချတယ် အဓိကသည် မိမိလုပ်ချင်တာကို ဖြစ်အောင်လုပ်ဖို့ပဲ။ ဝါသနာက အောင်မြင်မှုလမ်းကြောင်းကို ရောက်ရှိအောင်အဓိကတွန်းအားပေးတဲ့အရာပါ။
အခုတက္ကသိုလ်ဝင်တန်းအောင်လို့ တက္ကသိုလ်လျှောက်တဲ့ကျောင်းသား/သူ များ ဝါသနာပါရာကို အဓိကရွေးချယ်ပါ။ကိုယ်တိုင်တကယ်လက်တွေ့မှာ ဘာကိုလုပ်ကိုင်ချင်နေတာလဲ ဝါသနာကဘာလဲသိအောင်အရင်လုပ်ပါ။ မရရင် တခြားနည်းလမ်းနဲ့ အဲဒီလမ်းကို ရအောင်လျှောက်လှမ်းပါ။ မိမိဝါသနာနဲ့ ပညာနဲ့ တစ်ထပ်တည်းကျပြီဆိုရင်တော့ သင်ရဲ့အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းတဲ့အခါ များစွာသောအကူအညီ အထောက်အပံ့ရရှိနိုင်ပါတယ်။
**မိမိ၏ဘဝအတွေ့အကြုံနှင့် အသိအမြင်များအား ပေါင်းစပ်ရေးသားခြင်းဖြစ်ပါသည်။**
Authoress : Phyoe Hthazin Shwe
**Zawgyi**
လူ႔ဘဝမွာ ေနထုိင္တဲ့အခါ အရြယ္(၃) ပါးရွိေနပါတယ္။ ပထမအရြယ္၊ ဒုတိယအရြယ္၊ တတိယအရြယ္ စသျဖင့္ရွိပါတယ္။ တစ္ခုႏွင့္တစ္ခု ခ်ိတ္ဆက္မႈလည္း ရွိေနပါတယ္။ ခိ်တ္ဆက္မႈေကာင္းလ်ွင္ ရလဒ္ေကာင္းမ်ားလည္း ရရွိလာႏိုင္ပါတယ္။
အေရးႀကီးေသာအေျခေနတစ္ရပ္ရွိပါတယ္။ ကိုယ့္ေလ်ွာက္မယ့္လမ္းမွာ ကိုယ့္နဲ႔တစ္သားရွိေနဖို႔ လိုအပ္ပါတယ္။ လူတိုင္းတြင္ မိမိ၏ ရင္တြင္းမွ ထြက္ေပၚလာေသာ ခံစားခ်က္၊ ျဖစ္ခ်င္ေသာဆႏၵ၊ ထပ္တူက်ရန္ ျပင္းထန္လွေသာ စိတ္ဓာတ္မ်ိဳးျဖင့္ ဘယ္အရာကိုမဆို လုပ္ေဆာင္ရန္ အရင္းခံသည့္ " ဝါသနာ" လိုအပ္ပါတယ္။
ကိုယ့္ေလ်ွာက္မယ့္လမ္းမွာ ကိုယ္ရဲ႕ေရြးခ်ယ္ျခင္းတစ္ခုဟာ ကိုယ့္ဝါသနာနဲ႔ ထပ္တူက်မယ္ဆိုရင္ ေအာင္ျမင္တဲ႔လမ္းေၾကာင္းေပၚေရာက္ရွိႏိုင္မႈရန္ ျမန္ဆန္ပါလိမ့္မယ္။ အဲ့ဒီလိုထပ္တူမက်ႏိုင္ဘူးဆိုရင္ေတာ့ ေအာင္ျမင္တဲ႔လမ္းေၾကာင္းေပၚေရာက္ရွိရန္ အခ်ိန္အတိုင္းအတာအနည္းငယ္ၾကာျမင့္နိုင္ပါတယ္။ မေရာက္ရွိႏုိင္တာလဲ ျဖစ္ႏုိင္ပါတယ္။
ဥပမာ-ပထမအရြယ္ ပညာသင္ၾကားေနတဲ့ကေလးတစ္ေယာက္ဆိုရင္ သူအဓိကဘာကို ဝါသနာ ပါေနသလဲဆိုတာကို ဘယ္သူမွမသိႏိုင္ဘူး။ သူကိုယ္တိုင္လဲ မသိႏိုင္ေသးဘူး။ ဒါဆိုရင္မိဘေတြအေနနဲ႔ ကေလးရဲ႕ အေျခအေနကိုေလ့လာေစာင့္ၾကည့္ေပးရပါမယ္။ ဂရုတစိုက္ေလး ေမးရန္လိုအပ္ပါတယ္။
သိတတ္အရြယ္ေရာက္ေနတဲ့ ေက်ာင္းသား/သူ ဆိုရင္ မိမိကိုယ္တုိင္ဆန္းစစ္ပါ။ ကုိယ္ကဘာျဖစ္ခ်င္ေနလဲ၊ ဘယ္လမ္းၾကာင္းကိုေလ်ွာက္ခ်င္လဲ၊ ကိုယ့္ရဲ႕ ဝါသနာ ကဘာလဲဆိုတာကို သိေအာင္လုပ္ပါ။မိမိဝါသနာနဲ႔ကိုက္ညီမႈရွိတာကို ဦးစားေပးလုပ္ကိုင္ရန္ လိုအပ္ပါတယ္။
ဘယ္အရာကိုမဆို ကိုယ္တိုင္ေရြးခ်ယ္မႈဆိုတာ အဓိက အလြန္အေရးႀကီးပါတယ္။ ဥပမာ- ဆယ္တန္းေအာင္ျမင္တဲ့ေက်ာင္းသားတစ္ေယာက္ဆိုရင္ သူတက္ေရာက္သင္ၾကားလိုတာကတစ္ခု၊ သူ႔အမွတ္နဲ႔ တက္လို႔ရတာကတစ္ခု၊ ဒါဆိုရင္ သူဘာကိုေရြးခ်ယ္မလဲ။ ျမန္မာႏုိင္ငံရဲ႕ အေနအထားအရဆိုရင္ သူဘြဲ႔တစ္ခုခုရေအာင္ယူမွ သာလ်ွင္ သူ႔အတြက္ အဆင္ေျပမယ္လို႔ စဥ္းစားၾကမွာပါ။ ဘြဲ႔ရရင္ လုပ္ငန္းခြင္ဝင္ရန္ အဆင္ေျပမယ္လို႔ ထင္ျမင္ေနတယ္။
အေတြးအေခၚပိုင္းဆိုင္ရာမွာ နည္းနည္းေလး ေျပာင္းလဲၿပီးေတြးၾကည့္ေစခ်င္တယ္။ဥပမာ ေဘာလံုးကန္တာကို အင္မတန္ ဝါသနာပါတဲ့ကေလးတေယာက္ဟာ သူအားတာနဲ႔ကုိေဘာလံုးကန္မွာပဲ။ တားလဲခဏပဲရမယ္။ သူစိတ္က ဝါသနာ ရွိေနတဲ့အတိုင္း သူသည္ေဘာလံုးကန္ကိုကန္မွာပါ။ ေဘာလံုးသမားျဖစ္ႏိုင္တာ မျဖစ္ႏိုင္တာသူေတြးမွာမဟုတ္ပါဘူး။ လက္ရွိမွာ ရပ္ကြက္အဆင့္ေလာက္ေလး၊ ၿမိဳ႕နယ္အဆင့္ေလာက္ေလး ကန္ေနရရံုကို ေက်နပ္ေနမွာပါ။ ေဘာလံုးအကယ္ဒမီေက်ာင္းတက္ရမွ မဟုတ္ဘူး သူဝါသနာပါတာကို သူဆက္လက္လုပ္ေဆာင္ေနမွာပါ။ အဲဒီလိုစိတ္ဓာတ္မ်ိဳး လူငယ္ေတြကို အျခားပညာေရးအပိုင္းေတြမွာလဲ ရွိေစခ်င္တယ္။ ဘာပဲျဖစ္ခ်င္ျဖစ္ခ်င္ရေအာင္လုပ္မယ္။ ေအာင္ျမင္တာ၊ က်ရံႈးတာကို လက္ရွိမွာမစဥ္းစားေစခ်င္ဘူး။ ကိုယ္ျဖစ္ခ်င္တာ အဓိက ျဖစ္ေအာင္လုပ္ဖို႔ပဲ လိုအပ္တာပါ။
ဥပမာ-ဆရာဝန္ျဖစ္ခ်င္တဲ့ေက်ာင္းသားတစ္ေယာက္က အမွတ္မမီလို႔ အင္ဂ်င္နီယာပဲတက္ရတယ္ဆိုရင္ ဆရာဝန္က ဘယ္လိုမွမျဖစ္ႏုိင္ေတာ့ဘူးလား။ ေဆးနဲ႔ပတ္သက္တာေတြကို လံုးဝစြန္႔လြတ္ရမွာလား။ ဝါသနာမပါတဲ႔ အင္ဂ်င္နီယာကိုပဲလုပ္ရမလား။ ဘဝတစ္ေလ်ွာက္လံုး ဒီအင္ဂ်င္နီယာနဲ႔ပဲ အသက္ေမြးဝမ္းေက်ာင္းျပဳမွာလား။ စဥ္းစားစရာျဖစ္လာႏိုင္ပါတယ္။
Read More: သူနာျပဳပါရဂူဘြဲ႔သင္တန္းအတြင္ ေလ်ွာက္လႊာေခၚယူျခင္း
ဒါဆိုရင္တဖက္က ဘြဲ႔တစ္ခုကိုယူမယ္၊ ကိုယ္ဝါသနာပါတဲ့ ေဆးပညာကိုလဲ သင္တန္းတက္ၿပီးသင္ယူမယ္။ မရရေအာင္လုပ္မယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ ႀကိဳးစားဖို႔ပဲ လိုအပ္တာပါ။ အမွတ္မီလို႔ ကိုယ္ျဖစ္တာေတြ ျဖစ္ခြင့္မရွိဘူး၊ ပညာမတတ္လုိ႔ လုပ္ခ်င္တာေတြလုပ္ခြင့္မရွိဘူးဆိုတဲ့ နိမ့္ပါးတဲ့ အေတြးအေခၚေတြကို စြန္႔လြတ္ပစ္လိုက္ပါ။
ဆယ္တန္းေအာင္ရံုေလာက္ပဲနဲတင္ ရိုးရိုးဘြဲ႔ တစ္ခုထဲနဲ႔တင္ ကိုယ္လုပ္ခ်င္တာ ျဖစ္ခ်င္တာ ရႏိုင္ပါတယ္။ ေဆးအမွတ္မရပဲ ေဆးနဲ႔ပတ္သက္ၿပီး အသက္ေမြးဝမ္းေက်ာင္းျပဳေနတဲ့သူေတြ အမ်ားႀကီးပါ။ သင္ယူတယ္၊ ေလ့လာတယ္၊ အသံုးခ်တယ္ အဓိကသည္ မိမိလုပ္ခ်င္တာကို ျဖစ္ေအာင္လုပ္ဖို႔ပဲ။ ဝါသနာက ေအာင္ျမင္မႈလမ္းေၾကာင္းကို ေရာက္ရွိေအာင္အဓိကတြန္းအားေပးတဲ့အရာပါ။
အခုတကၠသုိလ္ဝင္တန္းေအာင္လို႔ တကၠသုိလ္ေလ်ွာက္တဲ့ေက်ာင္းသား/သူ မ်ား ဝါသနာပါရာကို အဓိကေရြးခ်ယ္ပါ။ကိုယ္တုိင္တကယ္လက္ေတြ႔မွာ ဘာကိုလုပ္ကိုင္ခ်င္ေနတာလဲ ဝါသနာကဘာလဲသိေအာင္အရင္လုပ္ပါ။ မရရင္ တျခားနည္းလမ္းနဲ႔ အဲဒီလမ္းကို ရေအာင္ေလ်ွာက္လွမ္းပါ။ မိမိဝါသနာနဲ႔ ပညာနဲ႔ တစ္ထပ္တည္းက်ၿပီဆိုရင္ေတာ့ သင္ရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းေပၚ ေလ်ွာက္လွမ္းတဲ႔အခါ မ်ားစြာေသာအကူအညီ အေထာက္အပံ့ရရွိနုိင္ပါတယ္။
**မိမိ၏ဘဝအေတြ႔အႀကံဳနွင့္ အသိအျမင္မ်ားအား ေပါင္းစပ္ေရးသားျခင္းျဖစ္ပါသည္။**
Authoress : Phyoe Hthazin Shwe